ရှမ်းပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ဖွဲ့နှင့် NLD တို့ တောင်ကြီးမြို့၌ တွေ့ဆုံ

ရှမ်းပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ဖွဲ့နှင့် NLD တို့ တောင်ကြီးမြို့၌ တွေ့ဆုံ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သုံးဦးနှင့် တိုင်းရင်းသားပါတီနှစ်ဖွဲ့တို့ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် NLD ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

NLDပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် သုံးဦးဖြစ်သော မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအင်တုံခါးနော်စံ တို့မှပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ညနေ ၃ နာရီတွင် တွေ့ဆုံခဲ့ပြီးနောက်  တအာင်း (ပလောင်) အမျိုးသားပါတီ ဆက်လက်တွေ့ဆုံခဲ့ခြင်းဖြစ်သည် =။  

 

“အနာဂတ် ဖဒရယ်နိုင်ငံတော်ပေါ်ထွန်းလာဖို့၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေလည်းပါမှာပေါ့၊ အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေး တန်းတူအခွင့် အရေးတွေ ရှေ့ဆက်ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မျှော်မှန်းထားတယ်” ဟု တအာင်း (ပလောင်) အမျိုးသားပါတီ ဒု-ဥက္ကဌ ဦးညီစိန်ကပြောသည်။

အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်၍ အောင်မြင်မည်ဟု ယူဆထားကြောင်းနှင့် NLD ဦးဆောင်၍တိုင်းရင်းသား တစ်ရပ်လုံးပါဝင်လာနိုင်ရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

 

“ဆွေးနွေးပွဲက အဆင်ပြေပါတယ်။ တိုင်းပြည်အတွက်ပဲ အားလုံးအဆင်ပြေအောင်တော့ ပြောရတာပေါ့” ဟု PNO ပါတီဥက္ကဌ ဦးခွန်စံလွင်က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဇန်နဝါရီ ၁၄ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွေ့ဆုံနိုင်ရန် စီစဉ်ထားသော်လည်း (SNLD) က တွေ့ဆုံရန်မသေချာသေးကြောင်း သိရပါသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...