“သိတဲ့အတိုင်းပဲ ၃၄ ပါတီ ကာကွယ်ရေးဦးစီးချုပ်က ခေါ်တယ်ဆိုတော့သွားတယ်။ ခေါ်တွေ့တာလေ။ ကျွန်တော်တို့က နယ်မြေဆင်းတွေ့တာလေ။ ခေါ်တွေ့တာမဟုတ်ဘူး.. မင်းတို့လာခဲ့စမ်းကွာ.. နေပြည်တော်၊ ရန်ကုန်ဆိုပြီး ခေါ်တွေ့တာမဟုတ်ဘူး”

“သိတဲ့အတိုင်းပဲ ၃၄ ပါတီ ကာကွယ်ရေးဦးစီးချုပ်က ခေါ်တယ်ဆိုတော့သွားတယ်။ ခေါ်တွေ့တာလေ။ ကျွန်တော်တို့က နယ်မြေဆင်းတွေ့တာလေ။ ခေါ်တွေ့တာမဟုတ်ဘူး.. မင်းတို့လာခဲ့စမ်းကွာ.. နေပြည်တော်၊ ရန်ကုန်ဆိုပြီး ခေါ်တွေ့တာမဟုတ်ဘူး”
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

NLD ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုနှင့် အင်တာဗျူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၊ တအာန်း (ပလောင်) အမျိုးသားပါတီတို့ ဇန်နဝါရီ ၁၃ ရက်က တောင်ကြီးမြို့ NLD ပြည်နယ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ PNO ပါတီနှင့်ဆွေးနွေးခဲ့သည့် အခြေအနေများ၊ မွန်၊ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံပွဲပျက်ခဲ့ရသည့် ဖြစ်စဉ်များ၊ ဆက်လက်၍တွေ့ဆုံမည့် တိုင်းရင်းသားပါတီနှင့်ပတ်သက်၍ NLD ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ရှမ်းပြည်ကပါတီပေါင်း ဘယ်နှစ်ခုနဲ့ တွေ့ဆုံဖို့ရှိပါသလဲ။

ဒေါက်တာအောင်မိုးညို - ကျွန်တော်တို့ ဒီမှာ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ တစ်ဦးစ၊ နှစ်ဦးစ ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ ဒေသခံတိုင်းရင်းသားပါတီတွေလဲရှိသေးတယ်။ ဒေသခံပါတီလို့ပြောရတာ တစ်ချို့ NLD ထဲက တိုင်းရင်းသားတွေက မကြိုက်ကြဘူး။ တိုင်းရင်းသားပါတီလို့ မသုံးစေချင်ဘူးတဲ့။ ပြည်နယ်ရဲ့ ဒေသခံပါတီလို့ပဲသုံးပါတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီ NLD ထဲက တိုင်းရင်းသားတွေ ဥပမာအားဖြင့် မွန်တို့၊ ကယားတို့ သူတို့လည်း တိုင်းရင်းသားပဲတဲ့။ အဲ့တော့ တိုင်းရင်းသားပါတီဆိုတဲ့ အသုံးအနှုန်းထက် ဒေသခံပါတီ ဆိုတာမျိုးသုံးပါဆိုပြီး ပြောတာတွေလဲရှိတယ်။ တစ်ယောက်နှစ်ယောက်နိုင်တဲ့ ပါတီလေးတွေလဲရှိတယ်။ လားဟူတို့ ဘာတို့ ၀ တို့နဲ့ ညကျမှ သူတို့နဲ့ ချိတ်ရမယ်။ သူတို့ကိုလည်း တွေ့နိုင်မယ်လို့ထင်တယ်။

မေး ။-  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ တအာန်း (ပလောင်) အမျိုးသားပါတီနဲ့တွေ့ဆုံမှုမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ။

ဒေါက်တာအောင်မိုးညို - သူတို့တင်ပြတာတွေက ပြည်ထောင်စု အဆင့် ကနေလုပ်ပေးမှ နိုင်မယ့် ကိစ္စတွေ လဲပါတယ်။ ဥပမာ လက်နက်ကိုင် ပဋိပက္ခကြောင့် အိမ်နေရာတွေ စွန့်ပြီးတော့ ထွက်ပြေးနေရတဲ့ လူတွေ အမြန်ဆုံးနေရပ်ပြန်ရောက် ဖို့ကိစ္စတို့ ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတို့၊ ဖယ်ဒရယ်ဒီမိုကရေစီလား၊ ဒီမိုကရေစီ ဖယ်ဒရယ်လားဆိုတဲ့ ကိစ္စတွေ ၊ အဲ့တာတွေကတော့ ပြည်ထောင်စုကလုပ်ပေးရမယ့် ကိစ္စတွေ တိုင်းရင်းသား ညီအစ်ကို ပါတီက တောင်းဆိုတဲ့ ထဲမှာ သူတို့ကို ပြည်နယ်အဆင့် လွှတ်တော် ၊ပြည်နယ်အဆင့် အစိုးရမှာသာမကပဲ ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့မှာပါ နေရာပေးစေချင်တယ် ပေါ့။ ဥပမာပြောရမယ်ဆိုရင် ၈၈ မတိုင်ခင်မှာ ဆိုရင် ပအိုဝ်း အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးထွန်းရင်လောဟာ ပြည်ထောင်စုအဆင့် မှာ သူက နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့တယ်ပေါ့။ ၈၈ နောက်ပိုင်းတော့ နေရာမရဘူးပေါ့။ အဲ့ဒါလေးတွေပါ ပြည်ထောင်စုကစဉ်းစားပေးစေချင်တယ်ပေါ့။ ကျွန်တော်တို့ အနေနဲ့လုပ်လို့မရဘူး။ ညီအစ်ကို တွေပြောတာကို ပြန်တင်ပြပေးမယ်ပေါ့။ နောက်တစ်ခါ တအာန်း (ပလောင်) အမျိုးသားပါတီက တင်ပြတဲ့ထဲမှာ အချက်တစ် ချက်က ဘာလဲဆိုတော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နဲ့ဒီဒေသခံတိုင်းရင်းသား နိုင်ငံရေးပါတီနဲ့ အချင်ချင်း ဆက်ဆံရေးသာမက အရပ်ဖက်စစ်ဖက်ဆက်ဆံရေးပါ အရေးကြီး ပါတယ်တဲ့။ ဘာလို့အဲ့လိုပြောရတာ တုန်းဆို တော့ သူတို့ကပြောတယ်။ လက်နက်ကိုင်တွေကြားမှာနေဖူးမှ သူတို့သိတာပါတဲ့။ လက်နက်ကိုင်ဆိုတာ မြန်မာ့တမ်မတော်ရှိတယ်။ EAO လို့ခေါ်တဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေရှိတယ်။ ပြည်သူ့စစ်ဆိုတာလဲရှိသေးတယ်။ နယ်ခြားစောင့် တပ်ဆိုတာ လဲရှိသေးတယ်။ အဲ့ဒါတွေနဲ့ပါ ကျွန်တော်တို့တိုင်းရင်းသား တွေနဲ့ ဆက်ဆံရေးကောင်းမှ သာလျှင် ပြည်ထောင်စုကပိုပြီး အေးချမ်းမယ်၊ သာယာမယ် ဆိုတဲ့ အချက်တွေ ရှိတယ်။ ဒါတွေက ပြည်ထောင်စုကလုပ်ရမယ့် ကိစ္စတွေ။

မေး - ပြည်နယ်အနေနဲ့တောင်းဆိုမှုတွေက ဘာတွေရှိမလဲ။

ဒေါက်တာအောင်မိုးညို -  ပြည်နယ်မှာ ကျွန်တော်သူတို့တောင်းဆိုတဲ့ ကိစ္စတွေက ပြည်နယ်အစိုး ဖွဲ့စည်းတဲ့ ကိစ္စရပ်မှာပဲ ဖြစ်ဖြစ်  ဒေသခံ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကို နေရာပေးသင့်ပါတယ် လို့အဲ့လိုပြောတာတွေရှိတယ် ။ မဖြစ်မနေနေရာပေးဖို့တောင်းဆိုတာမျိုးမရှိဘူး။ ကျွန်တော် တို့ကလည်း သူတို့ကို ဒါမတောင်းဆိုနဲ့ ဒါပဲတောင်းဆို ဆိုတာမျိုး မရှိဘူး ။ သူတို့ကို ကျွန်တော်တို့ကန့် သတ်ထား တာမျိုးမရှိဘူး ။ လာတာကိုက တိုင်းရင်းသားညီအစ်ကိုပါတီတွေ သူတို့ဘာ ပြောချင်တုန်း သူတို့ဘာခံစားရတုန်း ဆိုတာ သူတို့ဘာတွေ ဆန္ဒရှိတုန်း ကျွန်တော်တို့ က မှတ်သားမယ်။ ပြီးတော့ ဗဟို အလုပ်အမှုဆောင်တွေ ဆီကို ပြန်ပြီးတင်ပြမယ် အဲ့ဒီ သဘောလာတာ ။ အားလုံးအဆင်ပြေမယ့် သဘောရှိတယ် ။

မေး - မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဆွေးနွေးပွဲတွေ မအောင်မြင်တဲ့အပေါ်မှာ ဘာများပြောကြားချင်သေးလဲ။

ဒေါက်တာအောင်မိုးညို -  ကျွန်တော်တို့က သူတို့ ညီအစ်ကိုတွေပြောတာကို နားထောင်ချင်တာ နားထောင်ချင်တာကို ကျွန်တော်က သွားတယ်။ တကူးတက ကိုသွားတယ်။ သူတို့ပြောတဲ့ အသံ နားထောင်ချင်လို့။ ကဲ တယ်လီဖုန်းဆက်ပြီး ဘာတွေများဆန္ဒရှိတုန်း ကျွန်တော်တို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပါ ဘာဘာညာညာ တယ်လီဖုန်းနဲ့ လှမ်းမေးလဲ ရတယ် ။ သို့သော်လည်းပဲ သူတို့ နိုင်ထားတယ်။ သူတို့ ကို အသိအမှတ် ပြုတဲ့ အနေနဲ့ လေးစားတဲ့ အနေနဲ့ ကျွန်တော်တို့က အောက်ခြေအထိကို ဆင်းပြီးပြောတာလေ။ တစ်ချို့ အဖွဲ့အစည်းတွေကျ တော့ သိတဲ့ အတိုင်းပဲ ၃၄ ပါတီ ကာကွယ်ရေးဦးစီးချုပ် ကခေါ်တယ်ဆိုတော့သွားတယ် ။ ခေါ်တွေ့တာလေ။ ကျွန်တော်တို့က နယ်မြေဆင်းတွေ့တာလေ။ ခေါ်တွေ့တာမဟုတ်ဘူး.. မင်းတို့လာခဲ့စမ်းကွာ.. နေပြည်တော် ၊ ရန်ကုန်ဆိုပြီး ခေါ်တွေ့တာမဟုတ်ဘူး။ လေးလေးစားစားနဲ့ကို အသိအမှတ်ပြုပြီး ပြည်နယ်အထိအောင် မော်လမြိုင် အထိအောင် လွိုင်ကော်အထိကို ဆင်းပြီးတွေ့တာ အဲ့လိုမျိုး သူတို့ပြောတာကို နားထောင်ချင်တယ်။ ကျွန်တော်တို့က အထက်စီးက ဆက်ဆံသလား ညီလို အစ်ကို လိုလေးလေးစားစားနဲ့ဆက်ဆံတာလားဆိုတာ ဒီမှာ တွေ့ခဲ့ တဲ့ တိုင်းရင်းသား ညီအစ်ကို တွေကို မေးကြည့်ပါ ။ အဲ့တာဆိုသိလိမ့်မယ်။

မေး - SNLD ပါတီနဲ့ တွေ့ဆုံမှုအခြေအနေက ဘယ်လိုရှိလဲရှင့်။ 

ဒေါက်တာအောင်မိုးညို - တွေ့မှာ တွေ့မှာ ဒီမှာပဲတွေ့မယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...