ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး၊ ထိုစာရွက်စာတမ်းများ မဖျက်ဆီးမီ နိုင်ငံရေးပါတီများအား ပြသခဲ့

ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး၊ ထိုစာရွက်စာတမ်းများ မဖျက်ဆီးမီ နိုင်ငံရေးပါတီများအား ပြသခဲ့
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်တွင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ ဥပဒေထဲမှာပါတယ်။ ဥပဒေအရ နောက်တစ်ကြိမ်ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ ယခင်က ရွေးကောက်ပွဲကစာရွက်စာတန်းတွေ မီးရှို့မယ်ဆိုတာတွေ ပါတယ်။ ဥပဒေအတိုင်းပဲ လုပ်ဆောင်တာပါ၊ မီးမရှို့ခင်မှာ ပါတီတွေ၊ ရပ်ကျေးကော်မရှင်တွေ သူတို့ရှေ့မှာပဲ စစ်ဆေးခိုင်းတယ်။ သူတို့က အိုကေတယ်ဆိုမှ မီးရှို့တာပေါ့” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးထင်ကျော် ကပြောသည်။

ယင်းသို့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရွေးကောက်ပွဲ အဖွဲ့ခွဲရုံးတွင်း ဇန်နဝါရီ ၆ ရက်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအလိုက် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့ရှေ့တွင် မီးမရှို့မှီ စာရွက်စာတန်းများ၊ မဲလက်မှတ်အဟောင်းများကို ပြသခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...