NLD ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံရန်အသင့်ဟု မွန်ညီညွတ်ရေးပါတီပြော

NLD ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံရန်အသင့်ဟု မွန်ညီညွတ်ရေးပါတီပြော

NLD ကိုယ်စားလှယ်အဖွဲ့နှင့် လက်ခံတွေ့ဆုံရန်အသင့်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) ပြောရေးဆိုခွင့်ရှိသူ၊ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ် နိုင်လယိတမက ဒီဇင်ဘာ ၃၀ တွင် ပြောသည်။

"ကျွန်တော်တို့မှာလည်း လက်ခံတွေ့ဆုံဖို့ အဆင်သင့် ရှိပါတယ်" ဟု နိုင်လယိတမက ပြောသည်။

NLD ဘက်က တရားဝင်အကြောင်းကြားလာခြင်း လက်ရှိအချိန်ထိ မရှိသေးကြောင်း၊ ၎င်းတို့ဘက်မှ စတင်ဆွေးနွေးလာသည့်အပေါ် မူတည်လျက် တုန့်ပြန် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

"တွေ့ဖို့က သူတို့က တောင်းဆိုလာတာလေ၊ သူတို့ဘက်က ဆွေးနွေးစရာတွေ ပြောလာမှသာလျှင် လာတဲ့အပေါ်မူတည်ပြီးမှ ကျွန်တော်တို့ဘက်က ပြန်ပြီးဆွေးနွေးပါ့မယ်။ သူတို့က ဘာတွေဆွေးနွေးလာမလဲဆိုတာ ကျွန်တော်တို့လည်း နားထောင်ဖို့လိုသေးတာပေါ့" ဟု နိုင်လယိတမက ပြောသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သုံးဦး ဦးဆောင်သည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေဆုံဆွေးနွေးမည့်အဖွဲ့ကို NLD က မကြာသေးမီ ဒီဇင်ဘာ ဒုတိယပတ်က ဖွဲ့စည်းထားခဲ့ပြီး ယင်းအဖွဲ့တွင် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ သုံးဦးကို တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါ အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန် ဒီဇင်ဘာ ၃၀တွင် ခရီးစတင်မည်ဖြစ်ကြောင်း NLD ဒု-ဥက္ကဌ ၂ ဒေါက်တာ ဇော်မြင့်မောင်က ဒီဇင်ဘာ ၂၉ တွင် ပြောကြားထားသည်။

NLD ကိုယ်စားလှယ်အဖွဲ့သည် ဒေသခံ တိုင်းရင်းသားပါတီများနှင့် မတွေ့မီ ၎င်း တို့၏ အောင်နိုင်ရေးအဖွဲ့ အပါအဝင် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့နှင့် ဦးစွာ တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီ NLD အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းရန် ကြေညာထားပြီး  တိုင်းရင်းသား ပါတီများ ပူးပေါင်းပါဝင်ရန်လည်း ဖိတ်ခေါ်ကမ်းလှမ်းထားသည်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ မဲရလဒ်မှာ NLD ၃၁ နေရာ နှင့် MUP ၁၁ နေရာအနိုင်ရရှိထားသည်။

ထိုမျှသာမက တိုင်းရင်းသားကိုယ်စားလှယ်သုံးဦးဖြစ်သည့် ကရင်၊ ဗမာ၊ ပအိုဝ်း နေရာသုံးခုတွင်လည်း NLD ကပင် အနိုင်ရရှိထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...