ချင်းပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀ ဦး ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံး

ချင်းပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀ ဦး ရွေးကောက်ပွဲအာမခံကြေးဆုံးရှုံး

ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲအာမခံကြေးရှုံးဆုံးသူ ၆၀ ဦးရှိကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ မှသိရသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဝင်ခွင့်အတွက် တစ်ဦးလျှင် အာမခံကြေး ကျပ်သုံးသိန်းစီ ပေးသွင်းရပြီး သတ်မှတ်မဲရလဒ်ပြည့်မီမှသာ ပြန်လည်ထုတ်ယူခွင့်ရှိသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အနက် ကိုယ်စားလှယ်လောင်း ၆၀ သည် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံမရရှိကြသည့်အတွက် အာမခံကြေး ဆုံးရှုံးခဲ့ကြခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလောင်းတစ်ဦးမှာ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနဲ့အထက် မရရှိတဲ့သူတွေက အာမခံကြေးထားတာကို ထုတ်လို့မရဘူး ဥပမာ - ခိုင်လုံမဲ ရှစ်ထောင်ရှိတယ်ဆိုရင် တစ်ထောင်နဲ့အထက်ရတဲ့သူကို အဲဒီသုံးသိန်းကိုပြန်ပေးမှာပါ ထုတ်လို့မရတော့တဲ့ ကျန်ငွေကိုတော့ နိုင်ငံတော်ဘဏ်ငွေထဲပြန်သွင်းရပါတယ်” ဟု ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးကပြောသည်။

ရွေးကောက်ပွဲ အာမခံကြေးဆုံးရှုံးခဲ့ကြသူများမှာ မင်းတပ်ခရိုင်တွင် ၁၄ ဦး၊ ဖလမ်းခရိုင်တွင် ၂၇ ဦး၊ ဟားခါးခရိုင်တွင် ၇ ဦးနှင့် မတူပီခရိုင်တွင် ၁၂ ဦး စုစုပေါင်း ၆၀ ဦးဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...