ယခုနှစ်ရွေးကောက်ပွဲတွင် အားနည်းတချို့ရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မေစိုးကပြောသည်။
အဆိုပါ အားနည်းချက်များနှင့်ပတ်သက်၍ လာမည့်ရွေးကောက်ပွဲများတွင် ပြင်ဆင်နိုင်ရန် ရွေးကောက်ပွဲအပြီး တင်ပြခဲ့သည့်အစီရင်ခံစာတွင် ထည့်သွင်းရေးသား၍ တင်ပြထားကြောင်း ၎င်းက ပြောသည်။
“ကျွန်မတို့ကတော့ ရွေးကောက်ပွဲပြီးတော့ အစီရင်ခံစာတွေလုပ်တယ်ပေါ့နော်။ မြို့နယ်တိုင်းမြို့နယ်တိုင်းကတော့ ကိုယ်မြို့နယ် မှာဖြစ်သွားတဲ့ ထူးခြားဖြစ်စဉ်တွေက ဘယ်လိုမျိုးဆိုတာမျိုး ကိုတင်ပြတာပေါ့။ နောက်ဒီလိုမျိုးတွေမဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ အကြုံပြုချက်၊ သုံးသပ်ချက်တွေထဲမှာထည့်ရေးခဲ့ပါတယ်။ ရေးတယ်ဆိုတော့ မြို့နယ်တိုင်း မြို့နယ် တိုင်းက တက်လာတဲ့ အကြုံပြုသုံးသပ်ချက်တွေကို မူတည်ပြီးတော့ပြောင်းလဲပြီး ဆောင်ရွက် ပေးမယ်လို့တော့ မျှော်လင့်တာပဲ” ဟု မိုးညှင်းမြို့နယ်ရွေးကောက် ပွဲကော်မရှင် အရာရှိ ဒေါ်ခင်မေစိုး ကပြောသည်။
ရွေးကောက်ပွဲကာလတွင် အဓိကအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲက ထုတ်ပြန် သည့် ညွှန်ကြားချက်များ ရပ်ကျေးအဆင့်အထိအချိန်မီရောက်ရှိရန် နည်းပညာပိုင်း အားနည်းခြင်းများ ကြုံတွေ့ခဲ့ကြောင်းနှင့် နောက်ဆက်တွဲအနေဖြင့် ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော်ရန် ရပ်ကျေးအဆင့်တွင် အားနည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“UEC ကနေပြီတော့ ညွှန်ကြားချက်အမျိုးမျိုးထုတ်ခဲ့ပါတယ်။ ဒီလိုထွက်လာတဲ့ညွန်ကြားချက်ကို ကိုယ့်မြို့နယ်အောက်မှာရှိတဲ့ ရပ်ကျေးတွေကို ပြောရမှာကတော့ထုံးစံပဲလေနော်။ ဒါပေမဲ့ ရွေး ကောက်ပွဲကာလ ဖြစ်တဲ့အတွက် ကျွန်မတို့ကစာတွေထုတ်ပြန်ဖို့အချိန်မရှိဘူး။ နောက်ပြီး ရပ်ကျေးကို အစည်းအဝေးခေါ်ပြီး ဒါကတော့ ဘယ်လိုပါဆိုပြီးရှင်ပြဖို့အချိန်မရှိလည်းဘူး။ ဒါကြောင့်UECကနေထုတ် လာတဲ့ ညွှန်ကြားချက် တွေကိုViber Group ကနေပြီးတော့ ဆက်သွယ်ရပြီးပို့ရတာပါ။ ညွှန်ကြားချက် ထွက်လာပြီဆိုတာနဲ့ ရော့ဆိုပြီး ကျွန်မတို့ကနေတစ်ဆင့်ပေါ့ ရပ်ကျေးအကြောင်းကြားပေး တာတော့ရှိ တယ်။ ဒီ Viber Group ကနေပဲ ဆက်သွယ်ရတာ။ ဆက်သွယ်ရတော့ တစ်ချို့က ကလည်း လိုင်းပေါ်မှာ အမြဲမရှိတာမျိုးတွေရှိတယ်နေမှာပေါ့။ လိုင်ဖွင့်တဲ့အချိန်ကျမှပဲ ဒီညွှန်ကြားချက်တွေကိုမြင်တယ်။ မြေပြင်မှာတော့ အခက်အခဲကြုံမှာပဲ ကျွန်မတို့ မြို့နယ်ဆိုရင်လည်းမြို့နယ် အလိုက်ကြုံတာပဲ။ ရပ်ကျေးမှာဆိုလည်း ရပ်ကျေးအလိုက်ကြုံတာပဲ။ တကယ်တန်းလက်တွေ့ဆောင် ရွက်နေရတာသူတို့ ဆောင်ရွက်နေရ တာဆိုတော့လေ” ဟု အရာရှိ ဒေါ်ခင်မေစိုး ကပြောသည်။
ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အားနည်းချက်များကို ကြိုတင်မဲကောက်ခံသည့် အချိန်မှစ၍မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ယင်းသို့ကြိုတင်မဲကောက်ရာတွင် နည်းဥပဒေအရ တံဆိပ်တုံးဖြင့် ဆန္ဒမဲပေးရမည်ဖြစ် သော်လည်း ရပ်ကျေးကော်မရှင်တစ်ချို့က မှင်ဖြင့်ဆန္ဒမဲပေးခွင့်ပြုခဲ့မှုကြောင့် ပယ်မဲဖြစ်မည့်အနေအထားအထိ ဖြစ်ပေါ်ခဲ့ရကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မ ညွန်ကြား ချက်ထုတ်ပြန်ကာ မှင်ဖြင့်မဲပေးခြင်းကို ဖြေလျှော့ပေးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အမှားသေးသေးလေးတွေပေါ့။ ဥပမာ ဘောပင်နဲ့ခြစ်တဲ့ကိစ္စပေါ့။ နည်းဥပဒေမှာ ဖော်ပြထားတာကတော့ မဲရုံမှာပေးတဲ့မဲတွေနဲ့ ကြိုတင်မဲတွေ အကုန်လုံး UECကပေးတဲ့ တံဆိပ်တုံးထုရ မယ်ပေါ့လေ။ ဒါပေမယ့်လဲ တစ်ချို့ကျတော့ သင်တန်းတုန်းကမှာလိုက်တာတွေကိုလည်း နားထဲမ ရောက်တာရော၊ စာအုပ်ဖတ်ဖို့ အားနည်းတယ်ထင်တယ်။ အဲတာဆိုတော့ ဘောပင်နဲ့ချစ်လိုက်တာရှိ တယ်။ ဒါပေမယ့်နောက်ပိုင်းကျတော့ အခုအချိန်မှာ ကြိုတင်မဲကောက်ယူနေရတာဆိုတော့ Stay at home မြို့နယ်လည်း ဖြစ်တော့ ဘောပင်နဲ့ချစ်မိသွားတာတွေလဲရှိတယ်။ ကိုယ့်မြို့နယ်မှ မဟုတ် ပါဘူး။တခြားမြို့နယ်တွေမှာလည်းဖြစ်တယ်။ အဲအချိန်ကျတော့ ဒါက ကိုယ်ရဲ့ရပ်ကျေးကော်မရှင် ဘက် ကပေါ့လျော့မှုကြောင့်လည်းဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့ မဲဆန္ဒရှင်တွေ သူတို့မဲပေးထား တာ တွေ မဆုံးရှုံးအောင်လို့ဆိုပြီတော့မှ ပြန်ပြီးဖြေလျော့ပေးတဲ့အပိုင်းတော့ရှိပါတယ်။ ကျန်တဲ့အမှားအယွင်းတွေ တော့မရှိပါဘူး” ဟု၄င်းကပြောသည်။