မြဝတီခရိုင်တွင် အမျိုးသားလွှတ်တော်ဥက္ကဌအပါအဝင် ကိုယ်စားလှယ်လောင်းအားလုံး အသုံးစရိတ်တင်ပြ ပြီးစီး

မြဝတီခရိုင်တွင် အမျိုးသားလွှတ်တော်ဥက္ကဌအပါအဝင် ကိုယ်စားလှယ်လောင်းအားလုံး အသုံးစရိတ်တင်ပြ ပြီးစီး
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် အမျိုးသားလွတ်တော်ဥက္ကဌအပါအဝင် ကိုယ်စားလှယ်လောင်းများအားလုံး ရွေးကောက်ပွဲအသုံးစရိတ်ကိုတင်ပြမှု ပြီးစီးခဲ့ကြောင်း မြဝတီ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ဦးက ပြောသည်။

“ကိုယ်စားလှယ်လောင်းအားလုံး အသုံးစရိတ်တွေ တင်ပြီးသွားပါပြီး။ အမျိုးသားလွှတ်တော် ဥက္ကဌကြီးကတော့ သူ့ရဲ့ကိုယ်စားလှယ်က တဆင့်ရွေးကောက်ပွဲ အသုံးစရိတ်တင်ပြသွားပါတယ်” ဟု ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောသည်။

မြဝတီတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ငါးဦး၊ အမျိုးသားလွှတ်တော်တွင် အမှတ် - ၁၁ တွင် ကိုယ်စားလှယ်လောင်းခြောက်ဦးနှင့် အမှတ် - ၁၂ တွင် ကိုယ်စားလှယ်လောင်းခြောက်ဦး၊ ပြည်နယ်လွှတ်တော်အမှတ် - ၁ တွင် ကိုယ်စားလှယ်လောင်း ငါးဦး၊ ပြည်နယ်လွှတ်တော် အမှတ် - ၂ တွင် ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်မှာ အနည်းဆုံး ၁၇ သိန်းကျပ်မှအများဆုံး ၆၂ သိန်းကျပအတွင်းသာ ရကြောင်းနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း တရားဝင်တိုင်ကြားမှုများမရှိကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြဝတီခရိုင်တွင် မဲဆန္ဒသုံးခုစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့ပြီး မဲပေးမှုရာခိုင်နှုန်းသည် ကရင်ပြည်နယ်တွင် အနည်းဆုံးဖြစ်ကာ ပြည်သူ့လွှတ်တော်တွင် ၄၇.၈၃ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် အမှတ် - ၁၁ တွင် ၄၇.၂၅ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော် အမှတ် - ၁၂ တွင် ၄၇.၉၉ ရာခိုင်နှုန်းနှင့် ပြည်နယ်လွှတ်တော် အမှတ် - ၁ တွင် ၄၇.၃၈ ရာခိုင်နှုန်းနှင့် ပြည်နယ်လွှတ်တော် အမှတ် - ၂ တွင် ၄၈.၀၉ ရာခိုင်နှုန်းသာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...