ရွေးကောက်ပွဲအထူးရဲများထဲမှ နှစ်ဦးသာ ရဲတပ်ဖွဲ့တွင် ပြန်လည်ခန့်အပ်နိုင်ခဲ့ဟု မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့ပြော

ရွေးကောက်ပွဲအထူးရဲများထဲမှ နှစ်ဦးသာ ရဲတပ်ဖွဲ့တွင် ပြန်လည်ခန့်အပ်နိုင်ခဲ့ဟု မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့ပြော

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလခန့်အပ်ထားသည် အထူးရဲများထဲမှ နှစ်ဦးသာ ရဲတပ်ဖွဲ့၌ ပြန်လည်ခန့်အပ်နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

“မိုးညှင်းမြို့နယ်ထဲမှာတော့ ရွေးကောက်ပွဲကာလအတွင်းက ခန့်အပ်ထားတဲ့အထဲကမှ နှစ်ရောက် ကတော့ ပြန်လည်ခန့်အပ်ထားပါတယ်။ အခုသင်တန်းပြန်တက်နေပါတယ်။ တစ်ယောက်က မိုးညှင်းမြို့ပေါ်က ဖြစ်ပြီးတော့ တစ်ယောက်ကတော့ အင်းတော်ကြီးကဖြစ်ပါတယ်” ဟု မိုးညှင်းမြို့နယ်ရဲ့တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မိုးညှင်းမြို့နယ်တွင် အထူးရဲတစ်ရာကျော် ရွေးကောက်ပွဲကာလအတွင်းက ခန့်အပ်ခဲ့သော်လည်း ရွေး ကောက်ပွဲပြီး ဆုံးချိန်တွင် နှစ်ဦးသာ ခန့်အပ်နိုင်ခြင်းမှာ ကျန်အထူးရဲများသည် ရဲတပ်ဖွဲ့၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်းများကြောင့်ဖြစ်ကြောင်းသိရသည်။

“နှစ်ယောက်ပဲခန့်အပ်ခဲ့တာကလည်း တခြားသူတွေက အသက်အရွယ်ကြီးရင့်နေတာရယ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့မကိုက်ညီတာ တွေကြောင့်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုးညှင်းမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၀၆ ရုံရှိသောကြောင့် ရွေးကောက်ပွဲအထူးရဲ ၁၀၆ ယောက်ကို ရွေးကောက်ပွဲကာလအတွင်းသာ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် ဆန္ဒမဲပေးဖွင့်ရှိသူ ၁၆၀၇၈၃ ဦးရှိပြီး ကိုယ်စားလှယ်လောင်းများ၏ မဲရရှိမှုမှာ ၁၀၈၆၃၇ မဲဖြစ်ကာ NLD ကိုယ်စားလှယ်လောင်းများသာ အနိုင်ရရှိခဲ့ကြောင်းနှင့် မိုးညှင်းခရိုင်တွင် ပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၇ ဦးနှင့် တစ်သီးဂ္ဂလကိုယ်စားလှယ်လောင်း သုံးဦး ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...