မဲရုံသို့သွားစဉ် ပျောက်ဆုံးနေသည့်ဆရာအား တစ်လကျော်ကြာသည်အထိ ရှာမတွေ့သေး

မဲရုံသို့သွားစဉ် ပျောက်ဆုံးနေသည့်ဆရာအား တစ်လကျော်ကြာသည်အထိ ရှာမတွေ့သေး

ကချင်ပြည်နယ်တွင် ကျောင်းဆရာတစ်ဦး နောင်မွန်းမြို့နယ် ဒဇုံဒမ်ကျေးရွာရှိ မဲရုံ ၂၂သို့သွားစဉ် ပျောက်ဆုံးနေမှု တစ်လကျော်ကြာသည်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

 

ကျောင်းဆရာ ဦးရဲထွေးအောင်သည် ကချင်ပြည်နယ် နောင်မွန်းမြို့နယ် ဒဇုံဒမ်ကျေးရွာတွင်ဖွင့်လှစ် ထားသည့် မဲရုံအမှတ် (၂၂) ၌ မဲစာရင်းစစ်ရန်သွားရောက်စဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းပျောက်ဆုံးနေသည်မှာ ဒီဇင်ဘာ ၆ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီဖြစ်ကာ ဒီဇင်ဘာ ၇ ရက်တွင် မိသားစုက ၎င်းအား ပြန်လည်ရှာတွေ့စေရန် ရည်ရွယ်၍ ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“သူ့အတွက်ယတြာလုပ်ပေးတာပေါ့။ နောက်ပြီး ဘယ်သူသွားမေးမေး သူအသက်ရှင်နေသေးတယ်လို့ပဲပြောတယ်” ဟု ၎င်း၏မိသားစုဝင် မကြူကြူအေးက ပြောသည်။

 

အဆိုပါကျောင်းဆရာသည် လမ်းတွင် ရေချိုးဆင်းရာမှ ရေထဲမျှောပါသွားသည်ဟု သက်ဆိုင်ရာ ဌာနများက နိုဝင်ဘာ ၇ ရက်တွင် သတင်းပေးပို့ထားသည်ကို မိသားစုဝင်များအနေဖြင့် လက်ခံခြင်းမရှိပဲ အသက်ရှင် လျက်ရှိသေးသည်ဟု ယုံကြည်လျက်ရှိသည်။

 

“ပညာရေးဘက်ကတော့ အခုထိ ပျောက်ဆုံးနေတယ်လို့ပြောတယ်။ သူတို့ဘက်ကလည်း တတ်နိုင်သလောက် ရှာပေးနေတယ်လို့ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

ကျောင်းဆရာ ဦးရဲထွေးအောင်သည် အသက် (၂၅) နှစ်ရှိပြီဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်ကာ ယခုနှစ်မှ ပညာရေးဝန်ထမ်းအဖြစ် နောင်မွန်မြို့နယ်ရှိ တဆူထုကျေးရွာအလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးဖြစ်ကြောင်းသိရသည်။

 

အဆိုပါကျောင်းဆရာ ပျေက်ဆုံးမှုနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပူတာအိုခရိုင်မှာ ပညာရေးဌာနများက စုပေါင်း၍ ထောက်ပံ့ရေးငွေကျပ် နှစ်ဆယ့်တစ်သိန်းကျော်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ကငွေကျပ် ၁ဝ သိန်းကျပ်လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...