ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲပေးသူ သုံးသိန်းကျော်သာရှိ

ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲပေးသူ သုံးသိန်းကျော်သာရှိ
by -
ထွန်းခိုင် (နိရဥ္စရာ)

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး၌ မဲပေးခွင့်ရရှိသူဦးရေမှာ ၄၇၇၉၇၅ ဦးရှိပြီး ထိုအထဲတွင် မဲပေးသူဦးရေမှာ ၃၂၉၉၆၀ ဦးသာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြည်နယ်တွင် မဲပေးသူ ၃၂၉၉၆၀ ဦး၌ မဲရုံတွင်လာပေးသူမှာ ၂၅၁၄၀၂ ဦးနှင့် ကြိုတင်မဲပေးသူ ၇၈၅၅၈ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၆၉ ဒဿမ ၀၄ ရခိုင်နှုန်းရှိကြောင်း သိရသည်။ 

ထို့ပြင် ပယ်မဲမှာ ၁၂၅၅၀ ရှိပြီး ပျောက်မဲ ၂၄၉ မဲရှိကာ စုစုပေါင်းပယ်မဲ၊ ပျောက်မဲအရေအတွက် ၁၂၇၉၉ ရှိကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပယ်မဲ၊ ပျောက်မဲများကို ဖယ်လိုက်ပါက ရရှိသည့် ခိုင်လုံမဲမှာ မဲရုံမဲ ၂၃၉၅၂၉ မဲ၊ ကြိုတင်မဲ ၇၇၆၃၃ မဲရှိကြောင်း၊ သို့အတွက် ခိုင်လုံမဲ ရာခိုင်နှုန်းမှာ ၉၆ ဒဿမ ၁၂ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ် ရှိရာတွင် မြို့နယ် ကိုးမြို့နယ်ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံတို့တွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ဂွ၊ သံတွဲ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင်သာ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် မဲဆန္ဒနယ်တချို့ကို မဲပေးခြင်း ဖျက်သိမ်းခဲ့ကြောင်းနှင့် ကျန်မြို့နယ်နှစ်ခုဖြစ်သည့် တောင်ကုတ်မြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် မဲပေးနိုင်သူ တစ်သန်းခြောက်သိန်းလေးထောင်ကျော်ရှိပြီး မြို့နယ်ကိုးခုကို ပယ်ဖျက်ခဲ့သဖြင့် မဲဆန္ဒရှင် တစ်သန်းနှစ်သိန်းကျော်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...