“၂၀၀၈ ဖွဲ့စည်းပုံကိုမကြိုက်လည်းပဲ ပြည်သူလူထုကို ပိုပြီးတော့မှအကျိူးပြုနိုင်ဖို့၊ ကိုယ်ရဲ့ဒေသတွေကို ပြန်ပြီးတော့မှ အကာအကွယ်ပြုနိုင်ဖို့အတွက်ဆို လွှတ်တော်တစ်ခုပဲရှိတော့တယ်”

“၂၀၀၈ ဖွဲ့စည်းပုံကိုမကြိုက်လည်းပဲ ပြည်သူလူထုကို ပိုပြီးတော့မှအကျိူးပြုနိုင်ဖို့၊ ကိုယ်ရဲ့ဒေသတွေကို ပြန်ပြီးတော့မှ အကာအကွယ်ပြုနိုင်ဖို့အတွက်ဆို လွှတ်တော်တစ်ခုပဲရှိတော့တယ်”
by -
နော်ဒွေးအယ်ခူ (KT)

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်အယ်ဗလင်းနှင့်အင်တာဗျူး

ယခုနှစ်ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်အသီးသီး၌ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုမှာ ယခင်ရွေးကောက်ပွဲထက် လေးရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရသည်။ ထိုအမျိုးသမီးကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးအရေးကို လွှတ်တော်အတွင်း မည်သို့ဆောင်ရွက်နိုင်မလဲဆိုသည့် အခြေအနေများနှင့်ပတ်သက်၍ ကယားပြည်နယ်ဒီ မိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် အနိုင်ရခဲ့သည့် ဒေါ်အယ်ဗလင်းအားယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။    ။ အမျိုးသမီးကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်နယ်လွှတ်တော်ဘယ်လောက်အထိ လုပ်ဆောင်နိုင်မယ် ယုံကြည်ထားလဲ။ အခက်အခဲရှိနိုင်လား။

ဖြေ။     ။ အလုပ်လုပ်တဲ့အချိန်မှာ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာပဲပြောပြော၊ မိသားစုထဲမှာပဲ ပြောပြောကိုယ့် ကိုအမျိုးသမီးတစ်ဦးပါဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်တစ်ခါမှမမြင်ခဲ့ဖူးဘူး။ အမျိုးသားလည်းလူပဲ၊ ကိုယ်လည်း လူ ပဲဆိုတဲ့ အနေအထားမှာကတော့ အခု လွှတ်တော်အသိုင်းအဝိုင်းမှာပါ အမျိုးသမီး တစ်ယောက်ဖြစ်လို့ဆိုပြီး စိန် ခေါ်မှုအနေနဲ့ကတော့ မရှိဘူး။ အမျိုးသားတွေနဲ့ တန်းတူပဲ သူများလုပ်နိုင်သလို ကိုယ်လည်းလုပ်နိုင်မယ်လို့ ကောင်းကောင်းယုံကြည်ထားပါတယ်။ ဒါကြောင့်မလို့ အမျိုးသမီးဖြစ်တဲ့အလျောက် ဒါကစိန်ခေါ်မှုကြီးပါဆိုပြီး တော့ ခြိမ်းခြောက်နေတဲ့ကိစ္စမျိုး ကိုယ်ကိုခံစားနေရတာတော့ မရှိပါဘူး။

မေး။    ။ အရင်ကဆိုရင် ကယားပြည်နယ်လွှတ်တော်မှာ အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။     ။ကယားပြည်နယ်လွှတ်တော်မှာ ၂၀၁၀ကနေ ၂၀၂၀အထိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဆိုတာ မ ရှိခဲ့ဖူးဘူး။ ကယားပြည်နယ်မှာပေါ့။ ၂၀၂၀မှာ ကျွန်မအပါအဝင် USDP ကအမျိုးသမီးကိုယ်စားလှယ် တစ်ဦး လည်းပါလာတယ်။ သူ့နဲ့ အတူတူအမျိုးသမီးရေးရာနဲ့ပတ်သတ်ပြီးတော့မှ လွှတ်တော်ထဲမှာ ကောင်းကောင်း မွန် မွန်ပူးပေါင်းဆောင်ရွက်နိုင်မယ်။ လွှတ်တော်ထဲမှာရောက်သွားတာနဲ့ ပထမဦးဆုံးအမျိုးသမီးအတွက် ဘာလုပ်ပေး ချင်လဲဆိုရင်တော့ အဓိကကတော့ လက်ရှိကယားပြည်နယ်(ကရင်နီပြည်နယ်)မှာ အမျိုးသမီး အင်အားထုတွေရှိ တယ်၊ လူမှုအသိုင်းအဝန်းမှာ အမျိုးသမီး အဖွဲ့အစည်းတွေ အများကြီးရှိတယ်၊ CSOတွေမှာမအမျိုးသမီး ထုတွေ အများကြီးရှိတယ်။ ဒါအပြင်ဒေသခံအမျိုးသမီးထုကို ကိုယ်စားပြုနေတဲ့အမျိုးသမီးတွေလည်း အများကြီး ရှိတယ်၊ ပြီးရင် နိုင်ငံရေးပါတီတွေထဲမှာလည်း အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေရှိတယ်။ ဆိုတော့ မတူကွဲ ပြားနေ တဲ့အမျိုးသမီးနောက်ခံတွေကနေပြီးတော့မှ စုစည်းမှုတစ်ရပ်ကို အမတို့ဖန်တီးရလိမ့်မယ်။ အမျိုး သမီးတွေ အဓိကဘာတွေလိုအပ်ချက်ရှိနေလဲ။ ဘယ်ဥပဒေတွေကိုပြောင်းလဲဖို့လိုအပ်နေသလဲ၊ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါ၀င်လာနိုင်ဖို့အတွက် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ဘာကိုစပြီး တော့ အကောင်အထည်ဖောင်ဆောင်ရွက်သင့်သလဲဆိုတာ အမျိုးသမီးတွေကြားကနေ အသံတွေထွက်ပေါ်လာဖို့ ဆိုတာ ဒီလိုမျိုးပြုစုမှုတွေကို ပထမဆုံးလုပ်ရလိမ့်မယ်။ ဆိုတော့ အမျိုးသမီးအင်အားစုတွေကနေ အများစုကသ ဘောတူပြီးတော့မှ လာမယ့်ငါးနှစ်အတွင်းမှာ ဖြစ်သင့်တဲ့ ဗျူဟာလေးတွေကို ကျွန်မတို့လွှတ်တော်ထဲမှာ သွား ပြီးတော့ အတည်ပြု ဆွေးနွေးပေးဖို့လုပ်မယ်။

မေး။    ။ နောက်တစ်ချက်က ဒေါ်အယ်ဗလင်းအနေနဲ့၂၀၀၈ အခြေဥပဒေကို ကန့်ကွက်ခဲ့သူတစ်ယောက် ဖြစ်တယ်။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံးကနေဖြစ်လာတဲ့ ရွေးကောက်ပွဲကို ဘာကြောင့်ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။

ဖြေ။     ။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ပေမယ့်လည်း သူ့ရဲ့အောက်မှာကို ကျွန်မတို့ လူငယ်လှုပ်ရှားမှု တွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ကိုင်နေခဲ့ကြတယ်ပေါ့။ ဆိုတော့ လက်နက်ကိုင်အင်အားစုတွေလဲ ဒီလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကို အပစ်အခက်ရပ်စဲရေးတွေလုပ်နေကြရတယ်။ မကြိုက်သော်လည်းပဲ ဒီနေ့ဒီအချိန်မှာ ဒီဟာကိုကိုင်ပြီးတော့မှ ပြည်သူလူထုကို အုပ်ချုပ်နေတဲ့အခြေအနေအောက်မှာ ကျွန်မတို့အနေနဲ့ လွှတ်တော်ပြင်ပကနေ လှုပ်ရှားခဲ့တာလဲ နှစ်အတော်ကြာနေပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်လည်းပဲ ပြည်သူလူထုကို ပိုပြီးတော့မှအကျိူးပြုနိုင်ဖို့၊ ကိုယ်ရဲ့ဒေသတွေကို ပြန်ပြီးတော့မှ အကာအကွယ်ပြုနိုင်ဖို့အတွက်ဆို လွှတ်တော် တစ်ခုပဲရှိတော့တယ်။ အဲ့ဒါကြောင့်မို့ ကျွန်မတို့ လူငယ်တွေအနေနဲ့ ခွဲပြီးတော့မှ ကျရာတာဝန်ကို ယူရမယ့်အချိန်ရောက်လာပြီ။ ဒါကြောင့် ကျွန်မအနေနဲ့ ပါတီနိုင်ငံရေးနဲ့ လွှတ်တော်ထဲမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့၊ ကာကွယ်ပေးနိုင်ဖို့ပါ။

မေး။    ။ ဖရူဆိုအနောက်ဘက်ခြမ်းမဲဆန္ဒနယ်မှာ လက်နက်ကိုင်အဖွဲ့အစည်း သုံးခုရှိတယ်။ ဒါကြောင့် ဒေသဖွံ့ဖြိုးရေးတွေ၊ ငြိမ်းချမ်းရေးတွေကို ဒီအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိမလား။

ဖြေ။     ။ ရှေ့လုပ်ဆောင်သွားမဲ့ လုပ်ငန်းစဉ်တွေမှာ လက်နက်ကိုင်အဖွဲ့စည်းတွေရဲ့ သဘောထားတွေမပါလို့ မရ ဘူး၊ CSO တွေရဲ့ သဘောထားတွေမပါလို့ မရဘူး။ လူငယ်၊ အမျိုးသမီးတွေနဲ့ ဒေသခံ လူအသိုင်းအဝန်းရဲ့ သဘော ထားတွေမပါလို့ မရဘူး။ ဆိုတော့ သူတို့ရဲ့ သဘောထားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြစ်သင့်မဖြစ်သင့် ဆိုတာက တော့ အဓိက လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။ လက်နက်ကိုင်အင်အားစုတွေက ဖရူဆိုအနောက်ဘက် ခြမ်းမှာဆိုရင် သုံးဖွဲ့ ရှိတယ်။ ဒီသုံးဖွဲ့ကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အထူးသဖြင့် သူတို့က ထဲထဲဝင်ဝင် ပါဝင်လိမ့်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ထားတယ်။

မေး။    ။ ဒေါ်အယ်ဗလင်းတို့ ပါတီအနေနဲ့ ပြည်နယ်လွှတ်တော်နေရာမှာ သုံးနေရာပဲ အနိုင်ရရှိခဲ့တာဆိုတော့ ပြည်နယ်မှာ အဆိုတွေတင်သွင်းတဲ့အပိုင်းမှာ အခက်အခဲရှိနိုင်လား။ ပြည်နယ်အရေးတွေကို ဆောင်ရွက်တဲ့နေရာ မှာ တခြားပါတီတွေနဲ့ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိလား။ဘယ်လို စီစဉ်ထားလဲ။

ဖြေ။     ။ ပြည်သူလူထုကောင်းကျိုးနဲ့ ပတ်သတ်ပြီးတော့မှ မည်သည့်အဖွဲ့အစည်းနဲ့မဆို ကျွန်မတို့တွေ ပူးပေါင်းဆောင်ရွက်သင့်တဲ့အေနအထားဖြစ်တယ်။ မူဝါဒရေးရာအရ ဒီမိုကရေစီအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားတွေရှိလိမ့်မယ်။ သို့ပေမယ့် လုပ်ငန်းစဉ်တစ်ခုခြင်းစီအနေနဲ့ ပြည်သူလူထုကို အကျိုးရှိမယ့် လုပ်ငန်းတွေကတော့ မည်သည့်အဖွဲ့အစည်းပုဂ္ဂိုလ်နဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ သင့်တော်တဲ့အနေအထားဖြင့်ပါတယ်။ ဒါကိုလည်း လူထုတွေက လိုလားမယ်လို့မျှော်လင့်တယ်ပေါ့နော်။ ဆိုတော့ သုံးဦးထဲပါလို့ အမတို့ရဲ့ အဆိုတင်သွင်းမှုတွေက အနှောက်အယှက် အဟန့်အတားဖြင့်နိုင်မလားဆိုတဲ့အပေါ်မှာ ဖြစ်နိုင်ပါတယ်။ ကိုယ့်အမြင်က ပြည်သူလူထုတွေရဲ့ကောင်းကျိုးအတွက်ကိုမြင်ပြီးတော့မှ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် အဆိုပြုလိုက်တဲ့အခါမှာ တစ်ဖက်လူရဲ့ အမြင်ကတော့ တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့ပေမယ့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးတဲ့အြမင်တစ်ခုအပါ်မှာကိုပဲ တူညီတဲ့ ဘုံအမြင်တစ်ခုပေါ်မှာပဲ အဆိုတင်သွင်းမယ်ဆိုရင်တော့ ဒါကတော့ လွယ်ကူနိုင်မယ့် အနေအထားပဲ ဖြစ်ပါလိမ့်မယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...