ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည်များ UEC လွဲမှားထုတ်ပြန်

ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည်များ UEC လွဲမှားထုတ်ပြန်
by -
စိုင်းထွန်းစံ (MNA)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က တိုင်းနှင့်ပြည်နယ်အလိုက် မဲရလဒ်များကို ထုတ်ပြန်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရွေးကောက်ခံရသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို လွဲမှားထုတ်ပြန်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ခံရသည့်လွှတ်တော် ကိုယ်စားလှယ်များကို ယနေ့နံနက်၌ ကြေညာချက်အမှတ် (၂၂၅/ ၂၀၂၀) ဖြင့် ထုတ်ပြန်ရာတွင် မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်ခဲ့ရကြောင်းသိရသည်။

"ပြည်နယ်နဲ့ တိုင်းက ကြေညာချက်ကတော့ အတည်ပဲလေ။ သူတို့က Error တွေ လွဲလို့ ဖြစ်မှာပေါ့။ မှတ်ချက်ပေးစရာတော့ မရှိပါဘူး” မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် ကပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ် မဲဆန္ဒနယ်အမှတ် ၂ တွင် ရွေးကောက်ပွဲအနိုင်ရခ ဲ့သည့် မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမ အမည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်တင်အေးအမည်ကို လွဲမှာဖော်ပြခဲ့ခြင်းဖြစ်သည်။

“ကြေညာတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတင်အေးဖြစ်နေတယ်။ အဲဒီတော့ ဘယ်နေရာမှာ ဘယ်လို မှားသလဲတော့ မပြောတတ်ဘူး။ ဘာမှတော့ ပါတီအနေနဲ့ ပြောတာမရှိသေးဘူး။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရတော့ စီမံခန့်ခွဲတာ ဘယ်လိုတွေဖြစ်နေသလဲလို့ စိတ်ထဲတော့ မေးခွန်းပေါ်တာပေါ့” သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီမှ နိုင်မင်းလတ်ကပြောသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလေးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် ၁ နှင့် အမှတ် ၂ တွင် ကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သံဖြူဇရပ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်မြတ်သီတာထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညဏ်ဟိန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမြင့်ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမတို့က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ၎င်းကြေညာချက်ထဲတွင်  နောက်ထပ်လွဲမှားမှုအဖြစ် သံဖြူဇရပ် မဲဆန္ဒနယ်အမှတ် ၁ တွင် ရွေးကောက်ခံရသည့် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်းအမည်ကို မှားယွင်းဖော်ပြခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...