ကယားတွင် မြို့နယ်လေးခုတွင် NLD ပါတီ မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိ

ကယားတွင် မြို့နယ်လေးခုတွင် NLD ပါတီ မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် မြို့နယ်လေးမြို့နယ်တွင် NLD က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံခွဲများထံမှ သိရသည်။

အဆိုပါပြည်နယ် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုယှဉ်ပြိုင်သည့် မယ်စဲ့မြို့နယ်အပါအဝင် လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ဖားဆောင်းမြို့နယ်တို့တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင်မြို့နယ် ခုနစ် မြို့နယ်ရှိပြီးမဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် လက်ရှိတွင် NLD မှ ၂၀ နေရာ၊ KySDP မှ ရှစ်နေရာ၊ USDP မှ ခြောက်နေရာတွင် အနိုင်ရရှိထားကြောင်းသိရပြီး ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် KySDP မှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အားလုံးပေါင်း ငါးနေရာနှင့် ရှားတောမြို့ မဲဆန္ဒနယ်သုံးနေရာတွင် အနိုင်ရရှိထားပြီး USDP မှ ဘောလခဲမြို့နယ်မဲဆန္ဒနယ်အားလုံး ငါးနေရာနှင့် ရှားတောမြို့မဲဆန္ဒနယ်တွင် တစ်နေရာ အနိုင်ရရှိထားကြောင်းနှင့် လက်ရှိစာရင်းအရ NLD အနေဖြင့် ၎င်းပြည်နယ်တွင် ယခင်ရွေးကောက်ပွဲကထက် အနိုင်ရသည့်နေရာ အနည်းငယ်လျော့နည်းသွားခဲ့ကြောင်း သိရသည်။

ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ရှိမဲဆန္ဒနယ် ၃၄ နေရာတွင် NLD က ၂၆ နေရာဖြင့်အများဆုံး အနိုင်ရရှိထားခြင်းဖြစ်ပြီး ၎င်းနောက်တွင် USDP က ခုနစ်နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...