ကွာရန်တင်းဝင်နေသူများအတွက် ကြိုတင်ဆန္ဒမဲပေးရေးဆောင်ရွက်မှု အခက်အခဲတွေ့

ကွာရန်တင်းဝင်နေသူများအတွက် ကြိုတင်ဆန္ဒမဲပေးရေးဆောင်ရွက်မှု အခက်အခဲတွေ့

ချင်းပြည်နယ်တွင် ကိုဗစ်ကြောင့် ကွာရန်တင်းဝင်ရောက်နေကြသည့် ပြည်သူများအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအပိုင်းတွင် အခက်အခဲတချိူ့ကြုံ တွေ့နေရကြောင်း ချင်းပြည်နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှသိရသည်။

“သူတို့အနေနဲ့ ပုံစံ ၁၅ ကိုလျှောက်ထား တဲ့နေရာမှာ ကွာရန်တင်းဝင်နေတဲ့ မဲဆန္ဒရှင်ကိုယ်တိုင်ကလက်မှတ်ထိုး ရတယ်။ အဲ့တာတွေကို ကြားထဲကနေပြီး မှဆောင်ရွက်ပေးတာ နည်းနည်းအခက်အခဲရှိတယ်။ သက်ဆိုင်ရာ ကွာရန်တင်းစင်တာ ကြီးအမှုးတွေကလည်း ဆောင်ရွက်ပေးဖို့ကသူတို့လည်း နည်းနည်းလန့်နေတဲ့အနေ အထားမှာရှိတယ်။ ကွာရန်တင်းစင်တာကို ကြိုတင်မဲရယူဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ ပုံမှန်လုပ်ငန်းစဉ်အ တိုင်းမဟုတ်ပဲ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ထပ်ပြီးတော့လုပ်ဆောင်ရတဲ့အတွက် အဲ့ဒီအပိုင်းမှာဝန်ထုပ် ဝန်ပိုး ကပိုပြီးတော့များသွားတယ်” ဟု ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ကွာရန်တင်း (အသွားအလာကန့်သတ်ထားသူ)ဝင်ရောက်နေသူများအားလုံး ကြိုတင်ဆန္ဒမဲပေးနိုင် ရေးကို သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ကွာရန်တင်းစင်တာရှိ တာဝန်ရှိပုဂ္ဂိုလ်များ မှ ဆောင်ရွက်သွားကြမည်ဖြစ်သည်။

“ဒီလ ၂၅ ရက်နေ့ကနေ ဝင်တဲ့သူတွေကို ကျွန်တော်တို့ ကြိုတင်မဲဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကွာရန်တင်းဝင် တဲ့ကာလက ၁၄ ရက်ဆိုတော့ ဒီလ ၂၅ ရက်နေ့မှာ ကွာရန်တင်းထပ်ဝင်တဲ့သူက ရွေးကောက်ပွဲနေ့ကို မီတော့မှာမဟုတ်တဲ့အတွက် ၂၅ ရက်နောက်ပိုင်းဝင်တဲ့သူအားလုံးကို ကျွန်တော်တို့ သူရဲ့သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေ နဲ့ချိတ်ဆက်ခိုင်းပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု ဦးထောင်းဇဆန်းက ပြောသည်။

ကိုဗစ်ရောဂါမှကာကွယ်နိုင်ရန်နှင့် ကူးစက်နိုင်ခြေအနည်းဆုံးဖြစ်ေစရန်အတွက် အသက် ၆၀ အထက် မဲဆန္ဒရှင်ပြည်သူများသည်လည်း အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထား သည်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးဦးလင်းကျော်က “အသက် ၆၀ အထက်မဲဆန္ဒရှင်တွေ ဆန္ဒမဲကို ရုံးကိုလာပေးလို့ရတယ်။မဲရုံတွေမှာလာပေးမယ်ဆိုရင်လည်းရတယ်၊ နောက်တခုက အိမ်မှာပဲရှိပြီး ကျန်း မာရေး အခြေအနေအရ ရပ်ကျေးကော်မရှင်ရုံးကိုလည်းမလာနိုင်ဘူး မဲရုံကိုလည်းမလာနိုင်ဘူး ဆိုရင်တော့ သတင်းပို့ တယ်ဆိုရင်ကျွန်တော်တို့ ရပ်ကျေးကော်မရှင်တွေက အိမ်တိုင်ရာရောက်သွားပြီးတော့ ကြိုတင်မဲပေး ဖို့အတွက်ကို စီးစဉ်ပေးသွားဖြစ်ပါတယ်’’ ဟု ပြောသည်။

ထို့အပြင် အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် မိမိနေရပ်သို့မပြန်နိုင်ကြသည့်ပြည်သူများ အတွက် လည်း မဲပေးခွင့်မဆုံးရှုံးစေရန် ပုံစံ ၁၅ ဖြင့် လျှောက်ထားက မိမိရောက်ရှိရာ အရပ်ဒေသတွင်မဲပေးနိုင် မည် ဖြစ်သည်ဟု ဦးလင်းကျော်ကဆက်လက်ပြောသည်။

ချင်းပြည်နယ်မြို့နယ် အသီးသီးတွင် အသွားအလာကန့်သတ်ထားရှိသူ (Facility Quarantine) ၃၀၃ ဦးရှိပြီး Home Quarantine ၁၃၆ ဦးရှိပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၃၂၆၉၈ ဦးရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...