ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများစိုးရိမ်

ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများစိုးရိမ်

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိကြောင်း ခူမီးချင်းမျိူးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် AAတို့ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲအ ပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိူးနွယ်စုအဖွဲ့ အစည်း ခုနစ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ခူမီးချင်းမျိူးနွယ်စုများရေးရာေပါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ပြောရေးဆိုခွင့်ရှိသူ ကိုစောမြက “ကျွန်တော်တို့နယ်မှာ AA တွေလည်းလှုပ်ရှားနေတုန်းဆိုတော့လေ။ မဲဆွယ်စည်းရုံးရေးတွေလည်း ကောင်းကောင်းမလုပ်နိုင်ဘူး။ ရွေးကောက်ပွဲအသိပညာပေးမှုတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး ။ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ငန်းစဉ်တွေမှာ လည်းနှောင့်နှေးတယ်ပေါ့ဗျာ။ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရကန့်သတ်ထားတာတွေရှိတယ်။ အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျွန်တော်တို့အထူးစိုးရိမ်မိတယ်’’ ဟုပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၆၂၈၄၅ ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ် မဲစာရင်းကြေညာချက်အရ သိရသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ ငါးခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီခြေက်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့် လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လူထု၏ အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့် နိုင်ငံရေးလမ်းစဉ်တစ်ခုဖြစ်သောေကြာင့် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက ဒေသတွင်းကိုယ်စားပြုမှုပျောက်ဆုံးသွားနိုင်မည့်အရေးကို များစွာစိုးရိမ်မိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

“တကယ်လို့ ပလက်ဝမြိ့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကိုယ်စားပြုမှုကပျောက်သွားမယ်။ ပလက်ဝနယ်က ချင်းပြည်နယ်လူဦးရေရဲ့ ၅ ပုံ ၁ ပုံက ပလက်ဝနယ်မှာရှိတယ်။ အဲဒီ ငါးပုံတစ်ပုံသော ကိုယ်စားပြုမှုကို ပျောက်သွားမယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားတာလည်း ပိုဆိုးသွားနိုင်တယ်။ ဘာလို့လည်းဆိုရင် ပြောပေးဆိုပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက မရှိတော့ဘူးဆိုရင်တော့လေ။ ဒေသခံပြည်သူတွေအနေနဲ့လည်း အစိုးရအပေါ် ယုံကြည်မှုလည်း တစ်နည်းမဟုတ်တစ်နည်းတော့ ကျသွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲတောင် မလုပ်ပေးနိုင်ဘူးဆိုတာမျိူးလေ နောက်တစ်ခုက အော် ငါတို့ကိုကျတော့ ဝိုင်းဖယ်ခံရပါလားဆိုတဲ့စိတ်မျိူးလည်း ဝင်သွားနိုင်တယ်လေ’ ဟု ကိုစောမြကပြောသည်။

ထို့ကြောင့် ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲကောင်းမွန်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ အရေးတယူ ကူညီဆောင်ရွက်ပေးရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်ဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုထားကြသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းများအနြေဖင့်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်ေရးနှင့် မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်မှုကင်းကင်းဖြင့် လွတ်လပ်မျှတစွာ မဲပေးနိုင်ရေးကို ရှေ့ရှု၍ အသွားအလာကန့်သတ်ခြင်း၊ လုံခြုံရေးအကြောင်းပြကာ စစ်ပွဲနှင့်မသက်ဆိုင်သူများအား လက်လွတ်စပယ် ဖမ်းဆီးခြင်း၊ ရွေးကောက်ပွဲမဖြစ်မြောက်ရေးအတွက် ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...