ရခိုင်မှ လူ့အခွင့်ရေးချိုးဖောက်မှုများကို ထုတ်ဖော်ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ဟု ပရဟိတသမား ဦးသန်းရွှေပြော

ရခိုင်မှ လူ့အခွင့်ရေးချိုးဖောက်မှုများကို ထုတ်ဖော်ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ဟု ပရဟိတသမား ဦးသန်းရွှေပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ရန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ပရဟိတသမား ဦးသန်းရွှေ (ခ) ကိုအမ်းသားကြီးကပြောသည်။

၎င်းသည် ရခိုင်အမျိုးသားပါတီမှ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးမြောက်ခံရပါက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပြင် တိုင်းရင်းသားအခွင့်အရေးများကို လွှတ်တော်အတွင်း တောင်းဆိုရန် မျှော်လင့်ထားကြောင်း သိရသည်။

“ကျနော်တို့ ရခိုင်ပြည်မှာ စစ်ပွဲတွေဖြစ်နေတယ်။ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် အရပ်သားတွေထိခိုက်တာတွေ ရှိတယ်။ တချို့ဆို သေဆုံးသွားတာတွေရှိတယ်။ အထူးသဖြင့် ပြောရလို့ရှိရင် လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေရှိတယ်။ ဒီလူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို ပြောဆိုဖို့ အခွင့်အရေးတစ်ခု ရနိုင်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကျနော် ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းဖြစ်ပါတယ်” ဟု ကိုဦးသန်းရွှေ ပြောသည်။

ကိုအမ်သားကြီးသည် ရခိုင်ပြည်နယ်အတွင်း လူသိများသော ပရဟိတသမားတစ်ဦးဖြစ်ပြီး ရခိုင်ပြည်သူများခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပရဟိတသမားတစ်ဦးအနေဖြင့် ပြောဆိုခြင်းထက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြောဆိုခြင်းက ပိုမိုထိရောက်မည်ထင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ကိုအမ်သားကြီးအနေဖြင့် ဘူသီးတောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခင်မောင်ကြည်၊ မြိုတိုင်းရင်းသားပါတီမှ ဦးဖုန်းအောင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးမင်းသိဏ်းဇံ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီမှ ဒေါ်အေးကြည်၊တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်အောင်းရွှေတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...