မဲဆွယ်ဆိုင်းဘုတ်များဖျက်စီးခံရမှုအတွက် တိုင်ကြားမှုပြုလုပ်တော့မည်မဟုတ်ဟု TNDP ပြော

မဲဆွယ်ဆိုင်းဘုတ်များဖျက်စီးခံရမှုအတွက် တိုင်ကြားမှုပြုလုပ်တော့မည်မဟုတ်ဟု TNDP ပြော

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုအတွင်း စိုက်ထူထားသော ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်များ ဖျက်စီးခံရမှုတွင် တရားခံမမိလိုက်သည့်အတွက် တိုင်းကြားမှု ပြုလုပ်တော့မည်မဟုတ်ကြောင်း ဖားကန့်မြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဌ ဦးခင်မောင်လွင်က ပြောသည်။

“အများကြီးလဲ ပျက်စီးသွားတာမဟုတ်ဘူးဆိုတော့ ကျွန်တော်တို့က လူလဲမမိလိုက်ဘူးဆိုတော့ အမှုဖွင့်အရေးယူဆောင်ရွက်ဖို့တော့ မရှိပါတော့ပါဘူးဗျ၊ လူမိရင်တော့ အမှုဖွင့်အရေးယူမယ်လို့ စီစဉ်ထားတာလေ။ လူကလဲမမိဘူး ပြဲတာလဲ အောက်ခြေလေးနည်းနည်းလေးပြဲသွားတာဆိုတော့လေ။ နောက်ပိုင်း ကြီးကြီးမားမားဆိုရင်တော့ ကျွန်တော်တို့ အစီအစဉ်တွေအတိုင်း အရေးယူမှာပါ” ဟု ၄င်းကပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်ကို ဆိပ်မူအုပ်စုအတွင်း စိုက်ထူထားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက်တွင် လူတစ်ယောက်က ဖျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သော်လည်း ဖမ်းစီးရမိခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

"ကျွန်တော်ထင်တယ် နိုင်ငံရေးပရောဂကြောင့်တော့ မဟုတ်နိုင်ဘူးဗျ။ အဲလူက အရက်မူးပြီး လက်ဆော့တာပဲဖြစ်မယ်။ ဖျက်စီးတုန်းက မြင်လိုက်တယ် မိုးကရွာနေတယ်။ မြေကချောနေတယ်။ သူက ပွိုင့်ဖိနပ်စီးထားတာဆိုတော့မမိလိုက်ဘူး" ဟု ဦးခင်မောင်လွင်ကပြောသည်။

ယင်းသို့ပိုစတာများ ဖျက်စီးခံရမှုနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း၊ ဖားကန့်မြို့နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများက ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး စီမံဆောင်ရွက်မှုအားနည်းသဖြင့် ဒေသခံတိုင်းရင်းသားများက ဝေဖန်ပြောဆိုလျက်ရှိကြောင်း ယခုကဲ့သို့ မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီတချို့၏ မဲဆွယ်ဆိုင်းဘုတ်များလည်း ဖျက်ဆီးခံနေရသည် ဟု ရှမ်းနီပါတီ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...