ကချင်ပြည်နယ်တွင် မဲစာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ကျေးရွာပေါင်း ၂၀၀ နီးပါးရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ သိရသည်။
အဆိုပါ ပြည်နယ်တွင် ကျေးရွာပေါင်း ၂၀၀ နီးပါးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေမှ ကျေးရွာများနှင့် နယ်မြေလုံခြုံမှုမရှိသည့်ကျေးရွာဖြစ်သဖြင့် မဲစာရင်းကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွမှ အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။
“မဲစာရင်းပြုစုတဲ့ချိန်မှာ လူဦးရေစာရင်းကို အရင်ပြုစုရတယ်။ အဲလိုလူဦးရေစာရင်းပြုစုတဲ့ခအချိန်မှာ မဲဆန္ဒရှင်တွက် သတ်မှတ်အရည်ချင်းနဲ့ ပြည့်မှီတဲ့လူတွေကို ပြန်ရွေးထုတ်ပေးပြီးတော့မှ မဲစာရင်းထဲကို ကူးပြောင်းပေးရပါတယ်။ အလိုကောက်တဲ့ချိန်မှာ လူဦးရေစာရင်းကောက်ယူတဲ့ချိန်မှာ လုံခြုံရေး ကန့်သတ်ချက်ရှိတဲ့နေရာတွေ၊ တစ်ချို့ကျတော့လည်း နယ်မြေလုံခြုံရေးအရ တိမ်းရှောင်သွားတဲ့ကျေးရွာအုပ်စုတွေရှိတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင်အဖွဲ့စည်းမှာရှိနေတဲ့ နယ်မြေတွေ၊ တစ်ချို့ကျတော့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ပယ်ဖျက်ရခြင်းမရှိသေးတဲ့ မြေပြင်မှာမရှိတော့တဲ့ နယ်မြေတွေရှိတယ်။ အဲလိုနေရာမှာတော့ လူဦးရေလည်း ကောက်ယူနိုင်ခြင်းမရှိတဲ့တွက် မဲစာရင်းလည်း ပြုစုနိုင်ခြင်းမရှိခဲ့ဘူး” ဟု ၎င်းကပြောသည်။
မဲစာရင်းပြုစုလို့မရသည့်တွက် ကျေးရွာများရှိနေသည့်တွက် တိုင်းရင်းသားပါတီများအပြင် အခြားသောနိုင်ငံရေးပါတီများတွက်များတွက် နစ်နာမူများရှိသကဲ့သို့ ၂၀၀၈ ဖွဲ့စည့်ပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းလွှတ်လပ်စွာမဲပေး ပိုင်ခွင့်ရှိသည်ဆိုသော်လည်း လက်ရှိတွင် နိုင်ငံသားတစ်ချို့ ယင်းအခွင့်အရေးကို ဆုံးရှုံးနေသေးကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူကပြောသည်။
“ရွေးကောက်ပွဲကာလမှာတော့ ပြည်သူတဲ့ရှိတဲ့နေရာအားလုံးမှာ မဲပုံးထောင်နိုင်အောင်၊မဲစာရင်းရနိုင်အောင် ဆွေးနွေးသင့်တယ်လို့မြင်တယ်။အဲလိုဆွေးနွေး နှစ်ဖက်ပြေလည်တယ်ဆိုရင်တော့ ကျမတို့ ပြည်သူတွေ အခွင့်အရေးမဆုံးရှုံးသလိုဒေသခံပါတီတွေလည်း အခွင့်အရေးမဆုံးရှုံးဘူး။ ခုက ပြည်သူတွေက ကန့်သတ်ခံနေရတယ်။ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားတိုင်းက မဲပေးပိုင်ခွင့်ရှိတယ်ဆိုပေမယ့် ကျမတို့ဆီမှာ တန်းတူညီမျှမူကမရဘူး။ ဥပမာ အင်ဂျန်းယန်မှာဆို ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းရှိတယ်။ မဲပုံးထောင်လို့မရတဲ့နေရာက ဟိုဘက်ကမ်းကလူလည်း ပိုများနေတော့ အားလုံးတွက် ဆုံးရှုံးတယ်။ အဲကြောင့် ရွေးကောက်ပွဲကာလတွင်းတော့ ဒီကိစ္စကို သက်ဆိုင်ရာက ပြန် လည်သုံးသပ်သင့်တယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် လူဦးရေစာရင်း ကောက်ယူလို့မရသည့် ကျေးရွာပေါင်း ၂၁၅ ကျေးရွာရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွက်မူ လူဦးရေစာရင်း ကောက်ယူလို့မရသည့် ကျေးရွာသည် ၂၀၀ နီးပါးသာရှိတော့သဖြင့် ရာခိုင်နူန်းအားဖြင့် အနည်းငယ် လျော့နည်းသွားသည်ဟု ဆိုသည်။
အဆိုပါ မဲစာရင်းကို ပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံးအဖွဲ့နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တို့က ၂၀၁၉ ခုနှစ် ဇွန်မှစ၍ ပြုစုခဲ့ခြင်းဖြစ်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲဆန္ဒရှင် ၁၁ သိန်းနီးပါးရှိပြီး ဒုတိယအကြိမ် မဲစာရင်းများအား စက်တင်ဘာလ ၁ ရက်မှစကာ ထုတ်ပြန်လျက်ရှိသည်။