ဖားကန့်မြို့နယ်တွင် နိုင်ငံရေးပါတီမျာအား မဲဆွယ်စည်းရုံးခွင့်ပြန်ပေး

ဖားကန့်မြို့နယ်တွင် နိုင်ငံရေးပါတီမျာအား မဲဆွယ်စည်းရုံးခွင့်ပြန်ပေး

မဲဆွယ်စည်းရုံးခွင့် ယာယီပိတ်ပင်ထားသည့် ဖားကန့်မြို့နယ်ကို မဲဆွယ်စည်းရုံးခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးအောင်ကျော်သူက အတည်ပြုပြောကြားသည်။

ကိုဗစ်ဖြစ်ပွားမှုကြောင့် ပြည်နယ်အစိုးရက ဖားကန့်မြို့နယ်မှ ပြည်သူများအိမ်ထဲတွင်သာ နေထိုင်ရန် စက်တင်ဘာ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က stay at home သတ်မှတ်သည်ဟုထင်၍ မဲဆွယ်ခြင်းအား ယာယီပိတ်ခဲ့ခြင်းဖြစ်ပြီး  စက်တင်ဘာ ၂၅ ရက်ကပင် မဲဆွယ်ခွင့် ပြန်လည်ခွင့်ပြုခဲ့သည်ဟု ၎င်းကပြောသည်။

“ဒီလိုရှိပါတယ်။ ကျွန်တော်တို့ မဲဆွယ်စည်းရုံးခွင့်မှာက ပြည်ထောင်စု ကိုဗစ်-၁၉ ကော်မတီပေါ့နော် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက stay at home သတ်မှတ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က မဲဆွယ်စည်းရုံးခွင့်ကို ခွင့်မပြုရဘူးဆိုတော့ SOP ရဲ့ အပိုဒ် ၃ မှာ ပါထားတယ်ပေါ့” ဟု ဦးအောင်ကျော်သူကပြောသည်။

မဲဆွယ်စည်းရုံးသည့် ပါတီများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားတဲ့ ၁/၂၀၁၄ ညွှန်ကြားချက်များနှင့် ဒေသန္တရအုပ်ချုပ်ရေးမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်ကျော်သူက ပြောသည်။

“သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ နိုင်ငံရေးပါတီတွေအနေနဲ့ လိုက်နာပြီးတော့မှ ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ ဒီ carrier ဖြစ်မသွားစေဖို့ပေါ့နော် နိုင်ငံရေးပါတီက မဲဆွယ်စည်းရုံးရေးမှာ အထူးဂရုစိုက်စေချင်တယ်ပေါ့နော်။ လူစုလူဝေးကို အတတ်နိုင်ဆုံး social distancing ပေါ့နော် တစ်ယောက်နဲ့တစ်ယောက် ခပ်ကွာကွာနေမယ်၊ လက်ဆေးမယ်၊ hand jel တွေ ဆောင်ထားမယ်။ ဒီသတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမယ်” ဟု ဦးအောင်ကျော်သူက ဆိုသည်။

ကချင်ပြည်နယ်တွင် စက်တင်ဘာ ၂၈ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ ၁၈ ဦးရှိပြီး ၁၂ ဦးသည် ဖားကန့်မြို့နယ်မှဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း နေ့စဉ်တိုးနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...