လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ
by -
ခေါင်ညွယ် (KNG)

လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) သည် ကချင်ပြည်နယ်ရှိ လော်ဝေါ်မျိုးများ ကိုယ်စားပြုပါတီတစ်ခုဖြစ်ပြီး အဓိကမူနှစ်ချက်ဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မူနှစ်ချက်မှာ လော်ဝေါ်စာပေယဉ်ကျေးမူများ ဖော်ထုတ်ထိန်းသိမ်းသွားရန်နှင့် ငြိမ်းချမ်းရေးအား အခြားတိုင်းရင်းသားများနှင့်အတူ ဖော်ဆောင်ရန်ဖြစ်ပြီး ယင်းမူနှစ်ချက်သည် ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သည်ဟု ဆိုသည်။

 

လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ရှစ်ခုတွင် ဝင်ရောက်ယှဉ်ပြို်ငသွားမည်ဖြစ်ပြီး ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် တစ်ဦး၊ ချီဖွေမြို့နယ်၊ အင်ဂျန်းယန်မြို့ယ်၊ ဆော့လော်မြို့နယ်များပေါင်းထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ တွင် တစ်ဦး၊ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁၂ အမျိုးသားလွှတ်တော်နေရာတွင် တစ်ဦး၊ ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင် တစ်ဦး၊ မိုးကောင်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် တစ်ဦး၊ ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် တစ်ဦး၊ ပြည်နယ်လွှတ်တော် ၁ နှင့် ၂ တွင် တစ်ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိပါတီတွင် လူငယ်နှင့် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းရှိသော်လည်း ကိုယ်စားလှယ်လောင်းရှစ်ဦးတွင် အမျိုးသမီး တစ်ဦးသာပါဝင်ပြီး ကိုယ်စားလှယ်အရည်အချင်းတွင် ပညာအရည်အချင်းအား သတ်မှတ်ထားခြင်းမရှိဘဲ နိုင်ငံရေးစိတ်ဝင်စားသူ၊ လော်ဝေါ်လူမျိုးအား ချစ်မြတ်နိုးသူ၊ ဒေသဖွံ့ဖြိုးရေးတွင် စိတ်အားထက်သန်သူ စသည့် စံသတ်မှတ်ချက်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်အနေဖြင့် “စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ဖို့ တိုင်းရင်းသားလော်ဝေါ်ပါတီကို မဲပေးစို့” ဟူ၍ ဖြစ်ကြောင်း လော်ဝေါ်အမျိုးသာစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) ဥက္ကဌ ဦးဒေါင်ခမ်းကပြောသည်။

 

အဆိုပါပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သော်လည်း တစ်ဦးမှ အနိုင်မရရှိခဲ့ခြင်းမရှိပေ။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင်ပါတီအောင်နိုင်ရေး ၇၀ ရာခိုင်နှုန်း မျှော်မှန်းထားသညဟုဆိုသည်။

 

လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လော်ဝေါ်လူမျိုးများအား အခြေခံကာ ထူထောင်ထားသည့်ပါတီဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် လော်ဝေါ်အမျိုးသားများသည် လော်ဝေါ်လူမျိုးဟုခံယူသူ အင်မတန်နည်းပါးသည့်တွက် ပါတီအပေါ် အကျိုးသက်ရောက်ကာ ရွေးကောက်ပွဲတွင် ကျရှုံးခဲ့ခြင်းဖြစ်ပြီး ယခု လော်ဝေါ်လူမျိုးအချို့ လက်ခံလာကြသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ရန် ပါတီက ယုံကြည်လျက်ရှိသည်။

 

ယခုအခါပါတီသည် လက်ရှိအချိန်တွင် ပါတီဝင်အင်အား တစ်သောင်းကျော်ရှိနေပြီး ပါတီသက်တမ်းမှာ ခြောက်နှစ်ကျော်ရှိပြီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...