မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် အထူးရဲအင်အား ၁၀၀၀ နီးပါးသုံးမည်

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် အထူးရဲအင်အား ၁၀၀၀ နီးပါးသုံးမည်
by -
စောဇင်မောင် (Hintha)

မွန်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက်အထူးရဲ ဦးရေ ၉၇၃ ဦး အသုံးပြုရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့မှုးရုံးမှ သိရသည်။

 

မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၇၃ ရုံရှိပြီး တစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် အသုံးပြုမည်ဖြစ်ပြီး မဲရုံအတိုးအလျှော့ပေါ်မူတည်၍ အထူးရဲအင်းအားလည်း အတိုးအလျှော့ရှိမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းစီမံဌာနမှ ရဲမှုးဦးထွန်းထွန်းက ပြောသည်။

 

"မဲရုံတစ်ရုံကို တစ်ယောက်နှုန်းနဲ့ တာဝန်ချပေးမယ်။ ဒါပေမဲ့မဲ ရုံအတိုးအလျှော့ပေါ်မူတည်ပြီး အင်အားအတိုးအလျှော့ရှိမှာပါ" ဟု ၎င်းက ပြောသည်။

 

ရွေးကောက်ပွဲအထူးရဲများသည် အခြားရဲတပ်ဖွဲ့ဝင်များနည်းတူ အဓိကအနေဖြင့် အမိန့်နာမခံမှုရှိရမည်ဖြစ်ပြီး ပြည်သူများအပေါ်ပြုကျင့်ရမယ့် ကျင့်ဝတ်များကို လိုက်နာရမည်ဖြစ်ကာ လုံခြုံရေးဆိုင်ရာ အသိပညာရှိရမည်ဖြစ်ကြောင်း သိရသည်။

 

"အဓိကက အမိန့်နာခံဖို့အတွက်ပဲပေါ့။ ဒါအပြင် မဖြစ်မနေလိုက်နာရမယ့်အချက်တွေက ပြည်သူပေါ်မှာထားတယ့် သဘောထား၊ ပြုကျင့်ရမယ့်ကျင့်ဝတ်၊ လုံခြံရေးတွေပေါ့ ကျင့်ဝတ်တွေ စည်းကမ်းတွေက သဘောတရားတွေဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

 

အဆိုပါ ရွေးကောက်ပွဲအထူးရဲများကို သီးသန့်သင်တန်းပေးမည်ဖြစ်ပြီး ၎င်းသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ ရွေးကောက်ပွဲ အထူးရဲသင်တန်းအား စိတ်ပါဝင်စား၍ တက်ရောက်ချင်သူများအတွက် ယခုအခါ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းကို ရဲမှူးဦးထွန်းထွန်းကပြောသည်။

 

လက်ရှိတွင် ရွေးကောက်ပွဲအထူးရဲနည်းပြ ဆင့်ပွားသင်တန်းမှ ဒု-တပ်ကြပ်တစ်ဦးကို ဗစ်ပိုးတွေ့ရှိသဖြင့် သင်တန်းသားများအပါအဝင် ၂၉ ဦး ကွာရမ်တင်းဝင်ခဲ့ရပြီး ယခုအခါ ပိုးကူးခံရသည့် ဒု-တပ်ကြပ်နှင့် သင်တန်းသားများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ဆိုသည်။

           

မွန်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအားပါတီ ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...