နယ်မြေတည်ငြိမ်မှုအားနည်းသည့် ပလက်ဝသို့ မဲရုံသုံးပစ္စည်းများ ပို့ဆောင်နိုင်ခြင်းမရှိ၊ ထိုဒေသသို့ မဲရုံသုံးပစ္စည်းများရောက်ရှိရေး တပ်ရဟတ်ယာဉ်ကိုသုံးရန် ပြည်နယ်ရွေးကော်လျာထား

နယ်မြေတည်ငြိမ်မှုအားနည်းသည့် ပလက်ဝသို့ မဲရုံသုံးပစ္စည်းများ ပို့ဆောင်နိုင်ခြင်းမရှိ၊ ထိုဒေသသို့ မဲရုံသုံးပစ္စည်းများရောက်ရှိရေး တပ်ရဟတ်ယာဉ်ကိုသုံးရန် ပြည်နယ်ရွေးကော်လျာထား

နယ်မြေတည်ငြိမ်မှုအားနည်းသည့် ပလက်ဝမြိုနယ်သို့ မဲရုံသုံးပစ္စည်းများ ပို့ဆောင်နိုင်ခြင်းမရှိသေး‌ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲမှ သိရသည်။

 

ချင်းပြည်နယ်တွင် မြို့နယ်ကိုးမြို့နယ်ရှိပြီး ပလက်ဝမှလွဲ၍ ကျန်မြို့နယ် ရှစ်မြို့နယ်သို့ မဲရုံပစ္စည်းများ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က အတည်ပြုပြောကြားသည်။

 

ယင်းမြို့နယ်သို့ မဲရုံသုံးပစ္စည်းများအား ကားလမ်းဖြင့် ပို့ဆော်နိုင်ခြင်းမရှိပါက တပ်မတော်၏အကူအညီရယူ၍ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်နိုင်ရန်ညှိနှိုင်းသွားမည်ဟု ဆိုသည်။

 

အကယ်၍ ထိုသို့ တပ်မတော်၏အကူအညီကို ယူရမည်ဆိုပါက ပြည်နယ်ကော်မရှင်အနေဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အား တင်ပြဆွေးနွေးသွားမည်။

 

“ဒီ မဲရုံသုံးပစ္စည်းတွေကိုတော့ ၁၁၀ လပိုင်းမကုန်ခင်မှာ မြို့နယ်အားလုံးကိုရောက်အောင် ကျွန်တော်တို့ အားလုံးစီမံဆောင်ရွက်လျက်ရှိပါတယ်။ ကားလမ်းနဲ့သွားမယ့်အနေထားရှိရင် ကားလမ်းနဲ့သွားမယ်။ ကားလမ်းနဲ့သွားမယ့် အနေထားမရှိရင်တော့ တပ်မတော်ရဲ့အကူအညီကို ရယူပြီးတော့ ရဟတ်ယဉ်နဲ့ ပို့ဆောင်နိုင်အောင် ညှိနှိုင်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးလင်းကျော်က ပြောသည်။

 

ပလက်ဝမြို့နယ်တွင် မဲရုံ ၁၇၆ ရုံဖွင့်လှစ်ရန် လျာထားပြီး ယင်းမြို့နယ် နယ်မြေလုံခြုံရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များက အထူးအလေးထားဆောင်ရွက်နေကြောင်း သိရသည်။

 

ပလက်ဝရှိ မဲရုံများအတွင်း တာဝန်ထမ်းဆောင်သူမည့်သူများနှင့်ပတ်သက်၍ ဦးလင်းကျော်က “မဲရုံတာဝန်ထမ်းဆောင်မယ့် အများစုကတော့ ဆရာ/ဆရာမတွေပါ။ ဒီဒေသမှာ၊ ဒီကျောင်းမှာ ဆရာ/ဆရာမ ဘယ်နှစ်ယောက်ရှိလဲ။ ဒါတွေကို ကျွန်တော်တို့ ကြည့်မယ်။ မလုံလောက်ဘူးဆိုရင် တခြားဒေသက ခေါ်ရမယ်။ ဒီလိုခေါ်လို့ နယ်မြေကြောင့်ပဲဖြစ်ဖြစ်၊ ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ် လာဖို့ခက်ခဲနေရင် မဲစာရင်းမှာပါတဲ့ လူတွေကို ရွေးချယ်ပြီးတော့ မဲရုံဝန်ထမ်းအဖြစ် တာဝန်ပေးသွားမှာဖြစ်ပါတယ်” ဟုပြောသည်။ 

 

ပလက်ဝမြို့နယ်အတွင်း မဲရုံဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ပလက်ဝမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် နေ့စဉ် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ပလက်ဝမြို့နယ်အတွင်းရွေးကောက် ပွဲမဖြစ်မနေ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...