ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအတွက် အထူးရဲအင်အား လေးထောင်ခန့်အသုံးပြုရန်လျာထား

ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအတွက် အထူးရဲအင်အား လေးထောင်ခန့်အသုံးပြုရန်လျာထား
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်အတွင်း အထူးရဲအင်အား လေးထောင်နီးပါးအသုံးပြုမည်ဖြစ်ပြီး ထိုမာဏသည် ရှမ်းပြည်နယ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲအင်အား၏ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကတော့ နံပါတ်တစ်ပဲ။၊ လုံခြုံရေးဆိုတဲ့နေရာမှာ ကျွန်တော်တို့ရဲတပ်ဖွဲ့တွေမှာ ရာနှုန်းပြည့်တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အားလုံးမှာလဲ တာဝန်ရှိတယ် ၀တ္တရားရှိတယ်။ နှောက်အယှက်မပေးပဲနဲ့ ဝိုင်းဝန်းကူညီမယ်ဆိုရင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယရဲမှူးကြီးဝင်းသန်းကပြောသည်။

ရွေးကောက်ပွဲကာလတွင် မဲရုံတစ်ရုံလျှင် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်း ထားရှိမည်ဖြစ်ရာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက ရဲအင်အား ၃၆၇၆ ဦး အသုံးပြုခဲ့ရသဖြင့် ယခုနှစ်တွင်လည်း ထိုပမာဏအတိုင်း လျာထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အထူးရဲတွေနှင့်ပတ်သက်သော အရည်အချင်းသတ်မှတ်ချက်များအနေဖြင့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက်မငယ်၊ အသက် ၆၀ ထက်မကြီးသူ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ပညာအရည်အချင်း အနည်းဆုံး အလယ်တန်းအောင်မြင်ပြီးသူ၊ အရပ်ပုလွန်းသူ၊ ၀လွန်းသူ၊ ရပ်ရွာမှထောက်ခံသူ၊ သက်ဆိုင်ရာနယ်မြေဒေသရှိ ပြည်သူတို့မှ ယုံကြည်သူ လေးစားသူ စသည့် အချက်များပေါ်မူတည်၍ အရည်အချင်းသတ်မှတ်ထားပြီး လက်ရှိရဲတပ်ဖွဲ့ဝင်များထဲမှ ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆာင်မည့် အထူးရဲများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ တစ်လလုံး သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်ကြားပေးမည့် ဘာသာရပ်များမှာ ပြစ်မှုအမျိုးအစားနဲ့ ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်၊ ရဲအက်ဥပဒေ၊ ရဲလက်စွဲဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူ့အခွင့်အရေးဘာသာရပ်၊ ပြည်သူထုပူးပေါင်းပါဝင်သောရဲလုပ်ငန်း၊ သတင်းမီဒီယာကျင့်ဝတ် စသည့် ဘာသာရပ် ၁၀ ခုအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးဝင်းသန်းထံမှ ဆက်လက်သိရှိရပါသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...