ကိုဗစ်ကာလ ‌‌‌ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျစီစဉ်ထားပြီးဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော

ကိုဗစ်ကာလ ‌‌‌ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျစီစဉ်ထားပြီးဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော

ကိုဗစ်ကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျစီစဉ်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အဆိုပါ ကိုဗစ်ကလမဲပေးခြင်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် မကြာခဏ တွေ့ဆုံညှိနှိုင်းလျက်ရှိသည်ဟု ဆိုသည်။

“မဲလာပေးရင်လည်း နှာခေါင်းစည်းနဲ့လာကြရတယ်။ ပြီးရင် လက်ဆေးတာတွေ ဘာတွေ စနစ်တကျပြင်ဆင်ထားတာပေါ့။ မဲရုံပြင်ပမှာဘယ်လိုလုပ်မယ်။ မဲရုံအတွင်းမှာ ဘယ်လိုလုပ်မယ်။ မဲဆန္ဒရှင်များ ဘယ်လိုလိုက်နာရမလဲ။ မဲရုံမှူးတွေ၊ မဲရုံဝန်ထမ်းတွေက ဘယ်လိုလိုက်နာရမလဲ။ စောင့်ကြည့်တဲ့သူတွေရှိတယ်၊ သတင်းမီဒီယာသမားတွေရှိတယ်၊ သူတို့က ဘယ်လိုဆောင်ရွက်ရမယ်၊ နောက်ပြီးတော့ မဲရုံထဲမှာ မဲရုံကိုယ်စားလှယ်တွေရှိတယ်၊ အကူကိုယ်စားလှယ်ရှိတယ်၊ သူတို့က ဘယ်လိုဆောင်ရွက်ရမလဲ၊ အဲအခင်းအကျင်းတွေအကုန်လုံး ကျွန်တော်တို့ စီစဉ်ထားပြီးသားပါ။ စီစဉ်ထားပြီးဖြစ်တယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် စက်တင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်များကို ရှင်းလင်းရာ၌ သတင်းမီဒီယာသမားများ၏ ကိုဗစ်ကာလ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုတင်စီစဉ်ဆောင် ရွက်ထားမှုများနှင့် ပတ်သက်၍ မေးမြန်းမှုများကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ကိုယ်စားလှယ်‌လောင်းမျာအဖြေင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်သည့်အခါ အဆောက်အဦးထဲဆိုလျှင် မည်သို့လုပ်ရမည်၊ အပြင်တွင် မည်သို့လုပ်ရမည်၊ အိမ်တိုင်ယာရောက်ဆောင်ရွက်လျှင် မည်သို့လုပ်ရမည်၊ မော်တင်ယာဉ်နှင့် လှည့်လည် မည်သို့ စံတွေလည်းပဲ ကျွန်တော်တို့လုပ်ရမည် ဆိုသည်များကိုလည်း စံနှုန်းများသတ်မှတ်ထားပြီးဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာနနှင့် အပြီးသတ်ညှိနှိုင်းပြီးပါက ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်ကာလဖြစ်သဖြင့် လူများသည့်မဲရုံများက တိုးချဲ့ခြင်းနှင့် တိုးချဲ့ခြင်းမလုပ်နိုင်သည့် မဲရုံများကို အဆိုင်းခွဲခြင်းများပြုလုပ်၍ ပြည်သူများ အချိန်မှီမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောသည်။

“မဲဆန္ဒရှင်များတဲ့ မဲရုံတွေကို ထပ်တိုးသွားတာပေါ့။ အရင်တုန်းက လေးသောင်းကျော်ကျော်ပေါ့။ အခု လေးသောင်းတစ်ထောင်ကျော်ကျော်လောက် ရှိတယ်။ အခုစီစဉ်တုန်းပေါ့နော်။ မဲရုံမခွဲနိုင်တဲ့နေရာမှာလည်း အဆိုင်းတွေလုပ်ထားတယ်။ ဥပမာ မဲဆန္ဒရှင် ၁၅၀၀ ရှိတဲ့မဲရုံဆိုရင် ၇၅၀၊ ၇၅၀ နှစ်ဆိုင်းပေါ့။ ၁ ကနေ ၇၅၀ ထိက ဒီဘက်၊ ၇၅၁ ကနေ ၁၅၀၀ ထိက ဟိုဘက်ဆိုပြီး အဲလို ကျွန်တော်တို့ ခွဲထားတယ်။ တချို့ဆို သုံးဆိုင်းခွဲတာပေါ့။ အဲလိုသင့်တော်အောင်လုပ်ပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲရက်တွင် Quarantine ဝင်ရသည့်သူများအေနေဖြင့်လည်း မဲပေးနိုင်ရေးလုပ်ဆောင်ထားပြီး ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲရက်တွင် မည်သည့်နေရာ၌ Quarantine ဝင်ရသည်ဖြစ်စေ မိမိအမည်စာရင်းပါသည့်နေရာမှ ကိုယ်စားလှယ်လောင်းကိုသာရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...