ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်

ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်

ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုကော်မတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ထားပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ၎င်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ အဆိုပါကော်မတီက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းစန်း‌ဝေအား ရွေးချယ်ထားကာ ၎င်းအနေဖြင့် ကချင်ပြည်နယ် ရှမ်းတိုင်းသားလူမျိုးမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုကော်မတီသည် ရှမ်းတိုင်းရင်းသားလူမျိုးများဖြစ်သော တိုင်းလျန်၊ တိုင်းနေ၊ တိုင်းဆာ၊ တိုင်းခမ်းတီး၊ တိုင်းလုံဟူသော ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ငါးဖွဲ့ ဖြင့်စုဖွဲ့ထားသည့် ကော်မတီဖြစ်‌ကြောင်း သိရသည်။

ဦးစိုင်းစန်းဝေသည် ယခင်က မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌဖြစ်ပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်သဖြင့် ဥက္ကဌရာထူးမှ နုတ်ထွက်ထားသူဖြစ်ကြောင်း သိရသည်။

"ကျွန်တော်၀င်ပြိုင်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလအနေနဲ့ ပါ၀င်ယှဉ်ပြိုင်သင့်တယ်လို့ ဆုံးဖြတ်ချက်အရ ရွေးကောက်ပွဲဝင်ဖြစ်တာပါ" ဟု ဦးစိုင်းစန်း‌ဝေကပြောသည်။

ထိုသို့ တစ်သီးပုဂ္ဂလကကိုယ်စားလှယ်လောင်းအဖြစ် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာအတွက် ဝင်ရောက်အရွေးခံရခြင်းမှာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုများ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ဆောင်နိုင်ရန်ရည်ရွယ်သည်ဟု ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာ၀န်ကြီးနေရာကို ရှမ်းတိုင်းရင်းသားပါတီများက ဝင်ရောက်အရွေးခံပါက မဲကွဲနိုင်ခြင်းနှင့် နောင်ရွေးကောက်ပွဲများတွင် ကချင်ပြည်နယ်အတွင်း ရှမ်းပါတီများ ပူးပေါင်းဆောင်ရွက်သော အလေ့အထတစ်ခုဖြစ်ပေါ်လာစေရန် စသည်ဖြင့်ရည်ရွယ်၍ ညှိနှိုင်းသည့် အစည်းအဝေးတစ်ရပ်ကို ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြုလုပ်၍ ယခုလို တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သို့သော်လည်း ပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှလွဲ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီ ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...