ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်နှင့် အင်တာဗျူး
၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများ အနေဖြင့် အနိုင်ရရှိခဲ့မည်ဆိုပါက ညွှန်ပေါင်းအစိုးရ ဖွဲ့ရန် စိတ်အားထက်သန်နေကြောင်း သိရသည်။သို့သော် တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများသည် ကိုဗစ်ကာလတွင် မဲဆွယ်စည်းရုံးရန် အခက်အခဲများရှိနေပြီး ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနေသည့် အဖွဲ့တစ်ချို့ကို စောင့်ကြည့်လေ့လာခွင့်မပြုခြင်းများ ရှိလာသည့်အတွက် ထိုအခြေအနေများသည် တိုင်းရင်းသာပါတီများအတွက် မည်သို့ ရိုက်ခတ်လာနိုင်မည်လဲဆိုသည်ကို သိရှိစေရန် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်ကို ယခုလိုဆက် သွယ်မေးမြန်းခဲ့ပါသည်။
မေး - ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနိုင်ခဲ့ရင် ညွှန်ပေါင်းအစိုးရဖွဲ့မယ် ဆိုတဲ့ ခံယူချက်တွေရှိတယ်လို့ သိရတယ်။ ဆိုတော့ ပြည်နယ်တွေမှာ ရှိတဲ့ တိုင်းရင်းသားပါတီတွေ နိုင်ခဲ့မယ်ဆိုရင် ညွှန်ပေါင်း အစိုးရ ဖွဲ့နိုင်မယ့် အခြေအနေရှိလား။
စိုင်းကျော်ညွှန့် - ၂၀၀၈ အရဆိုရင်တော့ သူက သက်ဆိုင်ရာ ပြည်နယ်က ဘာမှ လုပ်လို့မရပါဘူး။ သူက ပြည်နယ် အစိုးရတို့ ဘာတို့ဆိုတာ သမ္မတက ခန့်အပ်ရတာဖြစ်တယ်။ ဝန်ကြီး ချုပ်က သူ့ရဲ့ ဝန်ကြီးကို ပြန်ပြီးတော့ အဆိုပြုတင်သွင်းတာ ဆိုတော့က ဒါကတော့ ရှင်းရှင်းပြောရရင် ခေါင်ကတော့ သမ္မတပဲ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဲတော့ ဒီ ၂၀၀၈ သမ္မတကို ရွေးကောက် တင်မြောက်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်နဲ့ ဆိုင်တယ်။ အဲတော့ ရွေးကောက်ခံ ၇၅ ရာခိုင်နှုန်းရှိ တဲ့အဖွဲ့က ၂၅ ရာခိုင်နှုန်းရှိတယ်ပေါ့ဗျာ။ အဲတော့ ဒီပြည်ထောင်စုမှာ သမ္မတဖြစ်လာဖို့အတွက် ၅၀ ရာခိုင် နှုန်းကျော်တော့ လိုတာပဲလေ။ အဲဒီ ၅၀ ရာခိုင်နှုန်းမကျော်ဘူးဆိုရင်တော့ဖြင့် ပါတီတစ်ခုခု ကပေါ့လေ ၅၀ ရာခိုင်နှုန်း ကျော် အောင် မနိုင်တော့ဘူးဆိုရင် သူတို့ဘယ်လို စဉ်းစားမလဲပေါ့နော။ အဲဒီအချိန်မှာလဲ တပ်မတော်ကလည်း စောင့်နေမှာပဲလေ။ ၂၅ ရာခိုင်နှုန်းကိုင်ပြီးတော့ စောင့်နေမှာပဲ။ ပါတီကြီးတစ်ခုက ၅၀ ရာခိုင်နှုန်း မကျော်ဘူး ဆိုတာနဲ့သူက ဟိုဖက်ဒီဖက်က ဘယ်သူအစိုးရ ဖြစ်မလဲဆိုတဲ့ကိစ္စက စကားပြောလာပြီလေ။ ဆိုတော့ ဘယ်သူက စည်းရုံးရေးအား ပိုကောင်းမလဲ ဒါမှမဟုတ်ရင် ဒီမူဝါဒတွေက တူညီကြမလဲပေါ့။ အဲဒီအ ပေါ်မှာ အပြန်အလှန်စေ့စပ်ညှိနှိုင်းရတာတွေ ရှိလာနိုင်တယ်။ အဲဒါကလည်း ကံသေကံမ ပြောလို့မ ရပါဘူး။ ပြည်နယ် ကို အခြေစိုက်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပေါ့လေ ပြည်မပါတီ မဟုတ် တဲ့ပါတီတွေက များ များစားစား နိုင်ထားတယ်ဆိုရင်တော့ဖြင့် ဒီဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာ လိမ့်လို့မြင် တယ်။ အဲတော့ တစ်ချို့ က ပြောကြတယ် သမ္မတစနစ်ပေါ့လေ သမ္မတစနစ်မှာ ဒီလိုမျိုး ညွှန်ပေါင်း အစိုးရ မရှိ ဘူးပေါ့ ။ မ ဟုတ်ပါဘူး သမ္မတ စနစ်မှာလည်း ညွှန်ပေါင်းပုံစံတွေ ရှိတတ်ပါ တယ်။ တကယ်လို့ သမ္မ တဖြစ်ပြီးသွားရင် တော့ သူ့ကို ပြန်ဖြုတ်ချဖို့တော့ မလွယ်ဘူးဗျာ။ သူလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ သံသယ တော့ ရှိနိုင်တာပေါ့ ဗျာ။ ဒါပေမယ့် ဒီသမ္မတ သို့မဟုတ် ဒီအစိုးရ ဖော်ဆောင်တဲ့ လုပ်ငန်းတွေကို အတည်ပြု ပေးရတာ လွှတ်တော်ဖြစ် တယ်။ လွှတ်တော်က အုပ်ချုပ်ရေးနဲ့ သီးသန့်ခွဲတာပဲ။ အဲဒါဆိုရင် သူက လုပ်ချင် တာ လုပ် တယ်ဆိုရင် ၅၀ ရာခိုင်နှုန်း သူ့ပါတီက မကျော်တဲ့အတွက် ကြောင့်မို့လို့ ဒီလွှတ်တော်မှာ သူ့ကို ပြန်ထိန်း ညှိလို့ရတယ်။ သူ့ ဘတ်ဂျတ်ကို အတည်မပြုပေးရင် ဘယ်လိုလုပ်မလဲ။အခြားအခြား သူတင် တဲ့ ဥပဒေကြမ်း တွေရှိမယ်။ အခြား အဆိုတွေရှိမယ် ဘာညာရှိမယ်ဗျား။ အဲဒီကိစ္စတွေကို သဘောမ တူရင် ဘယ်လိုလုပ်မ လဲပေါ့။ ဒါက ဘယ်လို ခေါ်မလဲ တိုင်းပြည်ကောင်း စားရေးအတွက် အဖွဲ့အစည်း တစ်ခုက လွတ်လွတ် လပ်လပ်နဲ့ လုပ်ချင်ရာ မလုပ်နိုင်အောင် ဆိုရင် ပါတီတွေ အစုအဖွဲ့တွေ ပူးပေါင်းထားတဲ့ ပုံစံက ဒီတိုင်းပြည်အတွက်တော့ ပိုကောင်းမယ်လို့ ကျနော်မြင်တယ်။ ဒါပေ မယ့် ဖြစ်လာခြင်း မဖြစ်လာခြင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ ပါတီအားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့တော့ ပိုသက်ဆိုင်တယ်လို့ ကျနော်တော့ အဲလိုပဲမြင်တယ်။
မေး - လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ကတာဝန်ယူမဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ တရားမျှမှု မရှိဘူးလို့ ပြောနေတာတွေ ရှိတယ်။ ဒီအပေါ် တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုမြင်လဲ။
စိုင်းကျော်ညွှန့် - ကျနော်တို့က ဘာဖြစ်စေချင်တယ် ဆိုတာတော့ မရှိပါဘူး။ ပါတီ အားလုံးဆိုတာ သူ့ဟာနဲ့သူ သူ့ယုံ ကြည်ချက် သူ့ရဲ့ မူဝါဒနဲ့သူ ပါတီတွေဖြစ်လာကြတာ။ အဲတော့ အဲဒီပါတီတွေက ပါတီလို့ မှတ်ပုံတင် လိုက် တဲ့အတွက် နိုင်ငံရေးပါတီက နိုင်ငံရေးပါတီပဲ ဒီအပေါ်မှာ ဆက်ဆံရင် တစ်ပြေးညီဆက်ဆံဖို့ ဒါမှမဟုတ်ရင် လုပ်ရင်လည်း မဲဆွယ်စည်း ရုံးခွင့်ရတယ်ဆိုရင်လည်း ပါတီတိုင်း ကြီးကြီးသေးသေး ဘယ် လိုမျိုးပါတီပဲ ဖြစ်ဖြစ် တရားဝင် ပါတီတွေအားလုံးက တန်းတူ ရည်တူ အခွင့်အရေး ရဖို့ကိုပဲ ကျနော်တို့ မျှော်လင့်တာ ဖြစ်တယ်။ ကျနော်တို့က ထွေထူးပြီးတော့ ဘာမှ လိုချင်တာ မရှိဘူး။ အာလုံးကို မျှမျှတတ တူညီတဲ့ ကွင်းပြင်အပေါ်မှာ ကစားကွင်းပေါ်မှာပဲ ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ ယှဉ်ပြိုင်တာကို ကျနော်တို့ မြင်ချင်တယ်။ ဒီအပေါ်မှာ ဒိုင်လူကြီး လုပ်တဲ့သူကလည်း သမာသမတ် ရှိရှိနဲ့ လုပ်ဆောင်တာကိုပဲ ကျနော်တို့ လိုချင်တယ်။ ကျနော်တို့အတွက် ဘာမှ တောင်းဆိုမှု ကျနော်တို့ လုပ်မှာလည်း မဟုတ်ပါဘူး။
မေး - NLD က အခု အစိုးရဖြစ်တဲ့အတွက် ဒီ ကိုဗစ် ကာလမှာ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး အခွင့်အရေးပိုရနေတယ်လို့ ပြောနေကြတာရှိတယ်။ အဲဒီအပေါ်မှာ ဘာလိုမြင်လဲ။
စိုင်းကျော်ညွှန့် - အဲဒါကတော့ဗျား အစိုးရဖြစ်နေတဲ့ပါတီက သူ့ခေါင်းစဉ်နဲ့သူ သွားတယ်ပေါ့ဗျား။ ပြီးရင် သူ့ပါ တီကို သူ Propose လုပ်တယ်ဗျား ဒါလည်း သူ့ သမိုင်း သူရေးတာပဲ သူရေးပါစေ သူလုပ်ပါစေပေါ့ဗျား။ ပါတီ တစ်ခု အစိုးရ ဖြစ်လာတယ်ဆိုတာက အဲဒီအစိုးရ ဘယ်လောက်ပွင့်လင်းမြင်သာမှု ရှိတယ်။ တိုင်းသူ ပြည် သားတွေ အပေါ်မှာ ကိုယ့်ကို မဲပေးတဲ့လူရော မဲမပေးတဲ့ လူတွေအပေါ်မှာရော ကျောသားရင်သား ဘယ်လို မခွဲခြား ဆက်ဆံတယ်ဆိုတာ အဲဒီပါတီရဲ့ သမိုင်းပဲ အဲဒီအစိုးရရဲ့ သမိုင်းပဲဖြစ်တယ်။ အဲတော့ ကိုယ့်ရဲ့ လုပ် ဆောင်ချက်က ကိုယ့်ရဲ့ အာဏာရှိတဲ့အပေါ်မှာ တည်မှီပြီးတော့ အသားယူသလား။ သူများ ထက်ကို အခွင့်အ ရေး ပိုယူသလားဆိုတာ သူ့သမိုင်း သူရေးတာဖြစ်တယ်။ အဲတော့ ဖြစ်နေတာတော့ အမှန်ပဲ ကျနော်တို့က ဘယ်မှ သွားလို့လာလို့မရဘူး။ အစိုးရဖြစ်တဲ့လူကတော့ ခေါင်းစဉ်မျိုးစုံနဲ့ သွားလာလို့ရတယ်။ အဲဒါတော့ အမှန်ပဲ။ ကောင်းခြင်း၊ ဆိုခြင်းကို ကျနော်တို့ သိပ်မပြောချင်ဘူး။ ဒါသူ့သမိုင်း သူရေးတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့။ အဲတော့ ကျနော်တို့က ဘာပဲဖြစ်ချင်သလဲ ဆိုတော့ Campaign ကလည်း နီးလာပြီ။ Campaign မတိုင်ခင်မှာလည်း လုပ်ရမယ့် အလုပ်တွေလည်း ရှိတယ်။ ဒါကြောင့် ကိုယ်စားလှယ် စည်းရုံးရေး လုပ်တဲ့အချိန်ကျရင် ဘယ်လိုဘယ်လို စည်းကမ်းချက်တွေ လိုက်နာရမယ်ဆိုတာကိုသာ ရွေးကောက်ပွဲ ကော်မရှင်ကအနေနဲ့ တိတိကျကျ လမ်းညွှန်စေချင်တယ်။ ထုတ်ပြန် ချက် ထုတ်စေချင်တယ်။ အဲလိုကျမှပဲ အဲဒီထုတ်ပြန်ချက်အပေါ်မှာ ပါတီတိုင်းက တစ်ပြေးညီ လိုက်နာရမယ် ဆိုတဲ့ပုံစံကိုပဲ ကျနော်တို့ ပိုကြိုက်ပါတယ်။ အခုရက်က တစ်ဖြည်းဖြည်း နီးလာပြီ ဘာထုတ်ပြန်ချက်မှ မထုတ် ရသေးဘူး ဆိုတော့ စည်းရုံးရေးနဲ့ ပတ်သက်ပြီး ကိုဗစ်ကာလမှာ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ဟာတွေ ပဲ လိုက်နာနေရတာ ရှိတယ်။ မလိုက်နာတဲ့ လူတွေလည်းရှိ တယ်။ ဒီအပေါ်မှာ ဘာလုပ်မယ်ဆိုတဲ့ UEC ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်မရှိဘူး။ ထုတ်ပြန်ချက်မရှိဘူး။ ကြေညာချက်မရှိဘူး။ အဲဒီအပေါ်မှာတော့ ကျနော်တို့ကတော့ လုပ်စေချင်တယ်။ Campaign ဆိုရင်ဘယ်လို၊ ရွေးကောက်ပွဲနေ့ ဆိုရင် ဘယ်လို၊ အဲဒီ Campaign မတိုင်ခင်မှာ ပါတီစည်းရုံးရေး လုပ်ရင် ဘယ်လိုဆိုတဲ့ သတ်သတ်မှတ်မှတ် ပုံစံမျိုးတွေ ကျနော်တို့ လိုချင်တယ်။
မေး - ဒီလိုအနေအထားမျိုးမှာ မဲဆွယ်စည်းရုံးဖို့အတွက် ဘယ်လိုများ ပြင်ဆင်ထားသလဲ။
စိုင်းကျော်ညွှန့် - အခုအနေအထား အရတော့ အရင်ကထက် လုပ်ရကိုင်ရ ခက်ပါလိမ့်မယ်။ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက မကြာခင်က ထုတ်ပြန် အထဲမှာ လူဦးရေ ၃၀ စုလို့တော့ရပြီ ပေါ့။ ဒါပေမဲ့ ကျနော်တို့ မဲဆွယ်စည်းရုံးရေး လုပ်တာပဲ ပြောပြော ပါတီစည်းရုံးရေး လုပ် တာပဲ ပြောပြော အဲဒီလူ ၃၀ လောက်နဲ့က သိပ်ပြီးတော့ အဆင်ပြေလှတယ်ရယ်လို့တော့ မရှိဘူး။ ဒါပေမယ့် ဘာပဲပြောပြောပါ ကျန်းမာရေးက ကိုယ့်နိုင်ငံအတွက် အရေးကြီးပါတယ်။ ဒီမလူးသာ မလွန့်သာတဲ့ အထဲမှာပဲ ကျနော်တို့က ရအောင်တော့ လုပ်ရမှာပဲ။ UEC က သူ့ဟာသူ ကြေညာချက် ထုတ်ထုတ် မထုတ်ထုတ် ဘယ်လိုပဲ လုပ်လုပ် အချိန်တန်ရင်တော့ ကျနော်တို့ကတော့ လုပ်စရာ ရှိတဲ့ အလုပ်တွေ လုပ်မယ် ၏။ အတတ်နိုင် ဆုံး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ဟာတွေ စည်းမျဉ်းစည်း ကမ်းတွေ လိုက်နာပြီးတော့ ကျ နော်တို့ လုပ်မယ် အတတ်နိုင်ဆုံး ပြည်သူလူထုနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဘယ်လို သွားမလဲ။ အဓိကအားဖြင့် ကျနော်တို့ အခါတိုင်းလည်း သုံးနေကျပါ တစ်အိမ်တက် တစ်အိမ်ဆင်းပေါ့။ အဲဒါဆို လူအများ ကြီးလည်း ဖြစ်စရာ မလိုဘူး။ ပြီးရင် တစ်ခြားနည်းလမ်းတွေလည်း စဉ်းစားရမှာပေါ့ဗျား။ ကိုဗစ်ကာလကြီးမှာ ကိုယ်ကတမူထူးခြားပြီးတော့ လူထောင်ချီသောင်းချီပြီးတော့ လုပ်တဲ့ပွဲမျိုးကတော့ ကျနော်တို့လည်း လုပ်ဖို့ လောလောဆယ် အစီအစဉ် မရှိပါဘူး။ တစ်ခြားပါတီလုပ် ရင်လည်း ကျနော်တို့က ဘယ်လိုပြောရမလဲ။ UEC က တကယ်လို့ ကန့်သတ်ချက် ဒါမှမဟုတ်ရင် လမ်းညွှန် ချက် ကောင်းကောင်း ရှိမထားဘူးဆိုရင်တော့ နောင်ကျရင် အဲဒီကိစ္စတွေက ပဋိပက္ခ ဖြစ်လာနိုင်ခြေရှိပါတယ်။
မေး - PACE Myanmar ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုဘူးလို့ ပြောဆိုနေတာတွေရှိတယ်။ အဲဒီအနေအထားက လာမယ့် ၂၀၂၀ ရွေး ကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှုအပါ်မှာ သက်ရောက်နိုင်သလား။ဘယ်လိုမြင်လဲ။
စိုင်းကျော်ညွှန့် - ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက နိုင်ငံတကာမှာဆိုရင် Independent Body ပေါ့။ လွတ်လပ်တဲ့ အဖွဲ့ အစည်းဖြစ်ရမယ်။ ကျနော်တို့ နိုင်ငံက ဖြစ်မနေဘူးဗျာ။ ရွေးကောက်ပွဲ ကော်မရှင်ကအစ၊ အခြေခံ ဥပဒေ ခုံရုံးကအစ နောက် လူ့အခွင့်အရေး ကော်မရှင်တို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ပေါ့၊ အဲဒါတွေ နိုင်ငံတကာမှာ ဆိုရင် အင်မတန်လွတ်လပ်တဲ့ Independent Body တွေဖြစ်တယ်။ အစိုးရနဲ့ မသက်ဆိုင်ဘူး။ အခုကျနော်တို့ဟာက အဲလိုပုံစံဖြစ်မနေဘူး။ ဖြစ်နေတော့က သူတို့ကို အစိုးရဘက် ယိုင် တယ်ပေါ့။ ပြောရမယ်ဆိုရင် အစိုးရက ခန့်ထားတာကိုး။ ခန့်ထားတော့ သူက သူ့ကို ခန့်ထား တဲ့သူကို သူကြည့်ရတာကိုး သူ့ Boss သူ့သူဌေးကို သူကြည့်ရတဲ့ သဘောပေါ့ဗျား။ အဲဒါဆိုတော့က ကျနော်တို့ နိုင်ငံက ကြည့်လိုက်ရရင် ဘက်လိုက်မှုကင်းကင်းနဲ့ လုပ်တာတွေက သိပ်မရှိဘူး အားနည်းတယ် အဲလိုပုံစံ ဗျာ။ ဘက် လိုက်မှုကင်းတဲ့ ပုံစံတွေ တအားနည်းတယ်။ ဆိုတော့ ကိုယ့်ရဲ့ အစိုးရဖြစ်နေတဲ့ပါတီကို အလေးသာ စေမယ့် ကိစ္စတွေ လုပ်လေ့လုပ်ထရှိတယ်။ ကျနော်တို့ နိုင်ငံရဲ့ အလေ့အကျင့်က အဲဒါတော့ မကောင်းဘူးဗျာ။ ကျနော် တို့ သွားချင်တာ ဒီမိုကရေစီကျင့်သုံးတဲ့ (Democratisation) တိုင်းပြည်ဆိုရင်တော့ဖြင့် Election က အရမ်းအ ရေးကြီးတယ်။ဒီမိုကရေစီ တိုင်းပြည်တစ်ခုအတွက် အဓိက ဒီ Election က ဘယ်လောက်မျှတ(Fair) တယ်။ ဘယ် လောက် လွတ်လပ် (Free) သလဲပေါ့။ အဲဒါကို တိုင်းတာ နိုင်ဖို့အတွက်က စောင့်ကြည့် လေ့လာတဲ့သူ လိုတယ်။ သူ့ရဲ့ သမာသမတ်ရှိမှုပေါ့။ UEC ရဲ့ တာဝန်ယူမှု တာဝန် ခံမှုကို ဘယ် သူတွေက လေ့လာမလဲ စောင့်ကြည့်မလဲ ဆိုတာကို အဲဒီ စောင့် ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက အရမ်းအရေးကြီးတယ်။ အဲဒီနေရာမှာ ပြည်တွင်းရှိမယ် ပြည်ပရှိမယ်။ အဲဒီစောင့်ကြည့်လေ့လာခွင့်ကို မပေးဘူးဆိုရင်တော့ ဒါက ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုကို မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။ ဒါက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်နေပါတယ် ပြောပြီးတော့ ပွင့်လင်း မြင်သာမှု မရှိဘူး သူတို့လည်း ပြောတာရှိပါတယ်။ UEC က လူကြီးတွေ ကျနော်တို့ကို စောင့်ကြည့်စရာ မလိုဘူးဆိုတဲ့ သဘော ဆိုတော့ အဲတာကလုံးဝလွှဲမှားပါတယ်။ အဲတော့ အခုလိုမျိုး စောင့်ကြည့်လေ့လာခွင့် မရှိဘူး လုပ်လာတယ်ဆိုရင်တော့ အကြောင်းပြချက်တော့ ရှိတာပေါ့။ နိုင်ငံတကာ ငွေယူတယ်တို့၊ အဖွဲ့အစည်းကို မှတ်ပုံမတင်ထားဘူးတို့ ပြောလို့တော့ရတယ်။ ဒါပေမဲ့ အဖွဲ့အစည်းကို မှတ်ပုံတင်ခြင်း မတင်ခြင်းဟာ ဘာမှမဖြစ်ဘူးဗျာ။ အဲဒီ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဥပဒေအရဆိုရင်က တင်လည်းရတယ်။ မတင်လည်းရတယ်။ နိုင်ငံတကာ ငွေဆိုတာကလည်း အဲဒါက အစိုးရတောင် မလွတ်ပါ ဘူးဗျာ။ UEC ကိုယ်တိုင်တောင် မလွတ်ပါဘူးဗျား။ နိုင်ငံတကာ ငွေကိုယူနေတဲ့ကိစ္စက အကြောင်းပြချက်သက်သက်ပဲဖြစ်တယ်။ အဲတော့ ကျနော်မြင်တာက ဒီလိုမျိုးဆုံး ဖြတ် ချက်တွေက နိုင်ငံရေးဆန်တယ်လို့ကို ကျနော်တို့က မြင်တယ်။ နိုင်ငံရေး ဆန်တဲ့ နိုင်ငံရေးဘက်လိုက်မှု သံသယရှိ စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ကျနော်တို့က မြင်တယ်။