ရခိုင်ကစစ်ဘေးရှောင်များ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး

ရခိုင်ကစစ်ဘေးရှောင်များ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် ရောက်ရှိနေကြသည့် စစ်ဘေးဒုက္ခသည်များအနေဖြင့်  ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးသည့်နည်းတူ  ရွေးကောက်ပွဲကျင်းပမည့်နေ့ကိုပင်မသိဟု ရသေ့တောင်မြို့နယ်မှ ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာကပြောသည်။

“စစ်ဘေးရှောင်တွေကတော့ မဲစာရင်းတွေကို စိတ်လည်းမဝင်စားဘူး။ မဲစာရင်းတွေကို သွားကြည့်တာလည်း တစ်ယောက်မှ မရှိဘူး” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များမဲစာရင်းနှင့်ပတ်သက်၍ အစိုးရက တရားဝင်ဖွင့်ထားသည့်စခန်းများတွင် မဲစာရင်းကပ်ထားပေးကြောင်း စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစံသာမောင်က ပြောသည်။

“အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ စခန်းတွေမှာတော့ မဲစာရင်းကို ကပ်ပေးထားတယ်။ တစ်ခြားနေရာတွေမှာတော့ စစ်ဘေးရှောင်တွေကလည်း အတည်တကျမရှိဘူး။ စစ်ဘေးရှောင်တွေက အတိုး၊အလျော့ ဖြစ်နေတဲ့အတွက် သူတို့တွေကို အတည်တကျသတ်မှတ်ထားလို့ မရသေးဘူး” ဟု၎င်းက ပြောသည်။

သို့သော် စစ်ဘေးရှောင်များသည် မဲထည့်ရမည့်နေရာနှင့်ပတ်သက်၍ အတိအကျမသိရှိခြင်းကလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းသွားခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းသို့  စစ်ဘေးရှောင်အဖြစ်ရောက်လာသူ ဦးအောင်ထွန်းသိန်းက “ကျနော်တို့က အခုကယ်ဆယ်ရေးကို ရောက်နေတဲ့အတွက် မဲစာရင်းမှာ ကိုယ့်နာမည် ပါလား၊ မပါဘူးလားဆိုတာကိုမသိဘူး။ မဲထည့်ဖို့ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့မှာ စီစဉ်ထားတာတွေလည်း ဘာတစ်ခုမှ မရှိဘူး။ တကယ်လို့ဒီမှာထည့်လို့ရတယ်ဆိုရင်တော့ ထည့်သွားမှာပါ။ ကော်မရှင် ကလည်း ကျနော်တို့ စစ်ဘေးရှောင်တွေကို မဲထည့်ရမယ့်နေရာကို အသိ‌ပေးတာ မရှိဘူး” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် အစိုးရက တရားဝင်ဖွင့်ထားသည့် စခန်းများအပါအဝင် စစ်ဘေးရှောင်စခန်း ၁၅၀ ဝန်းကျင်ခန့်ရှိပြီး စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...