ရခိုင်နှင့် ချင်းပြည်နယ်တွင် ထိုးစစ်ကြောင့် အရပ်သားများသေဆုံးနေမှုအပေါ် ကချင်လူထု အမြင်

ရခိုင်နှင့် ချင်းပြည်နယ်တွင် ထိုးစစ်ကြောင့် အရပ်သားများသေဆုံးနေမှုအပေါ် ကချင်လူထု အမြင်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့်  AA တို့ တိုက်ပွဲကြောင့် ပြည်သူများ၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသောကြောင့် စစ်ပွဲရပ်တန့်ရန် လိုအပ်ကြောင်း ကချင်လူထုကလည်း ပြောဆိုနေကြသည်။

Covid-19 ကူးစက်ရောဂါကို ကာကွယ်တိုက်ဖျက်နေချိန် ပြည်တွင်းစစ်အားလုံးကို ရပ်တန့်ဖို့ ကုလသမဂ္ဂဘက်မှ ကြေငြာထားသည့်အညီ မြန်မာပြည်အနောက်ဘက်တွင်ဖြစ်ပွားနေသော အစိုးရမှ အင်တာနက်ဖြတ်တောက်မှုနှင့် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှလည်း ဧပြီ ၂၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

မြန်မာပြည်၏ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းလို့မရကြောင်း ကချင်လူထု၏ အမြင်ကို ကချင်သတင်းဌာန KNG မှ ဖော်ပြထားပါသည်။



ဦးလွမ်းဇောင်း (ကချင်လူငယ်)

“စစ်ရေးနှင့် တိုက်ခိုက်ချေမှုန်းပြီး ဖြေရှင်းတဲ့နည်းနဲ့ အဖြေထွက်မယ်ဆို မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် ၇၀ ခန့်က ထွက်ခဲ့ပြီ။ ဒါပေမဲ့ ယနေ့ထိ နိုင်ငံရေးကို စစ်ရေးနှင့် ဖြေရှင်းနေတာ အဖြေမထွက်သေးဘူး။ ဒါကြောင့် စစ်ရေးနှင့် နိုင်ငံရေးကိုဖြေရှင်းနေမှုအပေါ် ကျွန်တော်တို့ လုံးဝ မယုံကြည်ဘူး။ အခု ရက္ခိုင်တော်လှန်ရေးအဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဒေါ်အောင်ဆန်းစုကြည် က ကြားခံ လူကြီး လုပ်လို့ မရတော့ကြောင်း သူကအသိပေးလိုက်ပြီဖြစ်တဲ့တွက်ကြောင့် ရခိုင်နှင့် တပ်မတော်တွေကြား ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အရေးတကြီး အမြန်ဆုံးလိုအပ်လိမ့်မယ်။ ပြီးရင် ပြည်သူတွေ ၊ ကလေးတွေ ၊ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုတွေ ရွာသူရွာသားတွေ ဒုက္ခရောက် ခံစားနေရတာကို အမြန်ဆုံးကာကွယ်ပေးရမယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ကြားခံလူကြီး အမြန်လိုအပ်နေတာ တွေ့ရတယ်။”





ဒေါ်ဆန်ထွယ် (ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ KWAT)

“တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်တာရပ်ပြီး၊ လူ့အသက်ကို မတိုက်ခိုက်ဘဲ စုဆောင်းခေါ်ဆောင်သွားမှုတွေ ရပ်ရမယ်။ ရောဂါကာကွယ်မှုကို ဘယ်လိုစုပေါင်းပြီး ပံ့ပိုးပေးကြမယ်ဆိုတာ၊ စစ်တပ်မှာ သုံးနေတဲ့ ငွေကို ကျန်းမာရေးဌာနဘက်ကို ဘယ်လောက်ပါဆင့်တိုးပြီး သုံးမယ်စသဖြင့်။”



ဆရာတန်ဂွန်း (ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့)

“ဘယ်တော်လှန်ရေးအဖွဲ့ကိုမဆို မြန်မာပြည်ရဲ့ နိုင်ငံရေးပြသနာက စစ်မှန်တဲ့ ပြည်ထောင်စု မဖြစ်လာတဲ့ပြသနာဖြစ်တယ်လို့ အားလုံးက နားလည်ထားပြီးသားဖြစ်တယ်။ ဟိုဘက်တစ်မျိုး ဒီဘက်တစ်မျိုး၊ ဟိုဘက်ကို တိုက်ခိုက်လိုက် ဒီဘက်ကို ငြိမ်းချမ်းလိုက် တစ်မျိုးမျိုး လုပ်တဲ့နည်းက အဖြေမှန်ရမဲ့နည်း မဟုတ်ဘူးလို့ မြင်တယ်။”



ဒေါ်နန်ပူ (ထွယ်ဂျဲန်ဒါဖွံ့ဖြိုးရေးအဖွဲ့)

“စစ်ပွဲကို သူတို့ကဘဲ ဖြစ်ပွားအောင် လုပ်နေတယ်။ ပဠိပက္ခကို သူတို့ကဘဲဖြစ်စေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးရဖို့ ပိုခက်ခဲသွားပြီ။ AA ဘက်ကလည်း ပိုစိတ်နာပြီး ဒီပြည်သူတွေလည်း ပိုထိခိုက်နစ်နာတော့ စစ်ပွဲ စတင်စေခဲ့တဲ့ အစိုးရနှင့် အစိုးရတပ်တွေကို ဘယ်လိုမှ အကောင်းဘက်ကို မမြင်နိုင်တော့ဘူး။ ဒါကြောင့် စစ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံကို ပြန်တည်ထောင်မယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုရဖို့ ပိုခက်ခဲသွားတဲ့ဘက် ရောက်သွားတယ်။ ဒီလိုတွေကြောင့် အခုလက်ရှိအစိုးရနှင့် အစိုးရတပ်တွေရဲ့ လှုပ်ရှား လုပ်ဆောင်မှုတွေက ကျွန်တော်တို့ နိုင်ငံကို ပိုပြီး ဒုက္ခရောက်စေတယ်။ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲမှုတွေကို ပိုဖြစ်စေတယ်လို့ တွေ့ရတယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်လာဖို့အတွက် ကြိုးစားမှုက မဖြစ်လာဘဲ ပိုဝေးသွားသလို တွေ့ရတယ်”

Most read this week

April 22, 2025
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး...
မြစ်ကြီးနား လေယာဉ်ကွင်း။ Photo - Crd
April 10, 2025
မန္တလေး – မြစ်ကြီးနား လေယာဥ်လက်မှတ်စျေး အဆမတန်မြင့်တက်နေပြီး ဝယ်ယူရလည်း ခက်ခဲတယ်လို့...
April 9, 2025
ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ်နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်...
ဖားကန့် သွားလမ်းမှာ ခရီးသွားယာဉ်တွေ ပိတ်ဆို့နေတဲ့အခြေအနေ (ပုံဟောင်း)
April 8, 2025
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်း လီဒိုကားလမ်းပိုင်းမှာ KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တပ်တို့...