ကျောက်ဖြူတွင် ငါးဖမ်းစက်လှေတစ်စီးကို သင်္ဘော ဝင်တိုက်မိသောကြောင့် လေးဦး သေဆုံး

ကျောက်ဖြူတွင် ငါးဖမ်းစက်လှေတစ်စီးကို သင်္ဘော ဝင်တိုက်မိသောကြောင့် လေးဦး သေဆုံး

ခိုင်မင်း(ကျောက်ဖြူ) — ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ငါးဖမ်းစက်လှေတစ်စီးအား အမည်မသိသင်္ဘောတစ်စီးက ဝင်တိုက်မိရာမှ စက်လှေပေါ်တွင်လိုက်ပါလာသူ (၄)ဦးသေဆုံးသွားကာ တစ်ဦးပျောက်ဆုံးလျက်ရှိသည်ဟု ကျောက်ဖြူ မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ စက်လှေပေါ်တွင် လူ (၇)ဦး လိုက်ပါလာပြီး ဇန်နဝါရီလ (၁၃)ရက်နေ့၊ ညနေပိုင်း ကင်းပင်လယ်နားကျေးရွာအနီးရှိ ကင်းချောင်းပင်လယ်ဝတွင် ငါးဖမ်းနေစဉ် သင်္ဘောတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးအသက်ရှင်လွတ်မြောက်သွားသည်။ ကျန်(၅)ဦးအနက် လေးဦးကို စက်လှေဝမ်းဗိုက်အထဲတွင် သေဆုံးပုတ်ပွလျက်တွေ့ရှိခဲ့ပြီး တခြားတစ်ဦးမှာ ပျောက်ဆုံးနေဆဲဟု ကျောက်ဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောသည်။

“စက်လှေနဲ့ ဘယ်သဘောင်္နဲ့ တိုက်သွားတယ်ဆိုတာတော့ မသိရဘူး။ ရေပေါ်မှာတွေ့တာကတော့ (၂)ယောက်၊ ရေအောက်မှာ အလောင်းပါလာတာက (၄)ယောက်ပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်လှေမှာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ ဦးအောင်ကျော်နု ပိုင်ဆိုင်သည့် ငါးဖမ်းစက်လှေဖြစ်ပြီး ပိုင်ရှင်လည်းသေဆုံးသည်။ ထိုဖြစ်စဉ်ကိုသိရှိပြီးနောက် ဦးအောင်ကျော်နု၏အစ်ကို ဦးမောင်ထွန်း အေးနှင့်ရွာသားများ လိုက်လံရှာဖွေရာတွင် စက်လှေကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ငါးဖမ်းစက်လှေ အတိုက်ခံရခြင်းနှင့်ပတ်သက်ပြီး ဦးမောင်ထွန်းအေးက တရားလိုပြုလုပ်ကာ အမည်မသိ သင်္ဘောမောင်းနှင်သူကို အရေးယူပေးရန်တိုင်ကြားလာသဖြင့် (ပ)၆၀/၂၀၂၀၊ရာဇသတ်ကြီး ပုဒ်မ- ၂၈၀/၃၀၄-က ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

September 17, 2024
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီအား...
September 17, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်ရှိ ကျေးလက်ဒေသမှ အမျိုးသမီးငယ်များမှာ အလုပ်အကိုင်အခွင့်အလမ်း...
September 16, 2024
အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး...
September 13, 2024
စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ပြည်သူ့စစ်များကို လစာပေးရန်အတွက် မွတ်ဆလင်...