Published
Monday, May 14, 2018
ရခိုင်ဘာသာ အစီအစဉ် (မေလ ၁၃၊ ၂၀၁၈)
ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ် ညီလာခံကို လာမယ့်နှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ ပါတီတာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်ပါတယ်။
ပေါက်တောမြို့နယ်က ပေ ၃ သောင်းကျော်ရှည်တဲ့ ငခူရှည်ဆည်မြောင်းတာတမံကို ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဆည်ဖို့ထားတဲ့အတွက် ဆားငံရေဝင်ရောက်ပြီး လယ်ယာမြေတွေပျက်စီးလာမှာကို လယ်သမားတွေ စိုးရိမ်နေကြပါတယ်။
စစ်တွေမှာရှိတဲ့ ဘေးတွဲဆိုင်ကယ် ၃ဝဝ လောက်ကို တရားမဝင်ဘူးလို့ဆိုပြီး ဖမ်းဆီးနေတဲ့အတွက် ဘေးတွဲဆိုင်ကယ်သမားတွေ ဒုက္ခရောက်နေကြပါတယ်။