မှန်ကန်သော တော်လှန်ရေးပန်းတိုင်နှင့် ယနေ့လူငယ်

မှန်ကန်သော တော်လှန်ရေးပန်းတိုင်နှင့် ယနေ့လူငယ်

ကရင်လူမျိုးများ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် လက်နက်ကိုင် တော်လှန်ရေးကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဆင်နွှဲခဲ့ရာ ယခု ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်နေ့ဆိုလျှင်  ၆၉နှစ် တိုင်ခဲ့ပြီး ဖြစ်သည်။ ယခုလို နှစ် ရဝနီးပါးကြာမြင့်ခဲ့သော ကရင့်တော်လှန်ရေး၏ မူလရည်မှန်းချက်မှာ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်အတွက် ဖြစ်သကဲ့သို့ မျက်မှောက်အချိန်ထိ အောင်မြင်မှုပန်းတိုင် မရောက်ရှိသေးသလို ရှုံးနိမ့် သွားသည့် အနေအထားလည်း မဟုတ်ပေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာဖြေရှင်းမည်ဟူသော ကေအဲန်ယူ၏ နိုင်ငံရေးမူ ၀ါဒအရ လက်ဆင့်ကမ်းလာခဲ့ရာ ယခုအချိန်မှာ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးသည့်အဆင့် ရောက်ရှိနေနှင့်ပြီဟု ပြောဆိုရပေမည်။

တော်လှန်ရေးခရီး စတင်ချိန်က ဦးဆောင်ခဲ့သည့် ခေါင်းဆောင်များမှာ မရှိတော့သလောက် ဖြစ်နေသလို ထက်မြက်သည့် မျိုး ဆက်သစ်ခေါင်းဆောင် များစွာ ပေါ်ထွန်းလာရန်လည်း အလွန် အရေးကြီးနေသည့် အချိန်ကာလလည်း ဖြစ်နေသည်။ တော် လှန်ရေးခရီးလမ်းဟူသည်မှာ ပန်းခင်းလမ်းမဟုတ်သည်ကတော့ အသေအချာပင်။ ထို့အတွက် မျိုးဆက်သစ်များကလည်း ခံယူချက်မှန်မှန်၊ အချော့ အမြှောက်နှင့် ခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိရှိ လုပ်နိုင်စွမ်းသော သတ္တိ၊ ဗျတ္တိ ထားရှိရင်း ပုခုံးပြောင်း တာဝန်ယူကြမည့်သူ များစွာလိုအပ်သည်။

ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ရေုး အလေးထားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ၁၁ဦးမြောက် သမ္မတ (၂၀၀၂- ၂၀၀၇)ထိ တာဝန်ယူခဲ့သူ ဒုံးပျံသိပ္ပံပညာရှင် အေ ပီ ဂျေ အဒူကလမ် (A. P. J. Abdul Kalam ) က ဖွံ့ဖြိုးပြီး အိန္ဒိယနိုင်ငံကို လူငယ်မျိုးဆက်သစ်များဖြင့် ထူထောင်သွားရမည်ဟု ပြောဆိုခဲ့သည့်အတိုင်း ၂၀၀၀ ပြည့်လွန်နှစ်များ ကတည်းက အိန္ဒိယလူငယ်များကို အိပ်မက်မက်စေခဲ့ရာ လက်ရှိမှာ ရုပ်လုံးပေါ်လာသည်ကို တွေ့နိုင်သည်။

လက်ရှိ ကရင်လူငယ်မောင်မယ်များအနေဖြင့် အမျိုးသားရေးတာဝန် ပခုံးပြောင်းဆက်ထမ်းဆောင်ရန် ပြင်ဆင်ရတော့မည့်အချိန် ဖြစ်ရာ ပန်းတိုင်ရောက်ရှိနိုင်ချိန်ကို မခန့်မှန်းနိုင်သေးသည့်တိုင် တာဝန်အတွက် အဆင်သင့်ဖြစ်နေရန် လိုသည်။ ထို့အပြင် တော် လှန်ရေးခရီး အချိုးအကွေ့မှာ မျက်မှောက်နိုင်ငံရေး အလှည့်အပြောင်းနှင့်လည်း ဆက်စပ်နေပေရာ ထိုအတွက် သတိတရား၊ နှင့်အတူ အသိတရားရှိရှိဖြင့် ပံ့ပိုးကူညီမှုအခန်းကဏ္ဍမှသည် ဆွေးနွေး၊ ဆုံးဖြတ်နိုင်မှုအပိုင်းထိ ပါဝင်တာဝန်ယူစေချင်သည်။

ကရင့်တော်လှန်ရေးတစ်လျှောက် စောဘဦးကြီး အပါအဝင် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်ခဲ့ဖူးပေသည်။ ယင်းခေါင်း ဆောင်များ၏ မူဝါဒအပေါ် ရပ်တည်ချက်ခိုင်မာမှု၊ ကိုယ်ကျိုးစွန့်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ နိုင်ငံရေးစည်းရုံးမှုများမှာ တော် လှန်ရေးအတွက် မောင်းနှင်အားများဖြစ်ခဲ့သည်ကို ယနေ့လူငယ်များ လေ့လာသင်ယူနိုင်သည်။ ထိုသို့ အားကျအတုယူသင့်သည့် ထူးချွန်ခေါင်းဆောင်များရှိခဲ့သလို တော်လှန်ရေးခရီးလမ်း တစ်ဝက်တစ်ပျက်၊ တစ်ပိုင်းတစ်ပြတ်ဖြင့် လက်တွဲဖြုတ်ခဲ့၊ လမ်းခွဲခဲ့သူ များကိုလည်း သမိုင်းစာမျက်နှာ လေ့လာပါက မြင်သာနိုင်မည်ဖြစ်သည်။ 

အချုပ်ဆိုရသော် နိုင်ငံရေး၊ အမျိုးသားရေးနှင့် လက်ရှိ တည်ဆောက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစွန်းရောက် သည့် တွေးခေါ်မှုမျိုး မကိန်းဝပ်စေဘဲ အမျှော်အမြင်ရှိစွာ မျက်စိတဆုံး လှမ်းမြင်လုပ်ဆောင်နိုင်ရန် အရေးကြီးနေပေသည်။ ဤ သို့အရေးကြီးနေသည့်အလျောက် တော်လှန်ရေးကို မိမိတို့အမျိုးသားများနှင့် တိုင်းရင်းသားပြည်သူများ အခွင့်အရေးအတွက် ကာကွယ်ခုခံခြင်းအပြင် ဆိုးဝါးစွာ ဖြစ်ရှိနေသည့် အခြေအနေ တစ်အုံလုံးကို ပြောင်းလဲပစ်လိုသော၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထွန်းကားသော၊ တိုင်းပြည်တစ်ခုကို ၀ိုင်းဝန်းထူမတ် တည်ထောင်ပြောင်းလဲလိုသော စိတ်ဓာတ်မှန်ကန်မှုများနှင့်အတူ မျိုးဆက် သစ် ကရင်လူငယ်မောင်မယ်များ သမိုင်းပေးတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်သွားကြပါစေသားဟု တိုက်တွန်းလိုပါသည်။

Most read this week

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...