မဲစယ်မြို့အတွက် အဓိကစီးပွားရေးတိုးတက်ပြီးနယ်စပ်ကုန်သွယ်ရေးလမ်းပွင့်ဖို့လုပ်ဆောင်မည်

မဲစယ်မြို့အတွက် အဓိကစီးပွားရေးတိုးတက်ပြီးနယ်စပ်ကုန်သွယ်ရေးလမ်းပွင့်ဖို့လုပ်ဆောင်မည်
by -
ထျိုးမြာ
ထျိုးမြာ — “ကယားပြည်မှာလဲ ရှမ်းတွေအများကြီးရှိတယ်လေ၊ ဒါပေမဲ့ကွဲနေကြတယ်။ အဲ့ဒါကြောင့် စုစုစည်းစည်းနေစေချင်တယ်။ နောက်ပြီးတော့ အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ စီးပွားရေး၊ အစစအရာရာကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ဝင်ပြိုင်တာဖြစ်တယ်” ဟု မယ်စဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မနန်းစောဝင်းဖြူက မေးမြန်းမှုများကိုဖြေကြားခဲ့ပါတယ်။

မေး ။  ။ အစ်မကဘယ်လွတ်တော် ဘယ်မဲဆန္ဒနယ်မှာဝင်ပြိုင်မှာလဲ။

ဖြေ ။  ။ မယ်စဲမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်ကနေဝင်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်မပါတီကတော့ ကျားခေါင်းပါတီရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲချုပ်ပါတီ (SNLD) ၊ ဥက္ကဌကတော့ ဦးကိုထွန်းဦး ဖြစ်ပါတယ်။

မေး ။  ။ အစ်မကဒီကျားခေါင်းပါတီထဲကို လွတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရွေးချယ်ခံရ တဲ့ရည်ရွယ်ချက်လေးပြောပြပေးပါ။

ဖြေ ။  ။ ကယားပြည်မှာလဲ ရှမ်းတွေအများကြီးရှိတယ်လေ၊ ဒါပေမဲ့ကွဲနေကြတယ်။ အဲ့ဒါကြောင့် စုစုစည်းစည်းနေစေချင်တယ်။ နောက်ပြီးတော့ အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ စီးပွားရေး၊ အစစအရာရာကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ဝင်ပြိုင်တာဖြစ်ပါတယ်။

မေး ။  ။ မယ်စဲပြည်သူ့လွှတ်တော်မှာ ဘယ်သူတွေနဲ့ဝင်ရောက်ယှဉ်ပြိုင်ရမှာပါလဲ။

ဖြေ ။  ။ ကြံ့ခိုင်ရေးက ဆရာအောင်ကျော်ထင်းတို့နဲ့ပါ။ နိုင်ငံရေးဘက်မှာတော့ ဝါရင့်တဲ့ဆရာတွေနဲ့ ဝင်ပြိုင်ရမှာပါ။  ပြည်သူ့လွှတ်တော်ကမယ်စဲမှာ သုံးယောက်လောက်ပဲရှိပါတယ်။

မေး ။  ။ အစ်မအနေနဲ့ ပြိုင်ဘက်တွေများနေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါသလား။

ဖြေ ။  ။ ကျွန်မတို့စလုပ်တယ် ဆိုကတည်းကကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလို့လုပ်တာပေါ့နော်။ ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ ကိုယ့်ကြိုးစားမှုအပေါ်မှာလဲမူတည်တယ်လေ။ ကျွန်မတို့ပါတီကလဲထောင် တာ နဲနဲသက်တမ်းနုသေးတယ်။ လပိုင်းပဲရှိသေးတယ်။ ဒါပေမဲ့ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီတစ် နှစ်မဖြစ်ရင်လဲ နောက်လာမည့်ငါးနှစ်မှာ ဖြစ်အောင်လို့လမ်းခင်းထားတဲ့သဘောမျိုးပေါ့နော်။

မေး ။  ။ အစ်မအရင်က မယ်စဲမှာနေခဲ့တာလား။

ဖြေ ။  ။ ကျွန်မက မယ်စဲကို အသွားအလာတော့လုပ်တယ်။ မယ်စဲမှာက မောင်လေးတို့ရှိတယ်လေ၊
မယ်စဲမှာကလူဦးရေနည်းတယ်လို့သိထားတယ်ရှင့်၊ ဝန်ထမ်းေတွေပိုများတယ်။

မေး ။  ။  မဲစယ်မှာဝင်ပြိုင်တာ အစ်မ အနေနဲ့ ဘာအခက်အခဲ့ကြုံတွေ့ပါသလဲ။

ဖြေ ။  ။ အခက်အခဲတွေတော့ အများကြီးရှိတယ်။ အစကတည်းက ရှမ်းတွေကကွဲနေကြတယ်၊ ဒါပေမဲ့မျိုးချစ်စိတ်မရှိကြလို့ မဟုတ်ဘူးပေါ့နော်။ ခေါင်းဆောင်ပေးမဲ့သူမရှိတော့သူတို့ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး တချို့လူတွေကလဲ ဝန်ထမ်းတွေနဲ့ ထိတွေ့ဖန်များတော့ ဝန်ထမ်းစိတ်ပဲများတယ်။

မေး ။  ။ ဒေသပိုင်းဆိုင်ရာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာကောဘာပြောချင်လဲ။

ဖြေ ။  ။ တပ်ပိုင်းကတော့ သူတို့အနေနဲ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ပြည်သူလူထု ထောက်ခံ မှုရနိုင်မှာမဟုတ်လောက်ဘူးပေါ့နော်။ ဒါပေမဲ့အကုန်လုံးကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ချို့ကလဲပြောင်းလဲချင်တယ်။ ဘာပဲဖြစ်ဖြစ်ကျွန်မကတော့ အားမငယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ စည်းရုံးရေးဆင်းတဲ့အချိန်မှာသူတို့ကပြောတယ်။ ပေးတာကတော့ယူမှာပဲ ဘာပေးပေး ယူမှာပဲ  ဒါပေမဲ့မဲပေးတဲ့ချိန်ကြတော့ ကိုယ်ကြိုက်တဲ့ပါတီကိုပဲ မဲထည့်မှာပေါ့တဲ့ အဲ့စကား တစ်ခွန်းကြားတာနဲ့ကို ကျွန်မတို့အားရှိတယ််။

မေး ။  ။ မယ်စဲမှာကြတော့ နယ်စပ်ကုန်သွယ်ရေးစခန်းရှိတယ်ပေါ့နော်။ ဒီအချိန်မှာ အစ်မအနေနဲ့ အဲဒီမှာတစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိလား။

ဖြေ ။  ။ ကျွန်မကတော့ အဓိက စီးပွားရေးတိုးတက်စေခြင်တယ်။ စီးပွားရေးနဲ့ ပညာရေးပေါ့ စီးပွားရေး တိုးတက်ရင်တောာ့ ပညာရေးက လိုက်လာမှာပဲလေ။
မေး ။  ။ အဲဒါဆိုရင် ကယားပြည်နယ်မှာ အဓိကဘာစီးပွားရေးလုပ်ရမှာလဲ။

ဖြေ ။  ။ လမ်းပွင့်ပြီ ဆိုမှတော့ အဓိက ကုန်ကူးတာတွေရှိမှာပဲလေ၊ ကယားမှာကတော့ ပဒေါင်ငရုပ် သီးလေးေတွေကစျေးကွက်တအားဝင်တယ်။ ထိုင်းမှာဆိုရင် ငရုပ်သီးဝယ်ရင် ပီကင်းသီးလား အရင်ဆုံးမေးတယ်၊ ပီကင်းသီးမှ သူတို့ဝယ်ချင်ကြတယ်။ နာမည်ကတော့ ပီကင်းသီးပေါ့ ဒါပေမဲ့ ကယား ပြည်နယ်မှာပဲထွက်တယ်။ နောက်ပြီးတော့ နှမ်း တွေထွက်တယ်။ ပဲတွေ ထွက်တယ်။ ပြောင်းတွေ ထွက်တယ်လေ။

မေး ။  ။ အစ်မအနေနဲ့အနိုင်ရခဲ့မယ်၊ ပြည်သူ့လွတ်တော် တစ်ဦးဖြစ်ခဲ့မယ်ဆိုရင်လွှတ်တော်ထဲမှာ ဒီမဲဆန္ဒနယ်တွေအတွက် စစချင်း ဘာကိုအဆိုတင်သွင်းမလဲ ဘာမေးခွန်းတွေမေးဖို့စီစဉ်ထားတာ ရှိလဲရှင့်။

ဖြေ ။  ။ တအားကြီးဆုံးဖြတ်ချက်ချထားတာတော့မရှိပါဘူး။ အဆင်ပြေသလို မေးသွားမှာပါ။ အဓိက ကတော့ ဒီလမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ၊ စီးပွားရေးတွေပေါ့။

မေး ။  ။ အစ်မအနေနဲ့ ဖြည့်စွက်ပြီးပြောချင်တာရှိလား။

ဖြေ ။  ။ ကျွန်မပြောချင်တာကတော့ ကျွန်မတို့ဒီပြည်သူ့လွတ်တော်ကနေ အနိုင်ရခဲ့ရင် ရှမ်းလူမျ်ိုး ရယ်လို့မှ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုး ပေါင်းစုံအတွက် ကျွန်မတတ်နိုင်သလောက်ကူညီပေး သွားမယ်လို့ ကျွန်မသစွာပြုပါတယ်။

ကိုယ်ရေးအကျဉ်း
အမည်        -  မနန်းစောဝင်းဖြူ    
အသက်    -  ၃၂ နှစ်
ပညာအရည်အချင်း    -  B.A ( Myanmar )
ပါတီ/နိုင်ငံရေး        -  SNLD ကျားခေါင်းပါတီ
အလုပ်အကိုင်        -  ဘေဘီစတိုးဆိုင်

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...