မေး ။ ။ အစ်မကဘယ်လွတ်တော် ဘယ်မဲဆန္ဒနယ်မှာဝင်ပြိုင်မှာလဲ။
ဖြေ ။ ။ မယ်စဲမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်ကနေဝင်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်မပါတီကတော့ ကျားခေါင်းပါတီရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲချုပ်ပါတီ (SNLD) ၊ ဥက္ကဌကတော့ ဦးကိုထွန်းဦး ဖြစ်ပါတယ်။
မေး ။ ။ အစ်မကဒီကျားခေါင်းပါတီထဲကို လွတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရွေးချယ်ခံရ တဲ့ရည်ရွယ်ချက်လေးပြောပြပေးပါ။
ဖြေ ။ ။ ကယားပြည်မှာလဲ ရှမ်းတွေအများကြီးရှိတယ်လေ၊ ဒါပေမဲ့ကွဲနေကြတယ်။ အဲ့ဒါကြောင့် စုစုစည်းစည်းနေစေချင်တယ်။ နောက်ပြီးတော့ အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ စီးပွားရေး၊ အစစအရာရာကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ဝင်ပြိုင်တာဖြစ်ပါတယ်။
မေး ။ ။ မယ်စဲပြည်သူ့လွှတ်တော်မှာ ဘယ်သူတွေနဲ့ဝင်ရောက်ယှဉ်ပြိုင်ရမှာပါလဲ။
ဖြေ ။ ။ ကြံ့ခိုင်ရေးက ဆရာအောင်ကျော်ထင်းတို့နဲ့ပါ။ နိုင်ငံရေးဘက်မှာတော့ ဝါရင့်တဲ့ဆရာတွေနဲ့ ဝင်ပြိုင်ရမှာပါ။ ပြည်သူ့လွှတ်တော်ကမယ်စဲမှာ သုံးယောက်လောက်ပဲရှိပါတယ်။
မေး ။ ။ အစ်မအနေနဲ့ ပြိုင်ဘက်တွေများနေတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါသလား။
ဖြေ ။ ။ ကျွန်မတို့စလုပ်တယ် ဆိုကတည်းကကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလို့လုပ်တာပေါ့နော်။ ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ ကိုယ့်ကြိုးစားမှုအပေါ်မှာလဲမူတည်တယ်လေ။ ကျွန်မတို့ပါတီကလဲထောင် တာ နဲနဲသက်တမ်းနုသေးတယ်။ လပိုင်းပဲရှိသေးတယ်။ ဒါပေမဲ့ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဒီတစ် နှစ်မဖြစ်ရင်လဲ နောက်လာမည့်ငါးနှစ်မှာ ဖြစ်အောင်လို့လမ်းခင်းထားတဲ့သဘောမျိုးပေါ့နော်။
မေး ။ ။ အစ်မအရင်က မယ်စဲမှာနေခဲ့တာလား။
ဖြေ ။ ။ ကျွန်မက မယ်စဲကို အသွားအလာတော့လုပ်တယ်။ မယ်စဲမှာက မောင်လေးတို့ရှိတယ်လေ၊
မယ်စဲမှာကလူဦးရေနည်းတယ်လို့သိထားတယ်ရှင့်၊ ဝန်ထမ်းေတွေပိုများတယ်။
မေး ။ ။ မဲစယ်မှာဝင်ပြိုင်တာ အစ်မ အနေနဲ့ ဘာအခက်အခဲ့ကြုံတွေ့ပါသလဲ။
ဖြေ ။ ။ အခက်အခဲတွေတော့ အများကြီးရှိတယ်။ အစကတည်းက ရှမ်းတွေကကွဲနေကြတယ်၊ ဒါပေမဲ့မျိုးချစ်စိတ်မရှိကြလို့ မဟုတ်ဘူးပေါ့နော်။ ခေါင်းဆောင်ပေးမဲ့သူမရှိတော့သူတို့ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး တချို့လူတွေကလဲ ဝန်ထမ်းတွေနဲ့ ထိတွေ့ဖန်များတော့ ဝန်ထမ်းစိတ်ပဲများတယ်။
မေး ။ ။ ဒေသပိုင်းဆိုင်ရာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာကောဘာပြောချင်လဲ။
ဖြေ ။ ။ တပ်ပိုင်းကတော့ သူတို့အနေနဲ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ပြည်သူလူထု ထောက်ခံ မှုရနိုင်မှာမဟုတ်လောက်ဘူးပေါ့နော်။ ဒါပေမဲ့အကုန်လုံးကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ချို့ကလဲပြောင်းလဲချင်တယ်။ ဘာပဲဖြစ်ဖြစ်ကျွန်မကတော့ အားမငယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ စည်းရုံးရေးဆင်းတဲ့အချိန်မှာသူတို့ကပြောတယ်။ ပေးတာကတော့ယူမှာပဲ ဘာပေးပေး ယူမှာပဲ ဒါပေမဲ့မဲပေးတဲ့ချိန်ကြတော့ ကိုယ်ကြိုက်တဲ့ပါတီကိုပဲ မဲထည့်မှာပေါ့တဲ့ အဲ့စကား တစ်ခွန်းကြားတာနဲ့ကို ကျွန်မတို့အားရှိတယ််။
မေး ။ ။ မယ်စဲမှာကြတော့ နယ်စပ်ကုန်သွယ်ရေးစခန်းရှိတယ်ပေါ့နော်။ ဒီအချိန်မှာ အစ်မအနေနဲ့ အဲဒီမှာတစ်ခုခုလုပ်ဖို့ အစီအစဉ်ရှိလား။
ဖြေ ။ ။ ကျွန်မကတော့ အဓိက စီးပွားရေးတိုးတက်စေခြင်တယ်။ စီးပွားရေးနဲ့ ပညာရေးပေါ့ စီးပွားရေး တိုးတက်ရင်တောာ့ ပညာရေးက လိုက်လာမှာပဲလေ။
မေး ။ ။ အဲဒါဆိုရင် ကယားပြည်နယ်မှာ အဓိကဘာစီးပွားရေးလုပ်ရမှာလဲ။
ဖြေ ။ ။ လမ်းပွင့်ပြီ ဆိုမှတော့ အဓိက ကုန်ကူးတာတွေရှိမှာပဲလေ၊ ကယားမှာကတော့ ပဒေါင်ငရုပ် သီးလေးေတွေကစျေးကွက်တအားဝင်တယ်။ ထိုင်းမှာဆိုရင် ငရုပ်သီးဝယ်ရင် ပီကင်းသီးလား အရင်ဆုံးမေးတယ်၊ ပီကင်းသီးမှ သူတို့ဝယ်ချင်ကြတယ်။ နာမည်ကတော့ ပီကင်းသီးပေါ့ ဒါပေမဲ့ ကယား ပြည်နယ်မှာပဲထွက်တယ်။ နောက်ပြီးတော့ နှမ်း တွေထွက်တယ်။ ပဲတွေ ထွက်တယ်။ ပြောင်းတွေ ထွက်တယ်လေ။
မေး ။ ။ အစ်မအနေနဲ့အနိုင်ရခဲ့မယ်၊ ပြည်သူ့လွတ်တော် တစ်ဦးဖြစ်ခဲ့မယ်ဆိုရင်လွှတ်တော်ထဲမှာ ဒီမဲဆန္ဒနယ်တွေအတွက် စစချင်း ဘာကိုအဆိုတင်သွင်းမလဲ ဘာမေးခွန်းတွေမေးဖို့စီစဉ်ထားတာ ရှိလဲရှင့်။
ဖြေ ။ ။ တအားကြီးဆုံးဖြတ်ချက်ချထားတာတော့မရှိပါဘူး။ အဆင်ပြေသလို မေးသွားမှာပါ။ အဓိက ကတော့ ဒီလမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ၊ စီးပွားရေးတွေပေါ့။
မေး ။ ။ အစ်မအနေနဲ့ ဖြည့်စွက်ပြီးပြောချင်တာရှိလား။
ဖြေ ။ ။ ကျွန်မပြောချင်တာကတော့ ကျွန်မတို့ဒီပြည်သူ့လွတ်တော်ကနေ အနိုင်ရခဲ့ရင် ရှမ်းလူမျ်ိုး ရယ်လို့မှ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုး ပေါင်းစုံအတွက် ကျွန်မတတ်နိုင်သလောက်ကူညီပေး သွားမယ်လို့ ကျွန်မသစွာပြုပါတယ်။
ကိုယ်ရေးအကျဉ်း
အမည် - မနန်းစောဝင်းဖြူ
အသက် - ၃၂ နှစ်
ပညာအရည်အချင်း - B.A ( Myanmar )
ပါတီ/နိုင်ငံရေး - SNLD ကျားခေါင်းပါတီ
အလုပ်အကိုင် - ဘေဘီစတိုးဆိုင်