ကယားပြည်နယ်အတွင်း၌ မဲရုံ (၂၂၉)ရုံ ရှိပြီး မဲရုံ (၁)ရုံတွင် ရဲတစ်ဦးစီ လုံခြံုရေးတာဝန်ယူရမည်ဖြစ်ပြီး လက်ရှိ ပြည်နယ်ရဲများက လုံလောက်မှုမရှိသဖြင့် အထူးရဲများကိုထပ်မံခန့်အပ်ရခြင်းဖြစ်ကြောင်း လွိုင်ကော် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးဦးစီး သန်းထွန်းဝင်း ကပြောသည်။
“အထူးရဲ ခန့်အပ်တာက မဲရုံတရုံမှာ တာဝန်ထမ်းဆောင်ဖို့ ရဲတစ်ယောက်လိုပါတယ်။ ရဲတယောက်စီ လိုတဲ့အတွက် မဲရုံတရုံကို အထူးရဲ တစ်ယောက်ခန့်ပေးခြင်းဖြစ်တယ်။ အင်အားနဲ့ ရဲအင်အားကျ တော့(၅၀၀)ကျော်ကွာပါတယ်။ (၁) အချိုး (၅၀၀)ကျော်ပေ့ါ။ ဆိုလိုတာက ပြည်သူ အယောက် (၅၀၀)ကျော် မှာ ရဲ (၁)ယောက်ပေ့ါ။ အဲတော့ မမျှတဘူးပေ့ါ”ဟု ၎င်းကဆက်ပြောသည်။
ကယားပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်အင်အား (၅၀၀)နီးပါးရှိပေမယ့် မဲဆန္ဒှရှင် နှစ်သိန်းခုနှစ်သောင်းကို တာဝန်ယူရာတွင် လုံလောက်မှုမရှိ သည့်အတွက် အထူးရဲခန့်အပ်ရခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
၄င်းအထူးရဲတပ်ဖွဲ့ဝင်များကို မြို့နယ်အသီးသိီးရှိ မဲရုံအရေအတွက်ပေါ်မူတည်ပြီး မဲရုံတစ်ရုံလျှင် အထူးးရဲတစ်ဦးစီးတာဝန်ပေးခန့်အပ်သွားမည်ဖြစ်သလိုပြည်နယ်ရဲများကိုတော့တစ်ခြားလုံခြံုရေး ကဏ္ဍတွင်လည်းကောင်း ၊ မဲပုံးဆိုင်ရာပစ္စည်းများသယ်ဆောင်ခြင်းတွင်လည်းကောင်းတာဝန်ပေး အပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အထူးရဲများကိုခေါ်ရာတွင် ပါတီ၊ နိုင်ငံရေးကင်းရှင်းသူများနှင့် မီးသတ်တပ်ဖွဲ့များကိုခေါ်ယူလေ့ ရှိကြောင်းသိရသည်။
အထူးရဲများကို ရွေးကောက်ပွဲအတွက် အဓိကခန့်အပ်ခြင်းဖြစ်ပေမယ့် ကြိုတင်မဲပေးသည့်ရက်တွင် တာဝန်ပေးအပ်ခြင်းမရှိသေး ပဲတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မဲပေးမည့် အောက်တိုဘာလ (၈)ရက် တစ်ရက်သာ တာဝန်ပေးအပ်သွားမညြ်ဖစ်ကြောင်း သတင်းရရှိသည်။
အထူးရဲများကို အောက်တိုဘာလ(၁၅)ရက်က စတင်ခန့်အပ်ပြီး နိုင်ဝင်ဘာ (၁၃)ရက်ထိခန့်အပ် သွားမည်ဖြစ်ပြီး ရဲဝန်ထမ်းလုပ်ရန် စိတ်ပါဝင်စားသူများကို ပြည်နယ် ရဲအဖြစ်ဆက်လက်ခန့်အပ် သွားမည်ဖြစ်ကြောင်းသိရသည်။
အထူးရဲတပ်ဖွဲ့ဝင်များကို သင်တန်းဆရာ (၁၄)ဦးဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံစစ်ရေးပြ၊ ရဲတပ်ဖွဲ့ဝင်များက လိုက်နာရမည့် နည်းဥပဒေ၊ ရဲတပ်ဖွဲ့ဝင်များ စောင့်ထိန်းရသည့် ဥပဒေ၊ ရွေးကောက်ပွဲတွင်အသုံးပြုနိုင်မည့် အပိုင်းများကို ဖြတ်ပြီးသင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အထူးရဲတပ်ဖွဲ့ဝင် (၁၉၃) ဦးကို အောက်တိုဘာလ(၂၀)ရက်မှ စတင်ပြီး အောက််တိုဘာ(၃၁)ရက် အထိ လွိုင်ကော်သာသနာ့ဗိမာန် တွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။