ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဦးသန်းလွင်မြင့်က ရှမ်းပြည်နယ်တဝန်းလုံးတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ရရှိခဲ့သော မဲစာရင်းများအား တစ်ဦးချင်း ကြေငြာပြီး နောက် လူမျိုးစုအလိုက်အနိုင်ရရှိသော တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်စာရင်းကို ထုတ်ပြန်ခဲ့သည်။
ကချင်တိုင်းရင်းသားလူမျိုးအတွက် တစ်သီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဦးဇုတ်ဒေါင်ကလည်းကောင်း၊ ကယန်းတိုင် ရင်းသား ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခွန်းအေးမောင်ကလည်းကောင်း၊ ဗမာတိုင်းရင်းသားကိုယ် စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာအောင်သန်းမောင်ကလည်းကောင်း၊လီဆူတိုင်းရင်း သားကိုယ်စားလှယ်အဖြစ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဂူဆာကလည်းကောင်း၊ လားဟူတိုင်းရင်းသားကိုယ်စား လှယ်အဖြစ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးယောသပ်က လည်းကောင်း၊ အာခါ တိုင်းရင်းသားကိုယ်စားလှယ်အ ဖြစ် အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာဗေလှ ကလည်းကောင်း၊ အင်းသား တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာထွန်းလှိုင်က လည်းကောင်း အနိုင်ရရှိခဲ့သည်။
အဆိုပါ အနိုင်ရရှိသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပျက်ကွက်သူများ ကိုယ်စား တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပုံစံ၁၉တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗမာတိုင်းရင်းသား ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဦးတင်မောင်တိုး က ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲများ နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ၄ခုက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြရာ ကော်မရှင်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရာတွင် ပြည်နယ် ကော်မရှင်အနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုး ကူညီမည်ဟု မျှော်လင့်ပါကြောင်း ပါတီကိုယ်စားလှယ်များကပြောသည်။