အဆိုပါမဲရုံမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်အနီးအနားရှိတပ်များမှ တပ်မတော်သားများ၊မိသားစုများအတွက် ဖွင့်လှစ်ထားသောမဲရုံဖြစ်ကြောင်းသိရသည်။ မဲဆန္ဒရှင်စာရင်း ၂၉၉၄ဦးရှိပြီးကြိုတင် မဲ၄၂၆ မဲပေးထားကြောင်းသိရပြီး ထိုသို့ အချိန်လွန်မှလာပေးသောပြင်ပမှရောက်လာသည့် မဲမှာ ၆၁၆မဲ ရှိသည်ဟုမဲရုံမှူးထံမှသိရသည်။
" အချိန်ကျော်ပြီးရောက်လာတဲ့အပြင် ပြင်ပမဲဆိုပြီး မဲစာရွက်အဝါတွေစည်းထားတာတွေ့ရတယ်။ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတယ်။ မဲရုံမှူးကတော့စာရင်းမထည့်ဘူးပြောတယ်" ဟု တောင်ကြီးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှကိုယ်စားလှယ်လောင်း ဒေါက်တာဒေသန်းငွေကပြောသည်။
မဲရုံများလိုက်လံကြည့်ရှှုနေသည့်တောင်ကြီးခရိုင်ကော်မရှင်ဥက္ကဌဦးတင်ဦးက" ဒါကတော့ဘယ်လိုပဲဖြစ်ဖြစ် အချိန် ကျော်မှရောက်လာ တာဖြစ်ရင် ပယ်မဲလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်" ဟု ဖြေကြားခဲ့သည်။
" ကျမတို့ မနက်၅နာရီကျော်လောက်ကစပြီးလာတန်းစီနေတာပါ။ ယောကျာ်းတွေကတစ်တန်း မိန်းမတွေက တစ်တန်းစီ ရတယ်။ ကြိုတင်မဲကတော့ နာမကျန်းသူတွေနဲ့ မသန်စွမ်းတွေ ခရီးထွက်နေသူတွေပဲပေးထားတာ" ဟု တပ်မတော်မိသားစုတစ်ဦးကဖြေပါသည်။