ကချင်မှာရှိသည့် သျှမ်းတိုင်းရင်းသားများကလည်း ကချင်ဝန်ကြီးချုပ်ဖြစ်လာဖို့ကို ရည်ရွယ်ထားကြောင်းနှင့် ကျားဖြူပါတီအတွက် ဒေသခံများက မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင်ပါဝင် ကူညီထောက်ပံ့ပေးသွားမည်ဟု ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။
“ကျားဖြူပါတီ ရည်ရွယ်ထားတာက ကချင်ပြည်ဝန်ကြီးတောင်ဖြစ်မယ် ဘာကြောင့်လည်းဆိုတော့ ကချင်မှာက ၁၈ မြို့နယ်ဘဲရှိတယ်။ ကျားဖြူက ၉ မြို့နယ်ဝင်ပြိုင်တယ် ကျွန်တော်တို့ အားလုံးနိုင်ရင် ပြီးပြီးလေ ဖြစ်နိုင်ပြီလေ အခြေအနေကလညး်ကောင်းတယ် အခြနေမကောင်းတာဆိုလို့ မြစ်ကြီးနားဘဲ ကျန်တာ အားလုံးကောင်းတယ်” ဟု ၄င်းကပြောသည်။
အဆိုပါ မဲဆွယ်စည်းရုံးရာတွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အောက်တိုဘာ ၄ ရက်က မဟာသိမ်တော်ကြီးကျောင်းဝန်း၌ မဲဆွယ်စည်းရုံးရေးလုပ်ခဲ့ကြောင်း သိရသည်။
“မဲဆွယ်စည်းရုံးရေးလုပ်တာ ၃ နာရီခွဲကနေ ၆ နာရီထိလုပ်တယ်။ အထူးခြားဆုံးကတော့့ စည်းရုံးမှု အဆင်ပြေဆုံးဘဲ သျှမ်းတွေလည်း အများကြီးဘဲ သူတို့က ကျားဖြူပါတီ ကို အားလုံးကူညီမယ်လို့ပြောတယ်။”ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၅၇ နေရာ အနိုင်ရခဲ့သော သျှမ်းတိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။