ကျားဖြူပါတီ ( SNDP ) ဥက္ကဌ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရန်မျှော်လင့်

ကျားဖြူပါတီ ( SNDP ) ဥက္ကဌ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရန်မျှော်လင့်
by -
သျှမ်းသံတော်ဆင့်
စိုင်းဖူး - သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီသည်  ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်  ကချင်ပြည်နယ်၌ မဲဆွယ်စည်းရုံးရာမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်စ်ဖြစ်ဖို့ ရည်ရွယ်ထားသည်ဟု ပါတီ ဥက္ကဌ က ပြောသည်။

ကချင်မှာရှိသည့် သျှမ်းတိုင်းရင်းသားများကလည်း ကချင်ဝန်ကြီးချုပ်ဖြစ်လာဖို့ကို ရည်ရွယ်ထားကြောင်းနှင့် ကျားဖြူပါတီအတွက် ဒေသခံများက မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင်ပါဝင် ကူညီထောက်ပံ့ပေးသွားမည်ဟု ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

“ကျားဖြူပါတီ ရည်ရွယ်ထားတာက ကချင်ပြည်ဝန်ကြီးတောင်ဖြစ်မယ် ဘာကြောင့်လည်းဆိုတော့ ကချင်မှာက ၁၈ မြို့နယ်ဘဲရှိတယ်။ ကျားဖြူက ၉ မြို့နယ်ဝင်ပြိုင်တယ် ကျွန်တော်တို့ အားလုံးနိုင်ရင် ပြီးပြီးလေ ဖြစ်နိုင်ပြီလေ အခြေအနေကလညး်ကောင်းတယ် အခြနေမကောင်းတာဆိုလို့ မြစ်ကြီးနားဘဲ ကျန်တာ အားလုံးကောင်းတယ်” ဟု ၄င်းကပြောသည်။

 အဆိုပါ မဲဆွယ်စည်းရုံးရာတွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အောက်တိုဘာ ၄ ရက်က မဟာသိမ်တော်ကြီးကျောင်းဝန်း၌ မဲဆွယ်စည်းရုံးရေးလုပ်ခဲ့ကြောင်း သိရသည်။

“မဲဆွယ်စည်းရုံးရေးလုပ်တာ ၃ နာရီခွဲကနေ ၆ နာရီထိလုပ်တယ်။ အထူးခြားဆုံးကတော့့  စည်းရုံးမှု အဆင်ပြေဆုံးဘဲ သျှမ်းတွေလည်း အများကြီးဘဲ သူတို့က ကျားဖြူပါတီ ကို အားလုံးကူညီမယ်လို့ပြောတယ်။”ဟု ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင်  လွှတ်တော်အမတ် ၅၇ နေရာ အနိုင်ရခဲ့သော သျှမ်းတိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...