PR စနစ်လည်းသုံးတယ်၊ ဒီ ၂၀၁၀ လိုမျိုးမရိုးမသား မမှန်မကန် လုပ်မယ်ဆိုရင် ကျတော်တို့အနေနဲ့ ပိုပြီးတော့ နစ်နာတာပေါ့ဗျာ

PR စနစ်လည်းသုံးတယ်၊ ဒီ ၂၀၁၀ လိုမျိုးမရိုးမသား မမှန်မကန် လုပ်မယ်ဆိုရင် ကျတော်တို့အနေနဲ့ ပိုပြီးတော့ နစ်နာတာပေါ့ဗျာ
by -
ကယားထဲ

နိုင်ငံရေးအရပြဿနာများစွာပေါ်နိုင်သော အချိုးကျကိုယ်စားပြုရွှေးချယ်တင်မြောက်သည့်စနစ်(PR)  ကိုလာ မည့်ရွှေးကောက်ပွဲများတွင်ကျင်.သုံးရန် လွှတ်တော်တွင်ရုတ်တရက်တင်သွင်းခဲ.ပြီးယင်းအဆိုဆွေးနွေးစဉ်

နိုင်ငံရေးအရပြဿနာများစွာပေါ်နိုင်သော အချိုးကျကိုယ်စားပြုရွှေးချယ်တင်မြောက်သည့်စနစ်(PR)  ကိုလာ မည့်ရွှေးကောက်ပွဲများတွင်ကျင်.သုံးရန် လွှတ်တော်တွင်ရုတ်တရက်တင်သွင်းခဲ.ပြီးယင်းအဆိုဆွေးနွေးစဉ် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မတက်ပဲပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.သည် ဖြစ်ရာ PR နှင့်ပက်သက်ရျ်ယင်း စနစ်သည်တိုင်းရင်းသားပါတီငယ်တွေအတွက် အခွင့်အရေးနည်းပါးစေသည့် အတွက်ကန့်ကွက်သည်ဟု ဆိုသည့်ကယားပြည်နယ်အခြေစိုက်လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်) All National'sDemocracy(AND) Party Kayah State မှ ဥက္ကဌဦးဖိုးရယ်နှင့် တွေ.ဆုံမေးမြန်းခဲ.သည်များ ကိုကောက်နုတ်ဖော်ပြအပ်ပါသည်။

kayate11
မေး ။   ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ်နဲ့ မပြုလုပ်ဖို့လွှတ်တော်ထဲကတိုင်းရင်းသားပါတီကိုယ်စား လှယ် အများစုကကန့်ကွက်ထားတာ သိရတယ်။ အဲဒါနဲ့ပါတ်သက်လို့ ကယားပြည်နယ်ကတိုင်းရင်းသား ပါတီအနေနဲ့ဆရာတို့ပါတီထောက်ခံလား ၊ ကန့်ကွက်လား ၊ ဘာကြောင့်လဲဆိုတာရှင်းပြပေးပါ။

ဖြေ။    ။ ကျနော်တို့ ကယားပြည်နယ်ကတိုင်းရင်းသားပါတီအနေနဲ့တော့ ဒီPRစနစ်ကိုကန့်ကွက်တယ်။ ဘာလို့လဲဆိုတော့တိုင်းရင်းသားပါတီအများစုဟာပါတီငယ်တွေဖြစ်တယ် တိုင်းရင်းသားဒေသတွေဘက်မှာဆိုရင် လည်း ဒီPRစနစ်ကိုနားမလည်ဘူး။ရွေးကောက်ပွဲအကြောင်းလဲနားမလည်ဘူး။ နောက်အချိုးကျနဲ့လုပ်မယ် ဆိုရင်ကျနော်တို့ပြည်နယ်အနေနဲ့လူဦးရေအားဖြင့်ကြည့်မယ်ဆိုရင်တအားနည်းတယ်။  ဆိုတော့ ဒီPRစနစ်နဲ့လုပ်တဲ့အခါကျတော့ကျနော်တို့တိုင်းရင်းသားပါတီငယ်တွေကပိုပြီးတော့နစ်နာတယ်။ပိုပြီးအခွင့်အရေးဆုံးရှုံးမယ်ဆိုတော့ဒါကြောင့်ကန့်ကွက်တာဖြစ်တယ်။

မေး။    ။ ကျင့်သုံးဖို့ မကျင့်သုံးဖို့ ဆရာတို့ပါတီအနေနဲ့ဘယ်လိုဖြစ်သင့်တယ်လို့ ယူဆပါသလဲ။

ဖြေ။    ။PR စနစ်ဆိုတာမသုံးသင့်တဲ့ဟာတွေပေါ့နော်။ ဘာလို့လဲဆိုတော့ ကျတော်တို့ ဒီမိုကရေစီဆိုတာ အခုမှစတာလေ။ အခုမှစတာဆိုတော့ လူထုက ကြံုတွေ့တာကလွတ်လွတ်လပ်လပ်တခါမှမရှိသေးဘူးလေ။ ကျတော်တို့ ဒီဦးနေဝင်းတက်ပြီးတော့ အချိန်ကစပြီးတော့ တစ်ပါတီ စနစ်တုန်းကလည်းဒီတိုင်းဘဲ။ နောက်ဒီ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အားလုံးသိတဲ့အတိုင်းဘဲပေါ့နော် လူထုတွေရဲ့ဆန္ဒအမှန် ဖော်ထုတ်နိုင်တဲ့အချိန်အခါ အခွင့်အရေးဆိုတာမရှိသေးဘူးပေါ့နော်။ နောက်ပြီးတော့မှ ကျတော်တို့ပြည်သူ လူထုက လည်းဒီမိုကရေစီဆိုတာသူတို့နားလည်သေးတာမဟုတ်ဘူး။ အမှန်ဆိုရင် ကျင့်သုံးဖို ့အချိန်ကလည်း တအားနည်းသေးတာပေါ့။အဲလိုဖြစ်တော့ ကျတော်တို့ ဒီ PR စနစ်နဲ့သွားလုပ်ရင်တော့ အထူးသဖြင့် ကျတော်တို့ ပြည်နယ်ပါတီငယ်တွေပေါ့ အများကြီးအခွင့်အရေးဆုံး ရှုံးတာပေါ့။ဘာဖြစ်လို့လဲဆိုရင် ကျတော်တို့ပါတီက အင်အားနညး တာတကြောင်း နောက်ပြီးကျတော်တို့ပြည်နယ်မှာလည်း လူဦးရေအားဖြင့်ကြည့်ရင်လည်း ဘဲနည်းနေတာက တကြောင်းပေါ့။ ဒါကြောင့်မို့လို့ ကျတော်တို့ပါတီအနေနဲ့ဘဲ ဒီPRစနစ်ကတော့ ကျနော်တို့ လည်း မနှစ်သက်ပါဘူး။ ပြည်သူလူထုရဲ့ဆန္ဒအမှန်ကိုဘဲကျတော်တို့ဖော်ထုတ်ချင်တာပေါ့။ ကို်ယ်ရှုံးရှုံးနိုင်နိုင်ပေါ့။ ရွေးကောက်ပွဲတစ်ခုကိုဝင်တော့မယ်ဆိုရင်တရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ် ဆိုရင်တော့ ကိုယ်ရှုံးရှုံးနိုင်နိုင် လူထုရဲ့အဆုံးအဖြတ်ကိုကျတော်တို့ လိုချင်တာပေါ့နော်။ အဲဒါကြောင့်မို့လို့
ကျတော်တို့ပါတီအနေနဲ့ ဒီPRစနစ်ကိုတော့ လုံးဝမနှစ်သက်တဲ့အကြောင်းပေါ့လေ။

မေး။။လာမည့်ရွေးကောက်မှာဒီPRစနစ်ကျင့်သုံးခဲ့မယ်ဆိုရင်ဘယ်လိုအခက်အခဲတွေကြံုတွေ့လာနိုင်မလဲ။    

 ဖြေ။   ။ PR စနစ်နဲ့လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့အထူးသဖြင့်တောင်တန်းဒေသဘက်မှာ မဲထည့်တဲ့နေရာမှာ အခက်အခဲရှိမယ်။ လူတိုင်းမဲရုံကိုသွားပေးဖို့အခက်အခဲရှိတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာသွားရေးလာရေး ခက်ခဲတဲ့အခါကျတော့ မဲထည့်တဲ့သူနည်းတဲ့အခါကျတော့ ဒီမလာရောက်နိုင်တဲ့သူတွေဟာမဲထည့် တဲ့နေရာမှာ မရိုးသားမှုတွေဖြစ်နိုင်တယ်။အဲဒါကြောင့် ကျနော်တို့ပါတီကမလိုလားဘူး။ ဘာဖြစ်လို့လဲဆို ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာတကယ့်ပွင့်လင်းမြင်သာပြီးအမှန်တကယ်ပြုလုပ်ပေးမှ ပဲပါတီငယ်မှာအားသာချက်ရှိမယ်။ ဆိုတော့ ဒီPR စနစ်လုပ်ခြင်းအားဖြင့် ဒီဒေသဘက်အနေနဲ့ မဲပေးဖို့အခက်အခဲရှိတော့အားနည်း တဲ့အပိုင်းရောက်သွားတယ်။ နိုင်ငံတော်သမ္မတလည်း ဒီလာမဲ့၂၀၁၅ရွေးကောက်ပွဲဆိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ ကတိလည်းပေးထားတယ်လေ ဆိုတော့လည်းကျတော်တို့လည်း ဒီလိုတရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ကျတော်တို့လူမျိုးပေါင်းစုံဒီမိုဂရေစီပါတီအနေနဲ့တော့ မဖြစ်မနေပါတီအနေနဲ့ ဝင်ပြီးရွေးကောက်မယ် ပါဝင်မယ်လို့ ပါတီအနေနဲ့ဆုံးဖြတ်ကြတယ်ပေါ့။

မေး။ ။ ဆရာပြောသလိုလွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲလုပ်ဖို့သမ္မတပြောခဲ့တဲ့အပေါ်မှာဆရာတို့အပေါ် တရားမျှတမှုရှိလာနိုင်မလား။

ဖြေ။ ။ ကျတော်တို့PRစနစ်ကသုံးမယ်ဆိုရင်တော့ တရားမျှတမှုရှိတယ် မရှိဘူးဆိုတာကတော့ ကော်မရှင်ရဲ့ လုပ်ငန်း ပေါ်မှာမူတည်တာပေါ့ဗျာ။ တကယ်တမ်း တရားမျှတမှုနဲ့ လွတ်လွတ်လပ်လပ် ရိုးရိုးသားသားနဲ့သူတို့ လုပ်ပေးမယ်ဆိုရင်တော့ ကျတော်တို့ပါတီငယ်တွေကတော့ နစ်နာရင်လည်းဘဲ ဒီလောက်အဆိုးကြီး တော့ မဟုတ်ဘူးလို့တော့ ကျတော်တို့ မြင်တာပေါ့နော်။ဒါပေမဲ့ PR စနစ်လည်းသုံးတယ်၊ ဒီ၂၀၁၀ လိုမျိုးမရိုးမသား
မမှန်မကန်လုပ်မယ်ဆိုရင် ကျတော်တို့အနေနဲ့ပိုပြီးတော့ နစ်နာတာပေါ့ဗျာ။ကျတော်တို့ ဒီရွေးကောက်ပွဲကတော့ ဒီစောင့်ကြည့်လေ့လာတဲ့ အဖွဲ့ ကော်မရှင်တွေကအစတကယ်တမ်းဘက်မလိုက်ဖို့ အရေးကြီးတာပေါ့။ဒီစောင့်ကြည့်လေ့လာတဲ့နေရာမှာလည်းဘဲဒီCSOတို့ပေါ့။ ဒီကြားက လူမှုအသင်းအဖွဲ့တွေဘာတွေလေ့လာ စောင့်ကြည့်ခွင့်ရမယ်ဆိုရင်တော့ကျတော်တို့ပါတီအနေနဲ့တော့ အများကြီးမျှော်လင့်ချက်ရှိတာပေါ့လေ။

မေး။ ။ ဆရာအနေနဲ့ဒီ PR စနစ်နဲ့ပတ်သက်ပြီးတော့ ပြည်နယ်အတွင်းမှာရှိတဲ့တခြားနိုင်ငံရေးပါတီတွေကို ဘာပြောချင်သေးလဲ။

ဖြေ။ ။ ကျတော်တို့ကယားပြည်နယ်မှာရှိတဲ့ပါတီဒေသခံပါတီလို့ပြောရမှာပေါ့နော်။ ဒီမှာရှိတဲ့ပါတီတွေကတော့ အကောင်းဆုံးကတော့ တပေါင်းတစည်းတည်းကျတော်တို့လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့နော်။ ဒါလည်းဘဲကျတော်တို့ပါတီအနေနဲ့ အမြဲတမ်းလက်ကမ်းကြိုဆိုတယ်။ ကျတော်တို့ ကိုယ့်ရဲ့မဟာမိတ်ပါတီ ပေါ့နော်။အထူးသဖြင့်ကျတော်တို့ဒေသခံပါတီတွေကိုကျတော်တို့တစုတစည်းနဲ့လက်တွဲပြီးတော့မှ ကျတော်တို့ လုပ်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့မှ မကျိုးသက်ရောက်မှုရှိနိုင်တာပေါ့။

မေး။    ။ အခုဆရာတို့ပါတီအနေနဲ့ ဘာတွေလုပ်ဆောင်နေလဲ ။ဘာတွေပြင်ဆင်ထားလဲ။
မေး။    ။အထူးသဖြင့်တော့ ပါတီစည်းရုံးရေး ၊နောက်တချက်ကလာမည့်ရွေးကောက်ပွဲမှာရွေးကောက်ပွဲစနစ် ၊ ရွေးကောက် ပုံတွေကိုလူထုတွေကို အသိအမြင်ပေးတာတွေရှိတယ်။ ဒီPRစနစ်ဆိုတာလည်းဘယ်လိုနည်းလဲဆို တာ ပြောဆိုသွားတာရှိတယ်။ နောက် လူတိုင်းကိုယ်တိုင်ကိုယ်ကျ မဲလာထည့်နိုင်အောင် ပြောထားတယ်။

မေး။ ဆရာအနေနဲ ့ ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။ ။ ကျတော်အနေနဲ့တော့ ဒီအထူးသဖြင့်ပေါ့။ကျတော်တို့ဒီ၂၀၁၅ရွေးကောက်ပွဲကျရင် ကျတော်တို့ ကော်မရှင် အဆင့်ဆင့်ပေါ့နော်။ ဗဟိုကနေရပ်ကွပ်ကျေးရွာအထိပေါ့။ သူတို့ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်း တွေကိုဗဟိုမှာဘဲသိတာမကဘူးကော်မရှင်အဆင့်ဆင့်ကနေအောက်ခြေအထိပေါ့ဗျာ တသွေမတိမ်းလိုက်နာ ကြဖို့လိုပါတယ်။ အဲဒါမှလည်းကျတော်တို့ရွေးကောက်ပွဲကတရားမျှ တမယ်လို့ကျတော်တို့မြင်ပါတယ်။

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)အကြောင်း

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)သည် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပါတီမှတ်ပုံတင်စတင်ရရှိ ခဲ့ပြီး လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသစ် ဖြစ်သည်။ ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီမှတ်ပုံတင်ခဲ့သော်လည်းဒေသ ဆိုင်ရာအာဏာ ပိုင်များ၏ ဟန့်တားနှောက်ယှက်မှု ခံခဲ့ရသဖြင့် ၂၀၁၃ ခုနှစ်ရောက်မှသာပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင်ကယားပြည်နယ် တွင် တိုင်းရင်းသားပါတီ်မရှိခဲ့၍ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီတစ်ပါတီတည်းသာအနိုင်ရခဲ့သည်။

ဦးဖိုးရယ် = ဥက္ကဌ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ
ဇာတိ = ဒီးမော့ဆိုမြို့
အသက် = ၆၅ နှစ်
ပညာအရည်အချင်း = ဖွံ့ဖြိုးရေးသိပ္ပံအမှတ်စဉ်(၁)
လက်ရှိအလုပ်အကိုင် = ကျောင်းဆရာ/မူအုပ် (အငြိမ်းစား)

Most read this week