ပြည်တွင်းငြိမ်းချမ်းရေးနှင်. အမျိုးသားပြန်လည်သင်.မြတ်ရေး အတွက်ပြဿနာများစွာရှိနေစဉ်နိုင်ငံရေး အရြဿနာများစွာပေါ်နိုင်သောအချိုးကျ ကိုယ်စားပြုရွှေးချယ်တင်မြောက်သည့်စနစ်(PR) ကိုလာမည့်ရွှေး ကောက်ပွဲ များတွင်ကျင်.သုံးရန်လွှတ်တော်တွင်ရုတ်တရက်တင်သွင်းခဲ.ပြီး ယင်းအဆိုဆွေးနွေးစဉ် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်မျာကလွှတ်တော်မတက်ပဲပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.သည ််ဖြစ်ရာ (PR) စနစ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်နေသည့်ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ပထမခေါင်းဆောင်ဦးအေးသာအောင် နှင့်တွေ ့ဆုံမေးမြန်းခဲ့သည်များကိုကောက်နုတ်ဖေါ်ပြအပ်ပါသည်။
မေး ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အချိုးကျ ကိုယ်စားပြုစနစ် ပီအာရ် စနစ်အပေါ်မှာ ရခိုင် အမျိုးသားပါတီ (ANP) အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ ။ ပီအာရ်စနစ်နဲ့ ပတ်သက်လို့ နေပြည်တော်မှာ ကော်မရှင်ဖွဲ့ပြီး ချပြဆွေးနွေးတုန်းကလည်းပဲ ကျွန်တော်တို့ ပါတီက ဒါကို ကန့်ကွက်ခဲ့တယ်။ တိုင်းရင်းသားပါတီ တော်တော်များများကလည်း ကန့်ကွက်ကြတယ်။ ပီအာရ်ဆိုတာက ရွေးကောက်ပွဲစနစ်တစ်ခုပါ။ ဒီစနစ်မှာ ပါတီကို မဲပေးရတဲ့ စနစ်လည်း ရှိသလို ပါတီကို တစ်လှည့် ၊ လွှတ်တော်ကိုယ်စားလှယ်ကို တစ်လှည့် မဲပေးရတဲ့ စနစ်လည်း ရှိပါတယ်။ ဒီစနစ်မှာ ကောင်းကျိုးဆိုးကျိုး၊ အားနည်းချက် အားသာချက်တွေလည်း ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက ဒါတွေကို ပြောဖို့ထက် မြန်မာနိုင်ငံမှာ ပီအရ်စနစ်ကို ကျင့်သုံးသင့် မကျင့်သုံးသင့်ဆိုတာရယ်၊ ကျင့်သုံးဖို့ လိုအပ်လား မလိုအပ်ဘူးလား ဆိုတာပဲ အဓိက ဖြစ်ပါတယ်။
မေး။ မြန်မာနိုင်ငံမှာ ပီအာရ် စနစ်ကို ကျင့်သုံးဖို့ လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာ ဘယ်လို သုံးသပ်မလဲ။
ဖြေ။ မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းတဲ့အခါမှာ ရွေးကောက်ပွဲ စနစ်ဟောင်းကို ပယ်ဖျက်ပြီး ရွေးကောက်တဲ့ စနစ်သစ်တစ်ခုကို ပြောင်းလဲကျင့်သုံးဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ စနစ်ဟောင်းဟာ မြန်မာနိုင်ငံမှာ ဖ. ဆ. ပ .လ ခေတ်ကလည်း ကျင့်သုံးခဲ့တယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ကျင့်သုံးတယ်၊ ၂၀၁၀ ခုနှစ်တုန်းကလည်း ကျင့်သုံးခဲ့တယ်။ ဘာမှ ပြဿနာ မရှိပါဘူး။ တစ်ခုတော့ ရှိတာပေါ့။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲခိုးတာ၊ မဲလိမ်တာတွေက ရွေးကောက်ပွဲစနစ်ကြောင့် မဟုတ်ပါဘူး။ လူတွေရဲ့ မသမာမှုတွေကြောင့် ဖြစ်ရတာပါ။ ၂၀၁၀ ရွေးကောက်ပွဲစနစ်ဟောင်းဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ လုပ်တဲ့နေရာမှာ ဘာမှ ပြဿနာမရှိပါဘူး။ ဒါကြောင့် ပြောင်းလဲ ကျင့်သုံးစရာလဲ မလိုဘူးလို့ ထင်ပါတယ်။
မေး။ ပီအာရ် စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ဘာတွေအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။
ဖြေ။ ဒီစနစ်ကို ကျင့်သုံးမယ်လို့ ပါတီတစ်ချို့က တင်ပြနေကြတယ်။ လွှတ်တော်အသီးသီးမှာလည်း ဆွေးနွေးတင်ပြလာတာကို တွေ့ရတယ်။ ပီအာရ် ပြောင်းလဲ ကျင့်သုံးခြင်းအားဖြင့်မြန်မာနိုင်ငံအပြောင်းအလည်း
မှာ ဘာများထိရောက် အကျိုးသက်ရောက်စရာ ရှိမလဲ၊ ကျွန်တော်ကတော့ ဘာမှ အကျိုးသက်ရောက်စရာ ရှိမယ်လို့ မထင်ဘူး။ တိုင်းပြည်အတွက်သော်လည်းကောင်း၊ တိုင်းရင်းသားပြည်သူတွေ အတွက်သော်လည်းကောင်း ဒီ ပီအာရ် စနစ်ကို ရွေးကောက်ပွဲစနစ်အဖြစ် ကျင့်သုံးလိုက်မယ်ဆိုရင် ဘာမှ ထူးထူးခြားခြား အကျိုးရှိလာမယ် မမြင်ဘူး ။
မေး။ ကျင့်သုံးရင် ဆိုးကျိုးတွေ ဖြစ်မယ်လို့ ယူဆပါသလား။
ဖြေ။ ပီအာရ် စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးမယ်ဆိုရင် ပီအာရ် စနစ်ရဲ့ ရွေးကောက်ပွဲ ပုံစံက နည်းနည်း ရှုပ်ထွေးပြီး ပြည်သူတွေ နားလည်ရခက်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ပြဿနာတွေ အနည်းနဲ့ အများပေါ်လာနိုင်တယ်။ နောက်တစ်ခုက ပီအာရ် စနစ်မှာ ပါတီတွေကိုပဲ မဲပေးရတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို မပေးရတဲ့အတွက် ရွေးကောက်ပွဲဝင်မယ့် လူမျိုးစု ပါတီလေးတွေကို များစွာ ထိခိုက်နိုင်ပါတယ်။ ဥပမာ ဒေသတစ်ခုကိုပဲ အခြေခံတဲ့ ဆန္ဒနယ်တစ်ခုနှစ်ခု လောက်ပဲရှိတဲ့ ပါတီတွေအနေနဲ့ မဲတွေ နည်းနိုင်တယ်။ မဲဆန္ဒနယ်အများကြီးရှိတဲ့ တိုင်းတစ်ခုလုံး ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုဝင်ပြိုင်တဲ့ ပါတီတွေနဲ့ ယှဉ်လိုက်ရင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ရဖို့တောင် လွယ်မှာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်မရရင် တိုင်းရင်းသား လူမျိုးစုတွေမှာ သူတို့ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး တင်ပြဖို့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်တယ်။
မေး။ ပီအာရ် ကိုကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်နယ်အတွက်ရော ဘာတွေ ဖြစ်လာမယ်လို့ ထင်ပါသလဲ။
ဖြေ။ ရခိုင်ပြည်နယ်မှာ ဘယ်ကမှန်း မသိရတဲ့ ဘင်္ဂါလီတွေကို ဝှိုက်ကတ်တွေ ထုတ်ပေးထားတယ်။ သူတို့ဟာ မဲပေးပိုင်ခွင့် ရှိတယ်။
မဲပေးပိုင်ခွင့်ရှိတဲ့ အရေအတွက်ဟာ သိန်းပေါင်းများစွာ ရှိနေတယ်။ သူတို့ မဲပေးတဲ့ အခါမှာ အစ္စလာမ်ပါတီတွေကိုပဲ မဲပေးလိမ့်မယ်။ အဲ့ဒီထဲက အစ္စလာမ်အစွန်းရောက်ပါတီတွေကို မဲပေးလို့ မဲရရင် အစွန်းရောက်ပါတီတွေ လွှတ်တော်အသီးသီးကို ရောက်လာမယ်။ ဒါဆိုရင် ပြည်ထောင်စု အရေး၊ မြန်မာတစ်နိုင်ငံလုံးရဲ့ အရေး၊ အမျိုးသားရေးတွေမှာ အတိုင်းအတာ တစ်ခုအထိ ပြဿနာဖြစ်လာမယ်။ ဒါကြောင့် ကျွန်တော်တို့ အပါအဝင် တိုင်းရင်းသားတွေ၊ ပြည်သူတွေက ပီအာရ် စနစ်ကို မလိုလားကြောင်း ကန့်ကွက်ရတာ ဖြစ်ပါတယ်။
မေး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ် စနစ်ကို ကျင့်သုံးခဲ့တယ်ဆိုရင်ရော ANP ပါတီ အနေနဲ့ ဘာဆက်လုပ်မလဲ။
ဖြေ။ ပီအာရ် ကို ကျင့်သုံးတယ်ဆိုရင် ကျွန်တာ်တို့ တိုင်းရင်းသားပါတီတွေ အနေနဲ့ ဆန့်ကျင် ကန့်ကွက်ဖို့ အနေအထားတွေ ရှိတယ်။ ဒီစနစ်ရဲ့ ဆိုးကျိုးတွေကို ပြည်သူတွေကို ချပြပြီးတော့ ၊ ရှင်းပြပြီး ပြည်သူတွေနဲ့ အတူ ဒီ ပီအာရ် စနစ်ကို မကျင့်သုံးနိုင်အောင် ကန့်ကွက် ဆန္ဒထုတ်ဖော်သွားဖို့ ရှိပါတယ်။
မေး။ ပီအာရ်စနစ်ကို ရွေးကောက်ပွဲမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်ထဲ ရောက်လာတာဟာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူတွေ လိုလားတဲ့ ၊တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားပါတီတွေ လိုလားတဲ့ အစ၊ အလယ်၊ အဆုံး ပြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီအနေနဲ့ ၂၆ ရာခိုင်နှုန်းအထက် အနိုင်ရဖို့ လိုမယ်လို့ ထင်ပါတယ်။ သူတို့ ၂၆ ရာခိုင်နှုန်းရရင် တပ်မတော်က ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် လွှတ်တော်ထဲမှာ ၅၀ ရာခိုင်နှုန်းကျော်မယ်။ ဒါဆိုရင် အာဏာရ ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အများစု အနိုင်ရပြီး သမ္မတဖြစ်နိုင်တယ်။ ပြီးတော့ အစိုးရလည်း ဖွဲ့နိုင်တယ်။ နောက်ပြီး ဖွဲ့စည်းပုံ ပြင်ဖို့ လွှတ်တော်ထဲ တင်လာတဲ့အခါ တင်လာသမျှကို ကာကွယ် တားဆီးနိုင်ဖို့ စဉ်းစားကောင်း စဉ်းစားလိမ့်မယ်။ ဒါကြောင့် အရင် စနစ်ဟောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပရင် ပါတီနဲ့ ပါတီကိုယ်စားလှယ်တွေဟာ ရှုံးကောင်း ရှုံးနိုင်တဲ့အတွက် မျှော်မှန်းသလောက် ရာခိုင်နှုန်းကို ရချင်မှ ရမယ်လို့ ထင်လာပြီး ဒီ ပီအာရ် စနစ်ကို အာဏာရပါတီနဲ့ သူရဲ့ မဟာမိတ်ပါတီတစ်ချို့က လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးပမ်းနေတာလို့ မြင်တယ်။
မေး။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ရော ဒီ ပီအာရ် စနစ်က ကိုက်ညီမှု ရှိလား။
ဖြေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပီအာရ် စနစ်ကို ကျင့်သုံးရမယ်လို့ မပါပါဘူး။ လိုရင် တစ်မျိုး မလိုရင် တစ်မျိုးလုပ်လို့ မရဘူး။
မေး။ ရွေးကောက်ပွဲမှာ ပီအာရ် စနစ် ကျင့်သုံးမှာကို မလိုလားဘူးဆိုရင် ANP ပါတီအနေနဲ့ ဘယ်စနစ်တွေကို ကျင့်သုံးစေချင်တာလဲ။
ဖြေ။ အရင် စနစ်ဟောင်းပဲ ကောင်းပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ် ၃ ယောက်ဆို ၃ ယောက်၊ ငါးယောက်ဆို ငါးယောက် အရွေးခံတဲ့အထဲမှာ မဲအများရတဲ့သူက နိုင်တဲ့ စနစ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ အဆက်ဆက်မှာလည်း ဒီစနစ်ကိုပဲ ကျင့်သုံးခဲ့တယ်။ ပြည်သူတွေကလည်း ကျင့်သားရနေပြီ။