သန်းခေါင်စာရင်း ပထမနေ့ မွန်ပြည်နယ်ဝန်ကြီးချူပ် မိန့်ခွန်းပြော

သန်းခေါင်စာရင်း ပထမနေ့ မွန်ပြည်နယ်ဝန်ကြီးချူပ် မိန့်ခွန်းပြော
by -
ချမ်းစွန်း

၂၀၁၄ မတ်လ ၃၀ ပြည်လုံးကျွတ်သန်းခေါင်စာရင်းစတင်ကောက်ယူသောပထမနေ့၌ မွန်ပြည်နယ် မော်လမြိုင် အထက (၁၁) သီရိမြိုင်ကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က အမှာစကားမိန့်ခွန်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့သည်။

“မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ သန်းခေါင်စာရင်းမကောက်ဖြစ်ခဲ့တဲ့ အမျိူးသားရေးလှုပ်ရှားမှု လုပ်ငန်းစဉ်ကိုနိုင်ငံရဲ့လိုအပ်ချက် နှင့် ပြည်သူများရဲ့တောင်းဆိုချက်အရ ကုလသမဂ္ဂလူ ဦးရေရန်ပုံ ငွေအဖွဲ့နဲ့့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်” ဟုပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းလုပ်ငန်းသည် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏လုပ်ပိုင်ခွင့်ဖြင့် လုပ်ငန်း စဉ် ၄ ရပ်ချမှတ်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း ၃၅ လ၊ စာရင်းကောက်လုပ်ငန်းကို လမ်းပန်ဆက်သွယ်ရေး လွယ်ကူသည့်ဒေသတွင် မတ်လ ၃၀ ရက်နေ့မှဧပြီလ ၁၀ရက်နေ့အထိ၊ သွားလာရခက်ခဲသော ဒေသ တွင် မေ ၃၁ ရက်နေ့အထိ၊ စာရင်းပြုစုခြင်းရ လ၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း ၂ လ စုစု ပေါင်း ၃ နှစ် ၁၀ လကြာမည်ဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောသည်။

“သန်းခေါင်စာရင်းကောက်ယူတာဟာ နိုင်ငံဖွံ့ဖြိုးတိုုးတက်ရေး၊ နိုင်ငံရဲ့ လူဦးရေနဲ့ ဖွဲ့စည်းပုံ၊ နေထိုင်မှုစနစ် ကို တိကျစွာသိရှိနိုင်ရေး ဖြစ်ပါတယ်” ၄င်းကဆက်ပြောသည်။

မော်လမြိုင်ခရိုင် စာရင်းစစ်ဦးစီးချူပ်ဒေါ်မမနှင်းဦးက သန်းခေါင်စာရင်းကောက်သောအခါ ကောက် ကွက်ဧရိယာနည်းလျှင် ကောက်ယူသည့်ဆရာ ဆရာမများလည်းနည်းသွားမည်ဖြစ်ပြီး ယခုကောက်သော သီရိ မြိုင်ရပ်ကွက်မှာ  ကောက်ကွက် ၂၀ တွင် ဆရာဆရာမ  ၂၀ ဦး စာရင်းစစ်က ၄ ဦး ထားရှိသည်ဟု
ပြောသည်။

“အိမ်ထောင်စုတွေကို ကောက်ရင် အချိန်အနည်းဆုံး မိနစ် ၃၀ ကြာပါတယ် အဖွဲ့အစည်းနဲ့ကျတော့ မေး ခွန်းတိုဖြစ်တဲ့အတွက် အချိန် ၁၀ မိနစ်ပဲကြာမှာဖြစ်ပါတယ်” ဟုဆက်ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် စာရင်းစစ်စာရင်းကောက်ပေါင်း ၄၆၀၀ ကျော်နှင့် ကောက်ကွက် ပေါင်း ၃၀၃၀ ရှိရာ ကောက်ကွက်တစ်ကွက်တွင် အနည်းဆုံးအိမ်ခြေ ၁၀၀ကျော်ရှိပြီးသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ဦးဝင်းရဲထွန်းက  ပြောသည်။

သန်းခေါင်စာရင်းဖွင့်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချူပ်နှင့် ၀န်ကြီးများ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ် တော်များ၊ ပြည်နယ်အစိုးရအဖွဲ့ရှိတာဝန်ရှိသူများ၊ ပြည်နယ်ရဲတပ်ဖွဲ့များနှင့် လူထုများတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်း အခြေခံကိန်းဂဏန်းများမှာ လူဦးရေ သန်း၆၀ ၊ အိမ် ထောင်စု ၁၁ သန်း၊ တိုင်း/ပြည်နယ် ၁၅ခု၊ ခရိုင် ရ၄၊ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၅၁၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၂၀၊ ကျေးရွာပေါင်း ၆၄၃၄၆၊ ကောက်ကွက်ပေါင်း ၉၁၀၀၀၊ ပညာရေးဌာနမှ စာရင်းစစ် စာရင်းကောက်ပေါင်း ၁ သိန်းကျော်သည်ဟုသိရသည်။

Most read this week