သန်းခေါင်စာရင်းကောက်မည့်အချိန်တွင် လူဦးရေနှင့်အိမ်ခြေအမှန် ရရှိစေဖို့ရန်အတွက် ကြိုတင်ကောက်ယူ သည့် အိမ်ခြေစာရင်းများကို ယမန်နေ့ညနေ့ မတ်လ ၂၉ ရက်ညနေတွင် ကရင်ပြည်နယ် ဘားအံမြို့ သန်းခေါင်စာရင်းစစ်ဆရာမများက စာရင်းအပြီးပြန််လည် ပြုစုမည်ဟုသိရသည်။
လက်ရှိအိမ်ခြေစာရင်းများသည် ယခင်အစိုးရစာရင်းများထက် ပိုပြီးများလာသည့်အတွက် ယခုသန်းခေါင်စာရင်း မေးခွန်းစာရွက် ထုတ်သည့်အခါတွင် လျှာထားသည့် မေးခွန်းစာရွက်ထက် လိုအပ်၍ ယခုလို စာရင်းပြန်လည်ပြုစု ထားခြင်းဖြစ်သည်။
“စာရင််းကောက်တာတော့မဟုတ်ဘူးပေါ့နော် သူတို့ကိုတော့မကောက်သေးဘူး မကောက်သေးတဲ့အတွက် ဒီအိမ်မှာလက်ရှိလူဦးရေဘယ်လောက်ရှိလဲဆိုတာကိုတော့ အကြမ်းအားဖြင့်စာရင်းယူထားတာ ပြီးတော့အဲဒီ ယူထားတဲ့စာရင်တွေက (လဝက) ကို အပ်ထားတယ်ပြီးတော့မှ လူဦးရေဘယ်လောက် ထွက်လာမလဲ မေးခွန်းစာရွက်ဘယ်လောက်ထုတ်ရမလဲပေါ့နော် ဒါပေမဲ့အခုယူထားတဲ့စာရင်းကအတည်မဟုတ် ဘူးပေါ့နော် ကြိုပြီးတော့စာရင်းယူထားတဲ့သဘောဘဲ ရှိသေးတာပါ” ဟု ကရင်ပြည်နယ် ဘားအံမြို့ သန်းခေါင်စာရင်းစစ် ဆရာမ ဒေါ်ခင်မာချိုကပြောသည်။
ဘားအံမြို့ အမှတ်၉ ရက်ကွက် စောလွမ်းနေဦးက ” ကျွန်တော်အိမ်မှာတော့ လူကြီးတွေက သန်းခေါင်စာရင်း ကောက်ဖို့ဆိုပြီး စာရွက်နှစ်ရွက်လာပေးတယ် တစ်ရွက်က အိမ်ထောင်စုစာရင်းပုံစံနဲ့တူတယ် အဲဒါကို ကိုယ့်အိမ်မှာရှိတဲ့လူဦးရေစာရင်းတွေကို အဲမှာထည့််ပြီးတော့အုပ်ချုပ်ရေးမှှုအိမ်ကို သွားပေးရတယ်နောက်တစ် ရွက်က လက်ကမ်းစာစောင်ပေါ့နော် အဲဒီထဲမှာ သန်းခေါင်စာရင်းကောက်မယ့် ရည်ရွယ်ချက်တွေပါ တယ်” ဟု၎င်းကပြောသည်။
အလားတူပင် သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် အဆင်သင့်ရှိစေရန်အတွက် သင်တန်းတက်ပြီးသည့် အချိန်မှစ၍ ကျေးရွာလူထုများကို လက်လှမ်းမှီသမျှ ကြိုတင်ပြောပြထားပြီး ကောက်ရမည့်အိမ်ခြေများကို
ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကြိုတင်အသိပေးထားခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်ကော့ ကရိ်တ်မြို့နယ် တောင်ပိုင်း ကျေးရွာသန်းခေါင်စာရင်းစစ်ဆရာမ နန်းစန်စန်းဦးက ပြောသည်။
အဆိုပါသန်းခေါင်စာရင်း ကောက်ရန်အတွက်် မတ်လ ၂၉ ရက်နေ့ညနေတွင် ဘားအံမြို့အတွင်းရှိ ပြည်သူပိုင်နေ ရာများဖြစ်သော ဆေးရုံ ၊ ဆေးခန်း၊ တည်းခိုခန်း၊ အကျဉ်းထောင်များစသည့်နေရာများသို့ စာရင်းကောက် ရန် ညနေ ၆ နာရီ အချိန်တွင် သန်းခေါင်စာရင်းမေးခွန်းစာရွက်များကို စာရင်းစစ်ဆရာမမှ ထုတ်ပေးမည် ဖြစ်ပြီး ညနေ ရ နာရီအချိန်တွင် စာရင်းကောက်များက အဖွဲ့အစည်းပိုင် နေရာများကိုစတင်ပြီးကောက်မည် ဖြစ်သည်ဟု နန်းခင်မာချိုကဆက်ပြောသည်။