၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရန် အချိန်နီးကပ်လာသောကြောင်း မတ်လ တတိယပတ်မှစပြီး မှတ်တင်ပြုလုပ်ပေးခြင်းကို ခေတ္တရပ်နားထားသည်ဟု မွန်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာန ပြည်နယ်မှူးက ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ပြည်နယ်မှူးသန်းဝင်းက ’’ အမျိုးသားရေး တာဝန်ဖြစ်တဲ့ သန်းခေါင်းစာရင်းလေ၊ ပြည်လုံးကျွတ်လုပ်နေတဲ့ သန်းခေါင်စာရင်းဆိုတော့ ကျွန်တော်တို့ drive လုပ်နေတာ drive လုပ်နေတယ်ဆိုတော့ မြို့နယ်ဝန်ထမ်း ၁၈ ယောက်ပဲရှိတယ် ကျွန်တော်တို့အတွက် ၁၈ ယောက်ဟာ မလောက်ဘူး’’ ဟု ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန ၀န်ထမ်းများအနေဖြင့် ၂၀၁၄ သန်းခေါင်စာရင်းကောက် ယူရန်အတွက် ပြည်သူများကို အသိပညာပေးခြင်း၊ စာရင်းစစ်/ကောက် များကို သင်တန်းပို့ချရာတွင် ကူညီပေးခြင်းနှင့် အိမ်အကွက်နံပါတ်များကို ဆောင်ရွက်နေခြင်းတို့ကြောင့်မှတ်ပုံတင်ပြုလုပ်မှုကို သင်္ကြန်ရုံးပိတ်ရက်ပြီးမှသာ ပြုလုပ်ပေးမည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန မြို့နယ်ရုံးတွင် တရားဝင် ကြေငြာချက်ထုတ်ပြန်ထားသည်။
လူထုသဘောပေါက်အောင်ပြောပြထားကြောင်းနှင့် မည်သည့်ကိစ္စကို ဦးစားပေးသင့်ကြောင့် ပြည်သူများကို နားလည်စေချင်သည်ဟု ပြည်နယ်မှူးက ဆိုသည်။
မော်လမြိုင်မှမှတ်ပုံတင်ပြုလုပ်သူ ကိုအေးဟန်က ’’မှတ်တင်ပျောက်လိုအသစ်လာလုပ်တာပါ အခုသန်းခေါင် စာရင်းနဲ့အလုပ်ရှုပ်နေတော့ သူတို့ခေတ္တ ပိတ်ထားတယ်လိုပြောတယ် ကျွန်တော်ဒီလိုလာလုပ်တာသန်းခေါင်စာ ရင်းကိစ္စနဲ့ မဆိုင်ပါဘူး’’ ဟု ပြောသည်။
ယခုလအတွင်း မှတ်ပုံတင်ပြုလုပ်သူ ယခင်လထက် ပိုများလာကြောင်းနှင့်သန်းခေါင်စာရင်းကာလ မှတ်ပုံတင်ပြု လုပ်သူများကို မိမိတို့ဝန်ထမ်းအနေဖြင့်မှတ်ပုံတင်လုပ်ပေးခြင်းလုပ်ငန်းကို သင်္ကြန်ရုံးပိတ်ရက်ပြီးမှ ပြုလုပ်ပေး သွားမည်ဟု (လ.၀.က) ပြည်နယ်ဦးစီးမှူးက ဆိုထားသည်။
မှတ်ပုံတင်ပြုလုပ်ပေးမှု ခေတ္တရပ်ဆိုင်ခြင်းသည် ၂၀၁၄ သန်းခေါင်စာရင်းကို ဦးစားပေးလုပ်ကိုင်နေသောကြာင်း ၎င်းလုပ်ငန်းအတွက် အချိန်မပေးနိုင်ကြောင်းနှင့် သင်္ကြန်ရုံးပိတ်ရက်နှင့်တိုက်နေသောကြောင်း ရက် ၂၀ ကျော် ရပ်ဆိုင်းထားခြင်းဖြစ်သည်။
မှတ်ပုံတင်ပြုလုပ်ပေးမှုကို ၂၀၁၅ မတိုင်ခင် မှတ်ပုံတင်မရှိသူများအတွက် လ.၀.က ၀န်ထမ်းများက အိမ်အရောက် ပြုလုပ်ပေးမည်ဖြစ်ကြောင့် ပြည်နယ်မှူးက ဆိုထားသည်။