ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံခြင်းကို ကန့်ကွက်ကြောင်း မတ် ၂၆ ရက်ညတွင် ထော်လာဂျီများဖြင့် ဆန္ဒထုတ်ဖော်နေကြသည်။
စစ်တွေမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံရာ၌ နာမည်လိမ်တိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင်များမှ သတင်းထုတ်ပြန်ပြီးနောက် မတ် ၂၃ ရက်က အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်၌
ထော်လာဂျီကားများဖြစ် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။
“ ဒီမှာ ခု ဘင်္ဂါလီကို ရိုဟင်ဂျာလို့ မထည့်ဖို့ အော်နေကြပြီ။ မြို့ပတ်ပြီး ကြွေးကြော်နေကြ တယ်” ဟု စစ်တွေမှ သတင်း ပေးပို့နေသည့် သတင်းထောက်မှ ဖုန်းဖြင့် လှမ်းပြောခြင်းဖြစ်သည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်းနာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ (စစ်တွေ)၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်းက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်မထည့်ရေးကို ၎င်းတို့
စည်းဝေးကျင်းပခဲ့ကြောင်းကိုလည်း ယခုလို ပြောသည်။
“ ၂၀၁၄ သန်းခေါင်စာရင်းကိစ္စမှာ ကျူးကျော်ခိုးဝင် ဘင်္ဂါလီတွေကိုရိုဟင်ဂျာဆိုသည့် အမည်ထည့်မှာ။ ဆရာတော်ကြီးများအပါအဝင် ကျွန်တော်တို့နှင့် သန်းခေါင်စာရင်း ကောက်ခံရေး ရခိုင်တစ်ပြည်နယ်လုံး
တိုက်ဖျက်ရေးအစည်းအဝေးကို ကျင်းပခဲ့ကြပါတယ်” ဟု ပြောသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်ကို မတ် ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို ထည့်မယ်ဆိုသည်ကို သပိတ်မှောက်မည့်အကြောင်း၊ ရိုဟင်ဂျာလူမျိုးကို သန်းခေါင်စာရင်း၌ မထည့်ပါဟု အစိုးရက ခုချိန်ထိ အကြောင်းမပြန်သေးသည့်အတွက် ယနေ့မှစပြီး သပိတ်မှောက်မည်ဟု ဆိုသည်။
သန်းခေါင်စာရင်းကို သပိတ်မှောက်သည်ကို ပြသသည့် သင်္ကေတအဖြစ် မတ် (၂၄) မှ စတင်ကာ ရခိုင်တစ်ပြည်နယ်လုံး အိမ်တိုင်းအိမ်တိုင်း သာသနာ့ အလံလွှင့်ထူထားရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့အပြင် ယခု သန်းခေါင်စာရင်းကောက်ခံရာ၌ ပါဝင်သော ဝန်ထမ်းတွေများတွင် အထူးသဖြင့် ဆရာ၊ ဆရာမများ အားလုံးနီးပါးမှာ ရခိုင်တိုင်းရင်းသားများဖြစ်၍ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရန် အတင်းအကျပ် ခိုင်းစေမည်ဆိုပါက သန်းခေါင်စာရင်း ကောက်ယူနေသည့် တာဝန်မှ နှုတ်ထွက်ကြရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
“သက်တော် ၉၃နှစ်ဝါတော်၊ ရ၃ ဝါကျောင်းထိုင် ဆရာတော်ကြီးတွေ အပါအဝင် သင်္ဃာတော်များနှင့် ကျွန်တော်တို့ ကော်မတီဝင်တွေက သတင်းထုတ်ပြန်ခဲ့တာပါ” ဟု ဦးသန်းထွန်းက ပြောသည်။
အဆိုပါမြို့မိမြို့ဖဖြစ်သူ ဦးသာပွင့်က “သပိတ်မှောက်နေတယ်ဆိုတာက သန်းခေါင်စာရင်းအကောက်မခံဘူး ဆိုတာကို ပြတာပါ။ နောက်ပြီး ရခိုင်တစ်ပြည်နယ်လုံး သန်းခေါင်စာရင်း ကောက်တဲ့နေ့အထိ ဆန္ဒပြပါမယ်” ဟု ပြောသည်။