ရိုဟင်ဂျာမရေးသွင်းရေး ရခိုင်လူထုထပ်မံဆန္ဒပြတောင်းဆို

ရိုဟင်ဂျာမရေးသွင်းရေး ရခိုင်လူထုထပ်မံဆန္ဒပြတောင်းဆို
by -
၀တီမိုး

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ ရိုဟင်ဂျာမရေးသွင်းရေး မတ် ၂၁ နေ့လယ် ၁၂ နာရီ နောက်ဆုံး ထား၍ အစိုးရတရားဝင်ကြေညာချက်ထုတ်ပြန်ပေးရန် ရခိုင်ဆယ့်တစ်မြို့နယ် ဆန္ဒပြတောင်းဆိုခဲ့ကြ သော်လည်း တစ်စုံတရာတုန့်ပြန်မှုမရှိသဖြင့် ငါးမြို့နယ်မှ ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင်များက ပြောသည်။

 “ဒီသန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်ပါသွားရုံနဲ့ သူတို့ရဲ့ သမိုင်းမှတ်တမ်းဖြစ်သွား မယ့် အနေအထား ကို ကျွန်တော်တို့က မဖြစ်စေချင်တာပါ။ ဒါကြောင့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ အမည်မထည့်ဖို့ကိုတောင်းဆို နေရတာဖြစ်တယ်။ ဒါကို ပြည်ထောင်စုအစိုးရက ရခိုင်တွေကို နားလည်မှုလွဲနေတယ်လို့ပြောနေတယ်။ အမှန်က ပြည်ထောင်စုအစိုးရက နားလည်မှုလွဲနေတာသာဖြစ်တယ်။  ၁၆ ရက်နေ့က ဆယ့်တစ်မြို့နယ်က တောင်းဆိုမှုတွေ လုပ်ခဲ့ပြီးပြီ။ ၂၁ နေ့ကို နောက်ဆုံးထား ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် အစိုးရက တစ်စုံတရာ တုန့်ပြန်မှု မရှိတဲ့အတွက် ထပ်ပြီး တောင်ဆို ဆန္ဒပြရတာဖြစ်ပါတယ်´ ဟု တောင်ကုတ် ရခိုင်လူမှုကွန်ရက်မှ ကိုစိုးဝင်းက ဆိုသည်။

ယင်းသို့ ထပ်မံဆန္ဒပြတောင်းဆိုမှုသည် မတ် ၂၂ ရက်နေ့က ဂွမြို့နယ်တွင် လူအင်အား ၁၀၀ခန့်က သိမ်းကုန်းစက်ရုံအနီးတွင် ဟောပြောပွဲပြုလုပ်၍လည်းကောင်း၊ သံတွဲမြို့တွင် မတ် ၂၃ ရက်နေ့က လူဦးရေ ၅၀၀၀၀ခန့်က စီတန်းလှည့်လည်၍ လည်းကောင်း၊ တောင်ကုတ်မြို့တွင် လူဦးရေ ၂၀၀၀ ကျော်က စီတန်းလှည့်လည်၍လည်းကောင်း၊ မတ် ၂၄ ရက်နေ့က မာန်အောင်မြို့တွင် လူဦးရေ ၅၀၀ခန့်က စီတန်းလှည့်လည်၍လည်းကောင်း၊ ရမ်းဗြဲမြို့တွင် လူဦးရေ ၁၅၀၀၀ခန့် စီတန်းလှည့်လည်၍ လည်းကောင်း ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့ ဆန္ဒပြတောင်းဆိုရာတွင် မတ် ၁၆ ရက်နေ့က ဆယ့်တစ်မြို့နယ် လုံးတောင်းဆိုချက်နည်းတူ (၁) သန်းခေါင်စာရင်းတွင်ရိုဟင်ဂျာနာမည်လိမ် အလိုမရှိ၊(၂)သန်းခေါင်စာရင်းသည် ဘင်္ဂလီဝင်ပေါက်မဟုတ်၊(၃)
၁၉၈၂မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ၊(၄)ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ(လုံးဝ)လက်မခံ၊(၅)ရခိုင် ပြည်ကို ကာကွယ်ရေး ရခိုင့်လူ့အခွင့်အရေး၊(၆) အနောက်ဖက်နယ်စပ်လုံခြံုရေး ပြည်ထောင်စုလုံခြံုရေး၊(၇)ရိုဟင်ဂျာ ဟု ထည့်သွင်းခွင့်ပြုလျှင်သန်းခေါင်စာရင်း ကိုရခိုင်တမျိုးသားလုံး သပိတ်မှောက်မည်ဟု တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သံတွဲမြိုနယ် လူမှုကွန်ရက်မှ ကိုစိန်ချစ်က ` ကျွန်တော်တို့မှ တခြားမြို့နယ်တွေက တောင်းဆိုတာထက် ကမန်သည် ဘဂါင်္လီဝင်ပေါက် မဟုတ်ဆိုပြီး တစ်ချက်ပိုပါတယ်။ ဆန္ဒပြပြီး နောက်ဆုံး လူထူသဘောထားကို
တောင်းခံခဲ့ပါတယ်။ တောင်းဆိုချက်ကို အစိုးရက တုန့်ပြန်မှုမရှိဘူးဆိုရင် သန်းခေါင်စာရင်းကိုဆန္ဒပြသွားပါ မယ်။ ၂၁ ရက်နေ့ကို နောက်ဆုံးထား တောင်းဆိုခဲ့တာကို အစိုးက တုန့်ပြန်မှု မရှိခဲ့ဘူး။ ဒါကြောင့် ရခိုင်ပြည်က ကျန်တဲ့မြို့နယ်တွေက ထပ်ပြီး ဆန္ဒပြကြတာဖြစ်တယ်´ ဟု ပြောသည်။