ကချင် ၁၀၁ အမြင်ဖွင့်ကော်မတီမှ ဦးဆောင်ကာ ခရစ်ယာန် ဘာသာရေးဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များနှင့် ပူးပေါင်းပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံရာတွင် ကချင်လူမျိုးသင်္ကေတ ကုတ်နံပါတ် ၁၀၁တွင် ထည့်ရန်အတွက် လက်ကမ်းစာစောင်များကို မတ်လ(၁၅)ရက်နေ့တွင် ကချင်ပြည်နယ် တစ်ပြည်လုံးအတိုင်း အတာဖြင့် ဖြန့်ဝေနေကြောင်း သိရသည်။
“ကချင်ပြည်နယ်ဆိုတာရှိလို့ ကချင်ဆိုတဲ့ ၁၀၁ ကုတ်မှာထည့်ဖို့ အစည်းအဝေးတတ်ရောက်တဲ့ သူတွေအားလုံး သဘောတူပြီး အခုလိုပြုလုပ်တာပါ” ဟု ကချင်၁၀၁ အမြင်ဖွင့်ကော်မတီမှ ဦးမရန်ဇော်ယော်က ပြောသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် သက်ဆိုင်ရာ ဘာသာရေးခေါင် ဆောင်များမှ ဦးဆောင်ဖြန့်ဝေသွားမည် ဖြစ်ကာ သက်ဆိုင်ရာ ဘာသာရေး ရေဒီယိုလိုင်းများမှလည်း သတင်း အချက်အလက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်းပြောသည်။
အဆိုပါ လက်ကမ်းစာစောင်၌ ကချင်ဆိုသည့်ကုတ်နံပါ ၁၀၁တွင် မျိုးနွယ်စုများအားလုံး အကျံုးဝင်သွားမည် ဖြစ်သည့်အတွက် ၁၀၁ ကုတ်တွင် ထည့်ရန်ရေးသားထားသည်။
ကချင်ကုတ်နံပါတ် (၁၀၁)အမြင်ဖွင့်ကော်မတီမှဦးဆောင်ပြီး အသင်းတော်အသီးသီးမှ ခေါင်းဆောင်များ၊ ကချင်မျိုးနွယ်စုမှ ရိုးရာ ယဉ်ကျေးမှုခေါင်းဆောင်းများစုစုပေါင်း(၂၅) ဦးပါ၀င်ပြီး သန်းခေါင်စာရင်း ကောက်ယူ သည့်အချိန်တွင် ကချင်ကုတ်နံပါတ်(၁၀၁)၌ ထည့်ရန်စည်းရုံးမှုများ ပြုလုပ်သွားရန် သဘောတူသည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောသည်။
ကချင်၁၀၁ အမြင်ဖွင့်ကော်မတီကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့ လိုင်ဇာတွင် ပြုလုပ်ကျင်းပခဲ့ သည့် တစ်နိုင်ငံလုံး အတိုင်းအတာရှိ ကချင်အဖွဲ့အစည်းအသီးသီးတို့တတ်ရောက်ကာ ကိုယ်စားလှယ် (၄၂၇)တက်ရောက်ပြီး ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။