သက်သန္တာလှိုင်-၂၀၁၄ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကောက်ယူပြီးချိန်တွင် မွန်လူဦးရေထွက်ရှိသည့် စာရင်းနှင့် မွန်လူမျိုးများကောက်ယူထားသော မွန်လူဦးရေစာရင်းများ ကိုက်ညီမှုမရှိပါက နိုင်ငံတော်က ကောက်ယူထားသောစာရင်းကိုသာ မွန်စာရင်းပြုစုရေးကော်မတီ ကလည်း အတည်ပြုမည်ဟု မတ်လ ၆
ရက်နေ့တွင် မွန်စာရင်းပြုစုရေကော်မတီအဖွဲ့ဝင်က ပြောသည်။
သန််းခေါင်စာရင်းကို လာမည့်မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့တွင်တစ်နိုင်ငံလုံးအတိုင်းအတာ ကောက်ယူ မည်ဖြစ်ရာ မွန်ပြည်နယ်တွင်မကဘဲ မွန်လူမျိုးများရှိသည် နေရာများတွင် မွန်တိုင်းရင်းများနှင့် သက်ဆိုင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ရာတွင် အဓိကအားဖြင့် မွန်လူမျိုးမှန်ကန်လျှင် သန်းခေါင်စာရင်းမေးခွန်း၏ လူမျိုးနေရာတွင် “မွန်” သို့မဟုတ် ၆၀၁ ကိုသာ ဖြေဆိုရမည်ဟု ၎င်းမွန်စာရင်းပြုစုရေကော်မတီက ဆိုထားသည်။
''အစ်မတို့က မွန်လူဦးရေစာရင်းကို အခုကောက်တာဟာ မွန်လူမျိုးတွေကို တိုးတက်အောင်လုပ်ပေးချင်တယ်၊ မွန်လူမျိုးတွေက အလုပ်တွေ၊ ပညာတတ်ဘယ်လောက်ရှိလဲဆိုတာကို သိချင်လိုပါ နောက်ပြီး လူဦးရေသန်းခေါင် စာရင်းကောက်တဲ့အခါမှာ ကိုယ်က မွန်လူမျိုးဖြစ်တယ်ဆိုတာကို ရဲ့ရဲ့ဝံဝံ မှန်မှန်ကန်ကန် နဲ့ ဖြေရင်မွန်လူမျိုး တွေ အမှန်တကယ်ထွက်လာမယ်’’ ဟု မွန်စာရင်းပြုစုရေးကော်မတီ ဦးဆောင်အဖွဲ့ဝင် မိခင်လေးမြင့် က ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများတွင် မွန်တိုင်းရင်းသားတစ်မျိုးသည် လူမျိုးစု တစ်စုသာ ဖြစ်သောကြောင့် သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် မိမိလူမျိုးကို မွန်ဟုဖြေဆိုလျှင် မွန်လူမျိုးဖြစ်မည်ဖြစ်သည်။
၎င်းအဖွဲ့အစည်းအနေဖြင့် မွန်တိုင်းရင်းသားများအတွက် ''ဖေဖေမွန်၊ မေမေမွန်၊ မီးမီးမွန်၊ ဖိုးဖိုးဖွားဖွားမွန်'' ဟုသော တေးသီချင်းကိုလည်း စီစဉ်ရန်ရှိသည်ဟု ဒေါ်ခင်လေးမြင့် ကဆိုသည်။
သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ခရိုင်မှူး ကိုကိုမောင်က ’’ကျွန်တော်ကတော့ ဘာလူမျိုးကိုမှ မခွဲထားပါဘူး ဘာလူမျိုးပဲ ဖြစ်ဖြစ် ကျွန်တော့်လူမျိုးပါပဲ သန်းခေါင်စာရင်းကောက်ရင် မွန်လူဦး ရေစာရင်းကို ကျွန်တော်တို့ မသိပါဘူး နိုင်ငံတော်က ထုတ်ပြန်မှသိရမှာပါ တိုင်းရင်းတွေက အမှန်တကယ် လူဦးရေစာရင်းကို တိတိကျကျရချင်ရင် မှန်မှန်ကန်ကန် ဖြေဆိုရင် ပြသာနာ မရှိပါဘူး’’ ဟုပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းဟုခေါ်သော လူဦးရေစာရင်းကောက်ယူရာတွင် ကောက်ယူသည့် ပုံစံများကို မေးခွန်း ၄၁ ချက်ဖြင့် ကောက်ယူမည်ဖြစ်ပြီး ၎င်းကောက်ယူထားသော အဖြေများတွင် ခဲခြစ်စ နစ်ဖြင့် လျှို့ဝှက်ထားခြင်းဖြစ်သောကြောင်း မည်သူတစ်ဦးကမှ ၎င်းစာရင်းကို မသိနိုင်ကြောင်း ပြသာနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သန်းခေါင်စာရင်းဥပဒေ အတိုင်းအရေးယူနိုင်ခြင်းဖြစ်သည်ဟု ခရိုင်မှူး ကိုကိုမောင်ကပြော သည်။
မွန်စာရင်းပြုစုရေးကော်မတီက မွန်လူဦးရေစာရင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီး၊ တနသာင်္ရီ တိုင်းဒေသကြီးတို့တွင် ကောက်ယူနေသော်လည်း ယခုအချိန်အထိ စာရင်းအတိအကျကို မရရှိသေးကြောင်း နှင့် မွန်လူရေစာရင်း အမှန်ကောက်ယူရေး ကာလကို ထပ်မံတိုးမြှင့်ထားပြီး ကျန်ရှိနေသည့်နေရာများတွင် ကောက်ယူ ရန်အတွက် ငွေကြေးများ လိုအပ်နေသည် ဟုသိရသည်။