ကရင်ပြည်နယ် ၅ ရက်တာ သန်းခေါင်စာရင်းစစ်သင်တန်းပြီးစီး

ကရင်ပြည်နယ် ၅ ရက်တာ သန်းခေါင်စာရင်းစစ်သင်တန်းပြီးစီး
by -
နန်းဝေဖြိုးဇာ

နန်းဝေဖြိုးဇာ-ကရင်ပြည်နယ်တွင် ၅ ရက်တာခရိုင်သန်းခေါင်စာရင်း စာရင်းစစ်ကျောင်းဆရာ ဆရာမ သင်တန်း ကို ဘားအံမြို့ပြည်နယ်ပညာရေးရုံး မြကြေးမှှုံခန်းမဆောင်၌ ဖေဖော်ဝါရီ ၁၀ ရက်နေ့ တွင် ပြုလုပ်ကျင်းပပြီး စီးကြောင်း သိရသည်။

အဆိုပါစာရင်းစစ်သင်တန်းသို ့ သင်တန်းသားအဖြစ် ကရင်ပြည်နယ် ဘားအံ၊လှိှုင်းဘွဲ နှင့် သံတောင်ကြီး မြို့နယ်တို ့မှကျောင်းဆရာဆရာမများဖြစ်ပြီး မတ်လ ၆ ရက်နေ့မှစ၍ ၁၀ ရက်နေ့အထိ ၅ ရက်ကြာ စာရင်းစစ် သင်တန်းပို ့ချ ခဲ့ကာ ယင်းသင်တန်းဆင်းများကပြည်နယ်အတွင်းရှိအခြားမြို ့နယ်များမှ စာရင်းကောက် ဆရာဆရာမများကိိုဆင့်ပွားသင်တန်းများ ပြန်လည်ပို ့ချပေးသွားမည်ဖြစ်ကြောင်း ဘားအံခရိုင် လဝကမှူးက ပြောကြားသည်။

သင်တန်းနည်းပြ ဆရာမ ဒေါ်နန်းခင်မာချိုက ”ကျွန်မတို့သင်တန်းမှာ အဓိကသင်တာကတော့ စာရင်း ကောက်စာရင်းစစ်တာဝန်ဝတ္တရာတွေ ပြီးတော့သန်းခေါင်စာရင်းရဲ့အဓိပါ္ပယ် မေးခွန်းပုံစံမှာပါတဲ့ သန်းခေါင် စာရင်းအချက် ၄၁ ချက်ရယ် နောက်တော့ အဖွဲ့အစည်းမှာ ပါတဲ့အဖွဲ့အစည်းမေးခွန်း ၁၁ချက်ပေါ့နော် ပြီးတော့ကောက်ပြီးရင် စာရွက်တွေကိုဘယ်လိုသိမ်းရမလဲဘယ်လိုစာရင်း ချုပ်ရမလဲအဲဒါတွေကို အကြမ်း အားဖြင့် အဲဒါတွေသင်ပေးတာ” ဟု ကေအိုင်စီသို့ပြောသည်။

ယင်းသင်တန်းသည် မြို့နယ်နှင့် ကျေးရွာများမှ ဆရာဆရာမများကိုစာရင်းစစ်အဖြစ် ရွေးချယ်သင်တန်းပို့ချ ပေးခြင်းဖြစ်ပြီးစာရင်းစစ်သင်တန်းတွင် ကျောင်းဆရာဆရာမ စုစုပေါင်း ၁၀၅ ဦးတက်ရောက်သည်ဟု
ဒေါ်နန်းခင်မာချိုက ထပ်မံဖြည့်စွက်ပြောသည်။

လာမည့် မတ်လ ၁၇ ရက်နေ့မှာစပြီး  ၂၂ ရက်နေ့အထိ ဘားအံမြို့နယ်တွင်စာရင်းကောက် သင်တန်း ၁၉ နေရာ သင်တန်းပေးမည်ဖြစ်ကြောင်း ဘားအံလဝကခရ်ိုင်ဦးစီးဌာနမှှုး ဦးကျော်ဆန်းက ကေအိုင်စီသို့ပြောသည်။

စာရင်းစစ်သင်တန်းတက်ရောက်သည့် လှိှုင်းဘွဲမြို့နယ်မှ ဆရာမ နော်သိန်းသိန်းက “သန်းခေါင်စာရင်းကောက် မှာတော့သိတယ် ဒါပေမယ့် ဘယ်လိုကောက်မလဲ ဘာတွေမေးမလဲ ဆိုတာမသိဘူး။ ပြီးတော့ရွာကလူတွေလဲ သန်းခေါင်စာရင်းအကြောင်းကို သိပ်မသိဘူး။ ရွာမှာတော့ရွာသူကြီးတွေနဲ့ပေါင်းပြီးတော့စာရင်းအစမ်းကောက်ဖို့ လုပ်ဖူးတယ်။ ဒါပေမယ့် အချက်အလက်တွေမသိဘူးဆိုတော့အဆင်မပြေဘူး အခုတော့ သိလာပြီးနောက် တစ်ဆင့် သင်တန်းပြန်ပို့ချရမယ်ဆိုတော့ တတ်နိုင်သလောက်တော့ လေ့လာထားတယ်” ဟု ကေအိုင်စီသို့ပြော သည်။

သန်းခေါင်စာရင်း အထူးနည်းပြသင်တန်းကို လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင်မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် စုပေါင်းပြီးမွန်ပြည်နယ်မော်လမြိုင်မြို့မှာ သင်တန်းပို့ချ ခဲ့၍ ခရိုင်အဆင့်တွင် သင်တန်းတစ်ခုလျင် နည်းပြ ၃ ဦးဖြင့် ပြန်လည်ပို့ချခဲ့သည်ဖြစ်သည်။

ကရင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၂,၂၀၀ ကျော်ရှိပြီး ကောက်ကွက် တစ်ကွက်လျင် စာရင်းကောက် ၁ ဦးနှင့် ကောက်ကွက် ၅ ကွက်လျှင် စာရင်းစစ် ၁ ဦး အသုံးပြုမည်ဟု သိရသည်။

Most read this week