နန်းချောင်ဖော့(KIC)။ ။၂၀၁၄ သန်းခေါင်စာရင်းတွင် တိုင်းရင်းသား ၁၅၃ မျိုးကိုအခြေခံထားသည့်အတွက် တိုင်းရင်းသားလူမှုအဖွဲ့အစည်းများမှ လုံးဝသဘောမတူကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မတီကို တောင်းဆိုလိုက်သည်ဟု ကရင်အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအဖွဲ့မှ နိုင်ငံသားစွမ်းရေမြှင့်တင်ရေးမှ ကေအိုင်စီကို ပြောသည်။
“ဘာကြောင့်လက်မခံရလဲဆိုတော့ တိုင်းရင်းသားလူမျိုးများအနေနဲ့ အမည်ကို ဖြေဆိုတဲ့အခါမှာ စာရင်းသွင်းဖြေ ဆိုဖို့ ဂဏန်းသုံးလုံးပါတဲ့ ကုတ်အမှတ် သတ်မှတ်ပေးဖို့ လိုအပ်တယ်ဆိုတာ နားလည်သဘောပေါက်တယ် ဒီလိုသတ်မှတ်တဲ့အခါမှာ တိုင်းရင်းသားကိုယ်တိုင် လက်ခံသဘောတူထားမဟုတ်ဘူး ၁၃၅ မျိုးအမည်နဲ့ ခွဲခြားထားမှုကို အခြေခံပြီးတော့ သတ်မှတ်ခြင်းဟာ တိုင်းရင်းသားလူမျိုးများအကြား စိတ်ဝမ်းကွဲမှု ဖြစ်လာစေနိုင် တဲ့အတွက်ကြောင့် ကန့်ကွက်ရခြင်းဖြစ်တယ်” ဟု ကရင်အမျိုးသမီးဖွံဖြိုးတိုးတက်ရေးအဖွဲ့မှနိုင်ငံသားစွမ်း ရေမြှင့်တင်ရေး မန်နေဂျာ နော်စုစုလှိုင်က ပြောသည်။
၎င်းတောင်းဆိုမှုကို နေပြည်တော် Mount Pleasant Hotel ၌ လွန်ခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ညှိနှိုင်းဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးခင်ရီ၊ ဗဟိုသန်းခေါင်စာရင်းအဖွဲ့ဝင်များ၊ UNFPAတို့နှင့် တိုင်းရင်းသားကိုယ်စားလှယ်လူမှုအဖွဲ့ အစည်းမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ နာဂ၊ တအာင်း( ပလောင်)၊ ကယန်း(ကရင်နီ)တို့၏ ကိုုယ်စားလှယ်ပေါင်း ၂၄ ဦးတက်ရောက်သည်။
ထိုတောင်းဆိုမှုအပြင် မိမိတို့အနေဖြင့် သန်းခေါင်စာရင်းကောက်ယူရန် လိုအပ်သည်ကို နားလည်လက်ခံသဘော တူထားကြောင့်၊ ဗဟိုသန်းခေါင်စာရင်းကော်မတီ အနေဖြင့် နိုင်ငံရေးဆက်နွယ်မှုမရှိဟု အကြိမ်ကြိမ်ရှင်းပြထား သော်လည်း သန်းခေါင်စာရင်းကောက်ယူသည့်အခါတွင် လူမျိုးကိုထည့်သွင်းမေးမြန်သည့်အတွက် တိုင်းရင်း သား များအနေဖြင့် လူမျိုးရေးပြသာနာများနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ပဋိပက္ခများထပ်မံပေါ်ပေါက် လာမှာကို စိုးရိမ်ကြပြီး တိုင်းရင်းသားအမြင်များနှင့် ၄င်းတို ့ တောင်းဆိုသော မျိုးနွယ်စုများကိုအသိအမှတ်ပြုပေး ရန်တောင်းဆိုထားသည်ဟု နော်စုစုလှိုင်က ပြောသည်။
၄င်းအပြင် တွေ့ဆုံပွဲမှ နှစ်ဦးနှစ်ဖက်သဘောတူညီမှုကို သတင်းထုတ်ပြန်ရန်နှင့် ခရိုင်၊မြို့နယ်အဆင့်တွင် သန်းခေါင်စာရင်းကောက်မည့် အစုအဖွဲ့များနှင့်အတူ နားလည်ကျွမ်းကျင်သည့် တိုင်းရင်းကိုယ်စားလှယ်များ ထည့်သွင်းပေးရန်လည်း တောင်းဆိုခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် လက်ရှိလူမျိုး ၁၃၅ မျိုးကို အခြေခံပြီးမကြာခင် ကောက်ခံမည့် ၂၀၁၄ သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံရှိ လူမျိုးများကို အတည်ပြုပြဌာန်းသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ လိုအပ်သော ပြင်ဆင်မှုများကို ဖြည့်စွက် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုင်းရင်းမီဒီယာများနှင့် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း တွေ့ဆုံစဉ်တွင် ပြောခဲ့ခြင်း ဖြစ်သည်။
သန်းခေါင်စာရင်းရလဒ်များအား နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများအား တစ်ချိန်တည်း၊ တပြိုင်တည်းတွေ့ဆုံဆွေးနွေးညှိနှိုင်းပေးရန် ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်းသား အဖွဲ့အစည်း ၃၂ ဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပူးပေါင်းသဘော ထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။