သန်းခေါင်စာရင်းကောက်ယူမှု အများပြည်သူအားရှင်းပြမည်ဟုဆို

သန်းခေါင်စာရင်းကောက်ယူမှု အများပြည်သူအားရှင်းပြမည်ဟုဆို
by -
သက်သန္တာလှိုင်

သက်သန္တာလှိုင်(သံလွင်တိုင်းမ်)။     ။၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ကိစ္စများကို ပြည်သူများ အား လုံး နားလည်သည့် အထိ ရှင်းပြမည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီဌာန (လ.၀.က)  ဒုညွန်မှူးက ပြောသည်။

မွန်ပြည်နယ် လ.၀.က  ဒုညွန်မှူး ၀င်းရဲထွဋ်က ’’ကျွန်တော်တို့မှာတော့ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ပြဿနာ ကြီးကြီးမားမား မရှိပါဘူး၊ မသိသေးတဲ့သူတွေကို သိအောင်ရှင်းပြဖို့က ကျွန်တော်တို့အလုပ်ပါ’’
ဟုပြောသည်။

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ကိစ္စများကို အများပြည်သူများ သိရှိနာလည်းအောင် ပညာပေးအစီအစဉ်များပြုလုပ်ပေးခြင်း၊ ကြော်ငြာများကို အများပြည်သူ့ စိတ်ဝင်စားသည့်နေရာများတွင် ဖော်ပြထားခြင်းများ ပြုလုပ်ပေးထားခြင်းဖြစ်ပြီး ၎င်းစာရင်းသည့် နိုင်ငံတော် ဖွံ့ဖြိုးနိုင်ရန်အတွက် အဓိက လုပ်ဆောင်ခြင်းမှုများဖြစ်သည် ဟုဆိုသည်။

အများပြည်သူများ သိရှိစေရန်အတွက် မွန်ပြည်နယ်တွင် ၎င်းကိစ္စဆိုင်ရာများကို ပြုလုပ်ပေးနေခြင်းသည့် တစ် မြို့နယ်လျှင် ဒုတိယအကြိမ်အထိ ရောက်ရှိနေသည့် မြို့နယ်များလည်းရှိသည်။ ၎င်းကိစ္စကို မကောက်ယူ အချိ်န်ထိ ဆက်လက်ပြုလုပ်သွားပြီး အများပြည်သူများ နားလည်နိုင်အောင် ရှင်းပြသွား မည်ဟု ဒုညွန်မှူးက ဆိုသည်။

ကရင်ပြည်နယ်အစိုးရ၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ချစ်ဦးက ’’ဒီသန်းခေါင်စာရင်းကို ကောက်ယူတာ ဟာ မြန်မာနိုင်ငံတိုးတက်ဖို့အတွက်လို ပြောတာပဲ  ဘာလိုလဲဆိုတော့ လူဦးရေစာရင်းသိမှ ဖွံ့ဖြိုးအောင်လုပ်နိုင်မှာ ပေါ့ ဒါပေမယ့် ကျွန်တော်စိုးရိမ််တာက ဝေလံတဲ့နေရာမှာ လူဦးရေစာရင်း အမှန်တကယ် ရနိုင်ပါမလား၊ သူတို့ကိုရော ဘယ်လို ပညာပေးထားတာလဲ သိချင်တယ်’’ ဟုပြောသည်။

လမ်းပန်ဆက်သွယ်ရေး ခက်ခဲသည့်နေရာတွင်၄င်း  သန်းခေါင်စာရင်းနှင့်ဆိုင်သည့် ကိစ္စများကို ပညာပေးမှုများ မရှိသည့်နေရာတွင်၄င်း ကောက်ယူမည့်သူများသည် မေးခွန်မေးမြန်းရာတွင် မေးမြန်းခံရသူများ နားလည်မှု မလွဲမှားစေရန် စိတ်ရှည်ရှည်ဖြင့်မေးစေချင်သည်ဟု နိုင်ချစ်ဦးက ပြောသည်။

ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင် ခွန်သက်မောင်က ’’ဒီသန်းခေါင်စာရင်းက ကျွန်တော်တို့အတွက် ဘာမှပြသာနာမရှိဘူးလို့ထင်တာပဲ ပညာပေး ဟောပြောပွဲတွေ နည်းနည်းတက်ထား တော့ အခုအချိန်ထိ လက်ခံလိုရတယ် သူများတွေအတွက်တော့ မသိဘူးကျွန်တော်ကတော့ နည်းနည်းပါးပါးလောက်သိပါတယ်’’ ဟုပြောသည်။
 

သန်းခေါင်စာရင်း သည် မြန်မာပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို
မှန်မှန်သိရှိနိုင်မှသာ ဖွံ့ဖြိုးမှုကို ပြုလုပ်နိုင်မှာဖြစ်သည်။

၎င်းစာရင်းမှရရှိသောစာရင်းကို အခြေပြု၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စသည့် မူဝါဒရေးဆွဲရာတွင်
အထောက်ကူပြုမည်ဖြစ်ပါသည့်ဟု မြန်မာနိုင်ငံ ၂၀၁၄ လူဦးရေနှင့်
အိမ်အကြောင်းအရာ သန်းခေါင်စာရင်း သိကောင်းစရာများ စာအုပ်တွင်
ကောက်နှုတ်ထားသည်။